1大卫亲自预备建殿的材料
1တဖန် ဒါဝိဒ်မင်းကြီးက၊ ဘုရားသခင် ရွေး ကောက်တော်မူသော ငါ့သားရှောလမုန်သည် အသက် ငယ်၍ နုသေး၏။ အမှုမူကား ကြီးလှ၏။ တည်ဆောက် ရသော ဗိမာန်သည် လူအဘို့မဟုတ်၊ ထာဝရအရှင် ဘုရားသခင်အဘို့ဖြစ်၏။
2我为我 神的殿已经尽了我的力量,预备了金子做金器,银子做银器,铜做铜器,铁做铁器,木做木器;还有红玛瑙、用作镶嵌的宝石、彩石和各样的宝石,以及很多大理石。
2ငါ၏ဘုရားသခင်အိမ်တော်အဘို့ရွှေတန်ဆာ လုပ်စရာဘို့ ရွှေကို၎င်း၊ ငွေတန်ဆာလုပ်စရာဘို့ ငွေကို ၎င်း၊ ကြေးဝါတန်ဆာလုပ်စရာဘို့ ကြေးဝါကို၎င်း၊ သံတန်ဆာလုပ် စရာဘို့ သံကို၎င်း၊ သစ်သားတန်ဆာလုပ်စရာဘို့ သစ်သားကို၎င်း၊ ရှဟံကျောက်နှင့်အရောင် မျိုးထွက်၍ စီစရာဘို့ ကောင်းသောကျောက်၊ အဘိုးထိုက် သော ကျောက်မျိုး၊ များစွာသော ကျောက်ဖြူတို့ကို၎င်း၊ တတ်နိုင်သမျှ အတိုင်းငါပြင်ဆင်ပြီ။
3不但这样,因我爱慕我 神的殿,就在我为建造圣殿预备的一切以外,又把我自己积蓄的金银献给我 神的殿:
3ငါ၏ဘုရားသခင် အိမ်တော်၌ငါ့စိတ်နှလုံး စွဲလမ်းသောကြောင့်၊
4就是俄斐金一百多公吨,精炼的银子约两百四十公吨,用来贴殿里的墙壁;
4ထိုသန့်ရှင်းသောအိမ်အဘို့ ပြင်ဆင် သော ဥစ္စာမှတပါး ကိုယ်ဥစ္စာထဲက ဩဖိရရွှေအခွက် သုံးသောင်းနှင့်ကျောက်ထရံတို့ကို မွမ်းမံစရာဘို့ ငွေစင် ခုနစ်သောင်းကို ငါ၏ဘုရားသခင်အိမ်တော်အဘို့ ငါပေး၏။
5金子做金器,银子做银器,以及匠人手所作的各样巧工。今日有谁愿意奉献给耶和华呢?”
5ရွှေသည် ရွှေတန်ဆာအဘို့၊ ငွေသည် ငွေ တန်ဆာအဘို့နှင့် ဆရာသမားလုပ်သမျှအဘို့ ဖြစ်၏။ သို့ဖြစ်၍ ယနေ့ထာဝရဘုရားအား ကိုယ်ဥစ္စာကို အဘယ် သူပူဇော်ချင်သနည်းဟု ပရိသတ်အပေါင်းတို့အား မေးတော်မူလျှင်၊
6民众上下一心,自愿奉献于是各家族的领袖、以色列各支派的领袖、千夫长、百夫长和管理王的事务的领袖,都乐意奉献。
6အဆွေအမျိုးတို့၏ အကြီးအကဲများ၊ ဣသရေလ အမျိုး အသီးအသီးတို့ကို အုပ်စိုးသောမင်းများ၊ လူ တထောင်အုပ်၊ တရာအုပ်များ၊ ရှင်ဘုရင်၏ အမှုတော်ကို စီရင်သောသူများတို့သည် ကြည်ညိုသော စိတ်ရှိ၍၊
7为了 神殿里的需用,他们奉献了金子一百七十多公吨,银子三百四十多公吨,铜约六百二十公吨和铁三千四百公吨。
7ဘုရားသခင်၏အိမ်တော်မှုကို ဆောင်ရွက်ရာဘို့ ရွှေအခွက်ငါး သောင်းနှင့်ရွှေဒင်္ဂါးတသောင်း၊ ငွေအခွက် တသိန်း၊ ကြေးဝါအခွက် တသိန်းရှစ်သောင်း၊ သံအခွက် တသန်းကို လှူကြ၏။
8有宝石的,都交到耶和华殿这库房,由革顺人耶歇经办。
8ကျောက်မြတ်ရှိသော သူတို့သည်လည်း ဂေရရှုံ အမျိုးသား ယေဟေလလက်ဖြင့် ထာဝရဘုရား၏ အိမ်တော်ဘဏ္ဍာထဲသို့ သွင်းကြ၏။
