1亚哈谢作犹大王(王下8:25-29)
1အာရပ်လူတို့နှင့်လိုက်လာသော တပ်သားတို့ သည် တပ်ထဲသို့ဝင်၍၊ ယုဒရှင်ဘုရင် ယဟောရံ၏ သားတော်အကြီး ရှိသမျှတို့ကို သတ်သောကြောင့်၊ ယေရု ရှလင်မြို့သားတို့သည် သားထွေးအာခဇိကို ခမည်းတော် အရာ၌ချီးမြှောက်၍၊
2亚哈谢登基的时候是二十二岁(“二十二岁”原文作“四十二岁”;现参照古译本和王下8:26修译);他在耶路撒冷作王一年。他的母亲名叫亚他利雅,是暗利的孙女。
2အာခဇိသည် အသက်နှစ်ဆယ်နှစ်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ တနှစ် စိုးစံလေ၏။ မယ်တော်ကား၊ ဩမရိမြေးအာသလိ အမည်ရှိ၏။
3亚哈谢也随从亚哈家的道路,因为他母亲教唆他行恶。
3မယ်တော်သည် မကောင်းသောအကြံကို ပေး သောကြောင့်၊ ထိုမင်းသည် အာဟပ်အမျိုးလိုက်ရာ လမ်းသို့လိုက်၍၊
4他行耶和华看为恶的事,好像亚哈家一样,因为他的父亲死了以后,亚哈家的人就教唆他,好使他灭亡。
4အာဟပ်အမျိုးကဲ့သို့ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။ ခမည်းတော်သေသောနောက်၊ အာဟပ် အမျိုးသားတို့သည် အာခဇိကို အကျိုးနည်းစေခြင်းငှါ မကောင်းသောအကြံကို ပေးကြ၏။
5他随从了他们的计谋,和以色列王亚哈的儿子约兰一同到基列的拉末去,和亚兰王哈薛交战;亚兰人击伤了约兰。
5အာခဇိသည် သူတို့စကားကိုနားထောင်သဖြင့်၊ ဣသရေလရှင် ဘုရင်အာဟပ်သား ယောရံနှင့်ဝိုင်းလျက်၊ ဂိလဒ်ပြည်ရာမုတ်မြို့သို့စစ်ချီ၍၊ ရှုရိရှင်ဘုရင် ဟာဇေလ ကို တိုက်ရာတွင်၊ ရှုရိလူတို့သည်ယောရံကို ထိခိုက် ကြ၏။
6于是约兰回到耶斯列去,医治他在拉末和亚兰王交战的时候所受的伤。犹大王约兰的儿子亚撒利雅,因亚哈的儿子约兰病了,就下到耶斯列去看他。
6ထိုသို့ရာမုတ်မြို့၌ ရှုရိရှင်ဘုရင် ဟာဇေလကို တိုက်၍၊ ရှုရိလူထိခိုက်သော အနာပျောက်စေခြင်းငှါ၊ ယောရံသည် ယေဇရလမြို့သို့ ပြန်သွား၍ နာလျက် နေစဉ်တွင်၊ ယုဒရှင်ဘုရင် ယယောရံသားအာခဇိသည် လည်း၊ အာဟပ်သားယောရံကို ကြည့်ရှုခြင်းငှါ ထိုမြို့သို့ ဆင်းသွားလေ၏။
7亚哈谢遭害(王下9:14-28)亚哈谢去见约兰,就遇了害,这原是出于 神;因为他去到以后,就和约兰一同出去攻击宁示的孙子耶户。这耶户就是耶和华所膏的,为要除灭亚哈家。
