1信望爱中最大的是爱
1ငါသည် လူဘာသာစကားကို၎င်း၊ ကောင်းကင်တမန်ဘာသာစကားကို၎င်း ပြောနိုင်သော်လည်း မေတ္တာ မရှိလျှင် အသံမြည်သော တံပိုးခရာကဲ့သို့၎င်း၊ တီးသံကိုသာ ပေးတတ်သော လင်းကွင်းကဲ့သို့၎င်း ဖြစ်၏။
2我若有先知讲道的恩赐,也明白各样的奥秘,各样的知识;并且有全备的信,叫我能够移山,却没有爱,我就算不得什么。
2ပရောဖက်ဥာဏ်ကို ငါရ၍၊ နက်နဲသော အရာရှိ သမျှတို့နှင့် သိပ္ပံအတတ်အမျိုးမျိုးကို တတ်သော်၎င်း၊ တောင်များကိုရွှေ့နိုင်သော ယုံကြည်ခြင်းအမျိုးမျိုးနှင့် ပြည့်စုံသော်၎င်း၊ မေတ္တာမရှိလျှင် အချည်းနှီးသက်သက် ဖြစ်၏။
3我若把一切所有的分给人,又舍己身被人焚烧,却没有爱,对我仍然毫无益处。
3သူတပါးကို ငါကျွေးမွေး၍ ဥစ္စာရှိသမျှကို စွန့်ကြဲသည်သာမက၊ ကိုယ်ခန္ဓာကို မီးရှို့စေခြင်းငှါ အပ်သော်လည်း၊ မေတ္တာမရှိလျှင်၊ ငါ၌အကျိုးမရှိ။
4爱是恒久忍耐,又有恩慈。爱是不嫉妒,不自夸,不张狂;
4မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝါကြွားခြင်းမရှိ၊ မာန်မာနမရှိ။
5不作失礼的事,不求自己的益处,不轻易动怒,不计较人的过犯;
5မလျောက်ပတ်စွာမကျင့်တတ်၊ ကိုယ်အကျိုးကို မရှာတတ်၊ ဒေါသအမျက်မထွက်တတ်၊ အပြစ်ရှိသည်ဟု မထင်တတ်၊
6不喜欢不义,只喜欢真理。
6မတရားသော အမှု၌ ဝမ်းမြောက်ခြင်းမရှိတတ်၊ သမ္မာတရား၌ ဝမ်းမြောက်တတ်၏။
7爱是凡事包容,凡事相信,凡事盼望,凡事忍耐。
7ခပ်သိမ်းသောအရာကို ဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကို ယုံတတ်၏။ ခပ်သိမ်းသောအရာကို မြော်လင့်တတ်၏။ ခပ်သိမ်းသောအရာကို သည်းခံတတ်၏။
8爱是永存不息的。先知的讲道终必过去,方言终必停止,知识终必消失。
8မေတ္တာသည် ဖေါက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်၏။ ပရောဖက်ဥာဏ်သော်၎င်း၊ အမျိုးမျိုးသော ဘာသာစကားကို ပြောနိုင်သောအခွင့်သော်၎င်း၊ သိပ္ပံအတတ်သော်၎င်း၊ ကွယ်ပျောက်လိမ့်မည်။
9因为我们现在所知道的,只是一部分;所讲的道也只是一部分;
9ယခုမူကား၊ ငါတို့သည် မစုံမလင် သိတတ်ကြ၏။ ပရောဖက်ဥာဏ်နှင့် မစုံမလင် ဟောတတ်ကြ၏။
10等那完全的来到,这部分的就要过去了。
10စုံလင်ခြင်းသို့ ရောက်သောအခါမူကား၊ မစုံလင်သမျှတို့သည် ကွယ်ပျောက်ကြလိမ့်မည်။
11我作孩子的时候,说话像孩子,心思像孩子,想法像孩子,既然长大了,就把孩子的事都丢弃了。
11ငါသည် သူငယ်ဖြစ်စဉ်အခါ၊ သူငယ်လိုစကားပြော၏။ သူငယ်လိုစိတ်ထင်၏။ သူငယ်လိုကြံစည်၏။ အသက်ကြီးသောအခါမူကား၊ သူငယ်၏ အရာများကို ငါပယ်ရှား၏။
12我们现在是对着镜子观看,模糊不清,到那时就要面对面了。我现在所知道的只是一部分,到那时就完全知道了,好像主完全知道我一样。
12ယခုတွင် ငါတို့သည် မှန်အားဖြင့် ရိပ်မိလျက်သာ နေကြ၏။ ထိုအခါမူကား၊ မျက်မှောက်ထင်ထင်မြင် ရကြလိမ့်မည်။ ယခုတွင် ငါအသိအမြင်မစုံလင်ဖြစ်၏။ ထိုအခါမူကား၊ သူတပါးသည် ငါ့ကို သိသကဲ့သို့ ငါသိ ရလိမ့်မည်။
13现在常存的有信、望、爱这三样,其中最大的是爱。
13ယခုတွင်ယုံကြည်ခြင်း၊ မြော်လင့်ခြင်း၊ ချစ်ခြင်း၊ ဤသုံးပါးတည်လျက် ရှိ၏။ ဤသုံးပါးတို့တွင် ချစ်ခြင်း၊ မေတ္တာသည် အမြတ်ဆုံးဖြစ်သတည်း။