1罗波安继位(王上12:1-5)
1ဣသရေလအမျိုးသားအပေါင်းတို့သည် ရော ဗောင်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှါ ရှေခင်မြို့ သို့သွား၍၊ သူသည်လည်း သွား၏။
2那时,尼八的儿子耶罗波安,因为逃避所罗门王,住在埃及;他一听见这事,就从埃及回来。
2ရှောလမုန်မင်းကြီးထံမှ၊ အဲဂုတ္တုပြည်သို့ ပြေး သောနေဗတ်၏သား ယေရောဗောင်သည်၊ ထိုသိတင်းကို ကြား၍ အဲဂုတ္တုပြည်မှ ပြန်လာ၏။
3他们派人去叫耶罗波安回来;他就和全体以色列人来见罗波安,对他说:
3ဣသရေလလူတို့သည် သူ့ထံသို့ လူကို စေလွှတ် ၍ ခေါ်သဖြင့်၊ လူအပေါင်းတို့သည် သူနှင့်အတူ ရော ဗောင်ထံသို့ဝင်လျက်၊
4“你父亲使我们所负的轭甚重,现在求你减轻你父亲加在我们身上的劳役和重轭,我们就服事你。”
4ခမည်းတော်သည် ကျွန်တော်တို့၌ လေးသော ထမ်းဘိုးကိုတင်ပါပြီ။ ခမည်းတော်ထံမှာ ပင်ပန်းစွာ ဆောင်ရွက်ရသောအမှု၊ တင်တော်မူသော ထမ်းဘိုး လေးကို ပေါ့စေတော်မူပါ။ ထိုသို့ပြုတော်လျှင်၊ ကျွန်တော် တို့သည် အမှုတော်ကို ထမ်းပါမည်ဟု လျှောက်ဆိုကြ၏။
5罗波安对他们说:“三天以后你们再来见我吧!”众人就离去了。
5ရောဗောင်ကလည်း၊ သုံးရက်လွန်မှ တဖန် လာကြဦးလော့ဟု မိန့်တော်မူလျှင်၊ သူတို့သည် သွားကြ၏။
6不采纳老年人的意见(王上12:6-7)罗波安王和一些在他父亲所罗门在世的时候,侍立在所罗门面前的老人商议,说:“你们有什么提议,我好回复这班民众呢?”
6ထိုအခါ ရောဗောင်မင်းကြီးသည် ခမည်းတော် ရှောလမုန် အသက်ရှင်စဉ်အခါ၊ အထံတော်၌ ခစားသော အသက်ကြီးသူတို့နှင့် တိုင်ပင်၍၊ ဤသူတို့အား ငါပြန် ပြောရမည်အကြောင်း၊ အဘယ်သို့ အကြံပေးကြမည် နည်းဟု မေးသော်၊
7他们对他说:“如果王善待人民,使他们喜悦,对他们说好话,他们就必永远作你的仆人。”
7သူတို့က ကိုယ်တော်သည် ဤသူတို့၌ ကျေးဇူးပြု လျက်၊ သူတို့စိတ်ကို ဖြေ၍ကောင်းသောစကားကို ပြောတော်မူလျှင်၊ သူတို့သည် အစဉ် ကိုယ်တော်၏ကျွန်ခံ ကြပါလိမ့်မည်ဟု လျှောက်ထားကြ၏။
8听从少年人的计谋(王上12:8-15)王不接受这些老人的意见,却去和那些同他一起长大,侍立在他面前的年轻人商议,
8အသက်ကြီးသူတို့ပေးသောအကြံကို ရောဗောင် သည်မလိုက်၊ ခစားမြဲခစားသောမိမိ သူငယ်ချင်းတို့နှင့် တိုင်ပင်လျက်၊
9问他们:“这人民对我说:求你减轻你父亲加在我们身上的重轭吧。你们有什么提议,我好回复他们呢?”