7ဘုရားသခင် စီရင်တော်မူသည်အတိုင်း၊ အာခဇိ သည် ယောရံ ထံသို့ရောက်သောအားဖြင့်၊ ဆုံးရှုံးလေသည် အကြောင်းအရာဟူမူကား၊ အဟပ်အမျိုးကို သုတ်သင် ပယ်ရှင်းစေခြင်းငှါ၊ ထာဝရဘုရား ဘိသိတ်ပေးတော်မူ သောနိမ်ရှိသားယေဟုကို ဆီးကြိုခြင်းငှါ၊ ယောရံနှင့် အာခဇိတို့သည် ထွက်သွား၏။
8耶户讨伐亚哈家的罪的时候,遇见了犹大的众领袖和亚哈谢的兄弟的儿子,他们都是侍候亚哈谢的,耶户把他们都杀了。
8ယေဟုသည် အာဟပ်အမျိုးကို တရားစီရင် သောအခါ၊ ယုဒမှူးမတ်တို့ကို၎င်း၊ အာခဇိမင်း၌ ခစား သော နောင်တော်၏သားတို့ကို၎င်း၊ တွေ့၍သတ်လေ၏။
9耶户追寻亚哈谢。那时,亚哈谢躲藏在撒玛利亚,有人捉住他,把他带到耶户那里,耶户就杀了他,却把他埋葬了,因为他们说:“他是约沙法的孙子;这约沙法是一心寻求耶和华的。”这样,亚哈谢的家没有一人有能力可以保持王权的。
9ရှမာရိပြည်၌ ပုန်လျက်နေသော အာခဇိကို ရှာ၍ ဘမ်မိသောအခါ၊ ယေဘုထံသို့ ဆောင်ခဲ့ပြီးမှ သတ်၍ သင်္ဂြိုဟ်ကြ၏။ အကြောင်းမူကား၊ သူသည် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ရှာသော ယောရှ ဖတ်၏ အမျိုးဖြစ်သည်ဟု ဆိုကြ၏။ ထိုသို့အာခဇိအမျိုး သည် နိုင်ငံကိုအုပ်စိုးခြင်းငှါ မတတ်နိုင်။
10亚他利雅弄权(王下11:1-3)亚哈谢的母亲亚他利雅见自己的儿子死了,就起来杀尽犹大家中所有王族的后裔。
10အာခဇိ၏မယ်တော် အာသလိသည် မိမိသား သေကြောင်းကို သိမြင်သော်၊ ထ၍ယုဒပြည်၏ဆွေတော် မျိုးတော်အပေါင်းတို့ကို သုတ်သင်ပယ်ရှင်းလေ၏။
11但是王的女儿约示巴,把亚哈谢的儿子约阿施从那些将要被杀的王子中偷出来,把他和他的乳母都藏在卧房里。约兰王的女儿约示巴是大祭司耶何耶大的妻子,把约阿施收藏起来,躲避亚他利雅,免得被亚他利雅杀死,因为约示巴是亚哈谢的妹妹。
11သို့ရာတွင်၊ ရှင်ဘုရင်သမီး ယောရှေဘသည်၊ အာခဇိ၏သား ယောရှိကု အသေခံရသော ဆွေတော် မျိုးတော်ထဲက ခိုးယူ၍၊ သူနှင့်သူ၏ နို့ထိန်းကို အိပ်ခန်း ထဲ၌ ဝှက်ထား၏။ ထိုသို့ယဟောရံမင်းကြီးသမီး၊ ယဇ် ပုရောဟိတ်ယောဒ၏မယားဖြစ်သော အာခဇိ၏နှမ ယောရှေဘသည်၊ အာသလိလက်မှ ယောရှ၏အသက် လွတ်စေခြင်းငှါ ဝှက်ထားသဖြင့်၊
12约阿施和他们在 神的殿里一同躲藏了六年;那时亚他利雅统治犹大地。
12ခြောက်နှစ်ပတ်လုံး ယောရှသည် သူတို့နှင့်အတူ၊ ဗိမာန်တော်၌ ပုန်းရှောင်လျက်နေ၍ အာသလိသည် စိုးစံလေ၏။