聖經新譯本 (Simplified)

Myanmar

1 Chronicles

14

1推罗王助大卫建造宫殿(撒下5:11-12)
1တုရုမင်းကြီးဟိရံသည် ဒါဝိဒ်အဘို့ နန်းတော်ကို တည်ဆောက်ခြင်းငှါ၊ သံတမန်နှင့်တကွ အာရဇ်သစ်သား၊ လက်သမား၊ ပန်းရန်သမားတို့ကို စေလွှတ်လေ၏။
2那时,大卫知道耶和华已经坚立他作王统治以色列,又为了以色列民的缘故,使他的国高举。
2ထာဝရဘုရားသည် ဒါဝိဒ်ကို ဣသရေလ ရှင်ဘုရင်အရာ၌ ခန့်ထားတော်မူကြောင်းနှင့် မိမိလူဣသ ရေလအမျိုးအဘို့အလိုငှါ၊ နိုင်ငံကို ချီးမြှောက်တော်မူ ကြောင်းကို ဒါဝိဒါသိမြင်လေ၏။
3大卫在耶路撒冷所生的儿子(撒下5:13-16)大卫在耶路撒冷又娶了多位妻子,并且生了很多儿女。
3ဒါဝိဒ်သည် ယေရုရှလင်မြို့၌ ထပ်၍မယားတို့ကို သိမ်းယူသဖြင့် သားသမီးများတို့ကို မြင်လေ၏။
4以下这些就是他在耶路撒冷所生的孩子的名字:沙母亚、朔罢、拿单、所罗门、
4ယေရုရှလင်မြို့၌ ဒါဝိဒ်မြင်သော သားတို့အမည် ကား၊ ရှမွာ၊ ရှောဗပ်၊ နာသန်၊ ရှောလမုန်၊
5益辖、以利书亚、以法列、
5ဣဗဟာ၊ ဧလိရွှ၊ ဧလိပလက်၊
6挪迦、尼斐、雅非亚、
6နောဂ၊ နေဖက်၊ ယာဖျာ၊
7以利沙玛、以利雅大和以利法列。
7ဧလိရှမာ၊ ဧလျာဒ၊ ဧလိဖလက်တည်း။
8大卫两次战胜非利士人(撒下5:17-25)非利士人听见了大卫受膏作王统治以色列人,就全体上来搜寻大卫;大卫听见了,就出来迎击他们。
8ဒါဝိဒ်ကို ဘိသိက်ပေး၍ ဣသရေလ ရှင်ဘုရင် အရာ၌ ခန့်ထားကြောင်းကို ဖိလိတ္တိ လူတို့သည်ကြားလျှင်၊ ထိုသူအပေါင်းတို့သည် ဒါဝိဒ်ကို ရှာ၍ လာကြ၏။ ထိုသိတင်းကို ဒါဝိဒ်သည် ကြားသောအခါ ချီသွား၏။
9非利士人来到,侵进了利乏音谷。
9ဖိလိတ္တိလူတို့သည် လာ၍ရေဖိမ်ချိုင့်၌ အနှံ့ အပြားနေကြ၏။
10大卫求问 神说:“我可以上去攻打非利士人吗?你把他们交在我手里吗?”耶和华对他说:“你可以上去,我必把他们交在你的手里。”
10ဒါဝိဒ်ကလည်း၊ အကျွန်ုပ်သည် ဖိလိတ္တိလူတို့ ရှိရာသို့ သွားရပါမည်လော။ အကျွန်ုပ်လက်၌ အပ်တော် မူမည်လောဟု ဘုရားသခင်ကို မေးလျှောက်လျှင်၊ ထာဝရဘုရားက သွားလော့။ သင့်လက်၌ ငါအပ်မည်ဟု မိန့်တော်မူသည်အတိုင်း၊
11非利士人上到巴力.毗拉心来,大卫在那里击败了他们。大卫说:“ 神借着我击溃我的敌人,好像水冲破堤岸一般。”因此他们给那地方起名叫巴力.毗拉心。
11ဒါဝိဒ်သည် ဗာလပေရဇိမ်မြို့သို့သွား၍ သူတို့ကို လုပ်ကြံပြီးမှ၊ ဘုရားသခင်သည် ရေထ၍ဖြိုဖျက်သကဲ့သို့ ငါ့ရန်သူတို့ကို ငါ့အားဖြင့် ဖြိုဖျက်တော်မူပြီဟုဆိုလျက်၊ ထိုအရပ်ကို ဗာလပေရဇိမ်အမည်ဖြင့် တွင်စေသတည်း။
12非利士人把他们的神像遗弃在那里,大卫吩咐人用火把它们烧了。
12ထိုအရပ်၌ ဖိလိတ္တိလူများ ပစ်ထားသော ရုပ်တု များကို ဒါဝိဒ်၏အမိန့်တော်နှင့် မီးရှို့ကြ၏။
13非利士人又再入侵那山谷。
13တဖန်ဖိလိတ္တိလူတို့သည် ထိုချိုင့်၌ အနှံ့အပြား လာ၍နေကြ၏။
14大卫又求问 神, 神对他说:“不可在后面追赶他们,要绕过他们,从桑林对面攻打他们。
14ဒါဝိဒ်သည်လည်း ဘုရားသခင်ကို တဖန်မေးလျှောက် သော်၊ သူတို့ရှိရာသို့ တည့်တည့်မတက်ရ။ သူတို့မှလွှဲ၍ ပိုးစာတောတဘက်တချက်၌ ချီရမည်။
15你一听见桑林树梢上有脚步的声音,就要出战,因为 神已经在你前面出去击杀非利士人的军队了。”
15ပိုးစာပင်ဖျား၌ စစ်ချီသံကိုကြားသောအခါ၊ တိုက်အံ့သောငှါ ချီလော့။ ထိုအခါ ဘုရားသခင်သည် ဖိလိတ္တိတပ်ကို လုပ်ကြံခြင်းငှါ သင့်ရှေ့မှာ ကြွသွားမည်ဟု ဘုရားသခင် မိန့်တော်မူသည်အတိုင်း၊
16于是大卫照着 神所吩咐他的去作,他们攻击非利士人的军队,从基遍起,一直攻打到基色。
16ဒါဝိဒ်သည် ပြု၍ ဖိလိတ္တိလူတို့ကို ဂိဗောင်မြို့မှ သည် ဂါဇေရမြို့တိုင်အောင် လုပ်ကြံလေ၏။
17因此大卫的名声传遍各地,耶和华使万国都惧怕他。
17ဒါဝိဒ်သိတင်းသည်အတိုင်းတိုင်း အပြည်ပြည် တို့၌ နှံ့ပြား၍၊ ခပ်သိမ်းသော လူမျိုးတို့သည် သူ့ကို ကြောက်ရွံ့စေခြင်းငှါ ထာဝရဘုရားစီရင်တော်မူ၏။