9ပြည်သားတို့က ခမည်းတော်တင်သော ထမ်းဘိုး ကို ပေါ့စေတော်မူပါဟု လျှောက်ဆိုကြသည် ဖြစ်၍၊ သူတို့အား ငါပြန်ပြောရမည်အကြောင်း အဘယ်သို့ အကြံပေးကြမည်နည်းဟု မေးသော်၊
10那些同他一起长大的年轻人对他说:“这人民对王说:‘你父亲使我们所负的轭甚重,现在求你减轻些吧。’王要这样对他们说:‘我的小拇指比我父亲的腰还粗呢。
10ထိုသူငယ်ချင်း လုလင်တို့က၊ ခမည်းတော်သည် ကျွန်တော်တို့၌ ထမ်းဘိုးကိုလေးစေပါပြီ၊ ပေါ့စေတော်မူပါ ဟု လျှောက်သောပြည်သားတို့အား ကိုယ်တော်က၊ ငါ လက်သန်းသည် ငါ့ခမည်းတော်ခါးထက်သာ၍ ကြီးလိမ့် မည်။
11我父亲把重轭加在你们身上,我必使你们负更重的轭;我父亲用鞭打你们,我却要用蝎子鞭责打你们。’”
11ငါ့ခမည်းတော်သည် သင်တို့အပေါ်မှာ လေး သော ထမ်းဘိုးတို့ကို တင်လေပြီ။ ငါသည်လည်း ထပ်၍ တင်ဦးမည်။ ငါ့ခမည်းတော်သည် သင်တို့ကို ကြိမ်လုံးနှင့် ရိုက်လေပြီ။ ငါသည်လည်း ကင်းမြီးကောက်နှင့် ရိုက်ဦး မည်ဟု ပြန်ပြောတော်မူပါဟု လျှောက်ထားကြ၏။
12耶罗波安和全体人民都遵照罗波安王所说“你们第三天再来见我”的话,第三天来见罗波安。
12ရှင်ဘုရင်က၊ သုံးရက်မြောက်သောနေ့၌ တဖန် လာကြဦးလော့ဟု နေ့ရက်ကို ချိန်ချက်သည်အတိုင်း၊ သုံးရက်မြောက်သောနေ့၌ ယေရော ဗောင်နှင့် လူအပေါင်းတို့သည် ရောဗောင်ထံသို့ ရောက်ကြ၏။
13罗波安王很严厉地回答他们。罗波安王不接受老人的意见,
13ထိုအခါ ရောဗောင်မင်းကြီးသည် အသက်ကြီး သူတို့ပေးသော အကြံကိုမလိုက်၊ လူပျိုတို့ပေးသော အကြံ ကိုလိုက်လျက်၊
14却照着年轻人的主意对他们说:“我父亲使你们负重轭,我必使你们负更重的轭;我父亲用鞭子责打你们,我却要用蝎子鞭责打你们。”
14ခမည်းတော်သည် သင်တို့အပေါ်မှာ လေးသော ထမ်းဘိုးကိုတင်လေပြီ။ ငါသည်လည်း ထပ်၍တင်ဦးမည်။ ငါ့ခမည်းတော်သည် သင်တို့ကို ကြိမ်လုံးနှင့် ရိုက်လေပြီ။ ငါသည်လည်း ကင်းမြီးကောက်နှင့် ရိုက်ဦးမည်ဟု ကြမ်းတမ်းစွာ ပြန်ပြောတော်မူ၏။
15王不听从人民的要求,这事原是出于 神,为要实现耶和华借着示罗人亚希雅对尼八的儿子耶罗波安所说的话。
15ရှင်ဘုရင်သည် ပြည်သားတို့စကားကို နား မထောင်ရသည် အကြောင်းကား၊ ထာဝရဘုရားသည် ရှိလောမြို့သား အဟိယအားဖြင့် နေဗတ်၏သား ယေရောဗောင်အား မိန့်တော်မူသော စကားကိုပြည့်စုံစေ တော်မူမည်အကြောင်းတည်း။
16以色列人背叛(王上12:16-20)以色列人见王不听他们的要求,就对王说:“我们和大卫有什么关系呢?我们和耶西的儿子并不相干。以色列人哪,各回各家去吧,大卫啊,现在只顾你自己的家吧。”于是全体以色列人都回自己的家去了。
16ဣသရေလအမျိုးသား အပေါင်းတို့သည် ရှင်ဘုရင်နားမထောင်ကြောင်းကိုသိမြင်လျှင်၊ ငါတို့သည် ဒါဝိဒ်နှင့် အဘယ်သို့ ဆက်ဆံသနည်း။ ယေရှ၏သားနှင့် အဘယ်သို့အမွေခံရသေးသနည်း။ အိုဣသရေလအမျိုး၊ သင်တို့နေရာသို့ အသီးသီးသွားကြ။ အိုဒါဝိဒ်၊ သင်၏ အိမ်ကိုကြည့်ရှုလော့ဟု ရှင်ဘုရင်အား ပြန်ပြောလျက်၊ ဣသရေလလူအပေါင်းတို့သည် မိမိတို့ နေရာသို့ ပြန်သွား ကြ၏။
17只有那些住在犹大众城镇的以色列人,罗波安仍然作他们的王。
17သို့ရာတွင် ယုဒမြို့ရွာတို့၌ နေသော ဣသရေလ လူတို့ကို၊ ရောဗောင်သည် အုပ်စိုးရသေး၏။
18罗波安王差派了监管苦工的哈多兰到以色列人那里去,以色列人就用石头把他打死了。罗波安王急忙上车,逃回耶路撒冷去了。
18ထိုအခါ ရောဗောင်မင်းကြီးသည်၊ အခွန်တော် ဝန် အဒေါနိရံကို စေလွှတ်၍ ဣသရေလအမျိုးသားတို့ သည် သူ့ကိုသေအောင်ကျောက်ခဲနှင့် ပစ်ကြ၏။
19这样,以色列人背叛了大卫家,直到今日。
19ရောဗောင်မင်းကြီးသည် ရထားတော်ကို အလျင်အမြန် တက်၍ယေရုရှင်မြို့သို့ပြေးလေ၏။ ထိုသို့ ဣသရေလအမျိုးသည် ယနေ့တိုင်အောင် ဒါဝိဒ်မင်းမျိုး ကို ပုန်ကန်ကြ၏။