9人民因这些人自愿奉献而欢喜,因为他们一心乐意奉献给耶和华,大卫王也非常欢喜。
9လူများတို့သည် စုံလင်သောနှလုံး၊ ကြည်ညို သော စိတ်သဘောရှိ၍ ထာဝရဘုရားအား ပူဇော်သော ကြောင့် ဝမ်းမြောက်ကြ၏။ ဒါဝိဒ်မင်းကြီးသည်လည်း အလွန်တရာဝမ်းမြောက်တော်မူ၏။
10大卫称颂耶和华所以大卫在全体会众面前称颂耶和华,说:“耶和华我们的祖先以色列的 神,是应当称颂的,从亘古直到永远。
10ထိုအခါဒါဝိဒ်က၊ အကျွန်ုပ်တို့အဘ ဣသရေလ ၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် ကမ္ဘာ အဆက်ဆက် မင်္ဂလာရှိတော်မူစေသတည်း။
11耶和华啊,尊大、能力、荣耀、胜利和威严,都是你的;因为天上地下的万有都是你的;耶和华啊,国度是你的,你超越万有,你是至高的。
11အိုထာဝရဘုရား၊ ကိုယ်တော်သည် ဘုန်းတန်ခိုး အာနုဘော်၊ အောင်မြင်ခြင်းအခွင့်၊ အာဏာတော်နှင့် ပြည့်စုံတော်မူ၏။ ကောင်းကင်မြေကြီး၌ရှိရှိသမျှကို ပိုင်တော်မူ၏။ အိုထာဝရဘုရား၊ကိုယ်တော်သည် အစိုးရ တော်မူ၏။ ခပ်သိမ်းသောသူတို့၏ အထွဋ်၊ မြင့်မြတ်တော် မူ၏။
12富足和尊荣都从你而来,你也统治万有。在你的手里有力量和权能;人的尊大、强盛都是出于你的手。
12ဂုဏ်အသရေနှင့် စည်းစိမ်ဥစ္စာသည် ကျေးဇူး တော်ကြောင့်သာ ဖြစ်၏။ကိုယ်တော်သည် ခပ်သိမ်းသော သူတို့ကို အုပ်စိုးတော်မူ၏။ ခွန်အား အစွမ်းသတ္တိကို ပေးပိုင်တော်မူ၏။ ခပ်သိမ်းသောသူတို့အား ကြီးမြတ် သော အခွင့်နှင့်ခိုင်ခံ့သော အခွင့်ကို ပေးပိုင်တော်မူ၏။
13我们的 神啊,现在我们要称颂你,赞美你荣耀的名。
13သို့ဖြစ်၍ အကျွန်ုပ်တို့၏ ဘုရားသခင်၊ ကျေးဇူး တော်ကြီးလှပါသည်ဟု အကျွန်ုပ်တို့သည် ဝန်ခံ၍ ဘုန်းကြီးသော နာမတော်ကို ချီးမွမ်းကြပါ၏။
14我算什么?我的人民又算什么?竟有力量这样乐意奉献?因为万物都是从你而来,我们只是把从你手里得来的,奉献给你。
14သို့ရာတွင် ကြည်ညိုသောစိတ်နှင့် ဤမျှလောက် ပူဇော်နိုင်အောင် အကျွန်ုပ်နှင့်အကျွန်ုပ်၏လူတို့သည် အဘယ်သို့သောသူဖြစ်ပါသနည်း။ ခပ်သိမ်းသောအရာတို့ သည် တန်ခိုးတော်ကြောင့်ဖြစ်ပါ၏။ အကျွန်ုပ်တို့သည် ကိုယ်တော်၏ဥစ္စာထဲကသာ ကိုယ်တော်အား ပူဇော်ပါ၏။
15我们在你面前是客旅,是寄居的,像我们的列祖一样;我们在世上的日子好像影儿,没有指望。
15အကျွန်ုပ်တို့သည် ဘိုးဘေးများကဲ့သို့ ရှေ့တော်၌ ဧည့်သည် အာဂန္တုဖြစ်ပါ၏။ မြေကြီးပေါ်မှာ နေရသော ကာလသည် အရိပ်ကဲ့သို့ ဖြစ်ပါ၏။ မှီခိုရာမရှိပါ။
16耶和华我们的 神啊,我们预备的这一切财物,要为你的圣名建造殿宇,都是从你而来的,也都是属于你的。
16အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်၏နာမအဘို့ ကိုယ်တော်၏အိမ်ကို တည် ဆောက်ခြင်းအလိုငှါ၊ အကျွန်ုပ်တို့ ပြင်ဆင်သောဤ ဘဏ္ဍာရှိသမျှသည် တန်ခိုးတော်ကြောင့်ဖြစ်ပါ၏။ အလုံး စုံတို့ကို ကိုယ်တော်ပိုင်တော်မူ၏။
17我的 神啊,我知道你察验人心,喜悦正直;至于我,我以正直的心甘愿奉献这一切;现在我也非常欢喜看见你在这里的人民,都甘愿奉献给你。
17အကျွန်ုပ်တို့၏ ဘုရားသခင်၊ ကိုယ်တော်သည် စိတ်နှလုံးကို စစ်၍ ဖြောင့်မတ်ခြင်းသဘောကို နှစ်သက် တော်မူသည်ကို အကျွန်ုပ်သိပါ၏။ အကျွန်ုပ်မူကား ဖြောင့်မတ်ခြင်းသဘော၊ ကြည်ညိုသော စိတ်ရှိသည် နှင့် ဤဘဏ္ဍာရှိသမျှကို ပူဇော်ပါ၏။ စည်းဝေးလျက်ရှိသော ကိုယ်တော်၏ လူတို့သည် ကြည်ညိုသော စိတ်နှင့် ပူဇော်ကြသည်ကို မြင်၍ဝမ်းမြောက်ပါ၏။
18耶和华我们列祖亚伯拉罕、以撒、以色列的 神啊,求你永远保守这一件事,就是使你的子民常存这心思意念,坚定他们的心归向你。
18အကျွန်ုပ်တို့ ဘိုးဘေးအာဗြဟံ၊ ဣဇာက်၊ ဣသ ရေလတို့၏ ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်၏ လူတို့သည် ဤအမှုအရာများကို၊ အစဉ်အောက်မေ့စွဲလမ်း သော စိတ်သဘောရှိမည်အကြောင်း၊ သူတို့စိတ်နှလုံး သည် ကိုယ်တော်ဘက်၌ တည်ကြည်မည်အကြောင်း ကယ်မသနားတော်မူပါ။
19求你赐给我的儿子所罗门专一的心,谨守你的诫命、法度和律例,作成这一切事,用我所预备的一切来建造殿宇。”
19အကျွန်ုပ်၏သားရှောလမုန်သည်လည်း ကိုယ် တော်၏ သက်သေခံချက်၊ ထုံးဖွဲ့ချက်ပညတ်တရားတို့ကို စောင့်ရှောက်၍၊ အကျွန်ုပ် ပြင်ဆင်သော အမှုကို အကုန် အစင်ပြီးစီးစေလျက်၊ ဗိမာန်တော်ကို တည်ဆောက်နိုင် မည်အကြောင်း၊ စုံလင်သော စိတ်နှလုံးကို ပေးသနား တော်မူပါဟု၊ ပရိသတ်အပေါင်းတို့ရှေ့မှာ ထာဝရဘုရား ကို ကောင်းကြီးပေးလျက် မြွက်ဆို၏။
20众民称颂耶和华并且献祭大卫对全体会众说:“你们应当称颂耶和华你们的 神。”于是全体会众就称颂耶和华他们列祖的 神,俯伏敬拜耶和华和王。
20ပရိသတ်အပေါင်းတို့အားလည်း၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားကို ကောင်းကြီးပေးကြလော့ ဟု မိန့်တော်မူသည်အတိုင်း၊ ပရိသတ်အပေါင်းတို့သည် ဘိုးဘေးတို့၏ ဘုရားသခင်ထာဝရဘုရားကို ကောင်းကြီး ပေးလျက် ဦးချ၍ ထာဝရဘုရားကို၎င်း၊ ရှင်ဘုရင်ကို၎င်း ရှိခိုးကြ၏။
21第二天,他们向耶和华献祭,他们向耶和华献上燔祭;那一天他们献了公牛一千头、公绵羊一千只、羊羔一千只,以及同献的奠祭,又为以色列众人献了许多祭。
21နက်ဖြန်နေ့၌လည်း ယဇ်ပူဇော်ခြင်း အမှုကိုပြု၍ နွားတထောင်၊ သိုးတထောင်၊ သိုးသငယ် တထောင်တို့ကို မီးရှို့သဖြင့်၊ သွန်းလောင်းရာ ပူဇော်သက္ကာတို့နှင့်တကွ ဣသရေလအမျိုးတမျိုးလုံးအတွက် ထာဝရဘုရား အား များစွာသော ယဇ်ကို ပူဇော်ကြ၏။
22所罗门登基作王那一天,他们十分喜乐地在耶和华面前吃喝。他们再次表示拥立大卫的儿子所罗门作王,膏他为耶和华作君王,又膏撒督作祭司。
22ထိုနေ့ခြင်းတွင် ထာဝရဘုရားရှေ့တော်၌ စား သောက်၍ ပျော်မွေ့ခြင်းကို ပြုလျက်ဒါဝိဒ်၏ သားတော် ရှောလမုန်ကို ရှင်ဘုရင်အရာ၌ ဒုတိယအကြိမ် ချီး မြှောက်၍ ထာဝရဘုရားအောက်မှာ မင်းဖြစ်စေခြင်းငှါ ၎င်း၊ ဇာဒုတ်ကိုယဇ်ပုရောဟိတ်ဖြစ်စေခြင်းငှါ၎င်း ဘိသိက်ပေးကြ၏။
23于是所罗门坐在耶和华所赐的位上,接续他父亲大卫作王;他凡事亨通,以色列众人都听从他。
23ထိုအခါရှောလမုန်သည် ခမည်းတော် ဒါဝိဒ် ကိုယ်စား ရှင်ဘုရင်အရာကိုခံ၍ ထာဝရဘုရား၏ ရာဇ ပလ္လင်တော်ပေါ်မှာ ထိုင်လျက် ဘုန်းကြီးတော်မူ၏။ ဣသ ရေလအမျိုးသားအပေါင်းတို့သည် စကားတော်ကို နားထောင်ကြ၏။
24众领袖和勇士,以及大卫王的众子,都顺服所罗门王。
24မှူးတော်မတ်တော်၊ အရာကြီးသော သူအပေါင်း တို့နှင့် ဒါဝိဒ်မင်းကြီး၏သားတော်အပေါင်းတို့သည် ရှောလမုန်မင်းကြီး၏ အုပ်စိုးခြင်းကို ဝန်ခံကြ၏။
25耶和华使所罗门在以色列众人面前非常尊大,又赐给他君王的威严,胜过在他以前所有的以色列王。
25ထာဝရဘုရားသည် ဣသရေလအမျိုးသား အပေါင်းတို့ရှေ့မှာ ရှောလမုန်ကိုအလွန်ချီးမြှောက်၍ ဣသရေလရှင်ဘုရင်တယောက်မျှ မခံစဖူးသော ဘုန်း အာနုဘော်တော်ကို ပေးသနားတော်မူ၏။
26大卫逝世耶西的儿子大卫作全以色列的王。
26ယေရှဲ၏သားဒါဝိဒ်သည် ဣသရေလနိုင်ငံလုံး ကို အစိုးရသောမင်းဖြစ်တော်မူ၏။
27大卫作王统治以色列的日子共四十年;他在希伯仑作王七年,在耶路撒冷作王三十三年。
27ဟေဗြုန်မြို့၌ ခုနစ်နှစ်၊ ယေရုရှလင်မြို့၌ သုံးဆယ်သုံးနှစ်မင်းပြု ၍ဣသရေလနိုင်ငံကို စိုးစံသော နှစ်ပေါင်းကား အနှစ်လေးဆယ်တည်း။
28大卫年纪老迈,寿数满足,享尽富足和尊荣才去世;他的儿子所罗门接续他作王。
28ဒါဝိဒ်သည် အသက်ကြီးရင့်၍ နေ့ရက်ကာလ ပြည့်စုံခြင်း၊ ဘုန်းစည်းစိမ်ကြွယ်ဝခြင်းရှိလျက် အနိစ္စ ရောက်၍ သားတော်ရှောလမုန်သည် ခမည်းတော် အရာ၌ နန်းထိုင်လေ၏။
29大卫王一生始末的事迹,都记在撒母耳先见的书上、拿单先知的书上和迦得先见的书上。
29ဒါဝိဒ်မင်းကြီးပြုမူသော အမှုအရာအစအဆုံး ရှိသမျှ၊ အစိုးရခြင်း၊ တန်ခိုးကြီးခြင်းနှင့်တကွ၊
30还有他治理的一切国事,他的英勇事迹,以及在他身上和以色列并各地列国发生的事迹,都记在这些书上。
30ကိုယ်တော် မှစ၍ ဣသရေလပြည်၊ အခြားတပါးသော တိုင်းပြည်များ တို့၌ဖြစ်လေသမျှသော အမှုအရာအလုံးစုံတို့သည် ပရောဖက်ရှမွေလ၏ ကျမ်းစာပရောဖက် နာသန်၏ကျမ်းစာ၊ ပရောဖက်ဂဒ်၏ ကျမ်းစာတို့၌ ရေးထား လျက်ရှိ၏။