1以利亚预言亚哈谢必死
1အာဟပ်မင်း သေသောနောက်၊ မောဘပြည် သည် ဣသရေလရှင်ဘုရင်ကို ပုန်ကန်လေ၏။
2有一天,亚哈谢在撒玛利亚,从楼上的窗户掉下来,他就病了;于是他差派使者,对他们说:“你们去求问以革伦的神巴力.西卜,我这个病到底能否复原?”
2အာခဇိမင်းသည် ရှမာရိမြို့၌ အထက်အခန်း ပြတင်းပေါက်မှ ကျ၍နာနေသောကြောင့်၊ ငါသည် ဤအနာမှာ ထမြောက်မည်လောဟု ဧကြုန်မြို့၏ ဘုရား ဗာလဇေဗုပ်သို့ သွား၍ မေးမြန်းကြဟု မှာထား၍ သံတမန်တို့ကို စေလွှတ်လေ၏။
3但耶和华的使者对提斯比人以利亚说:“你动身上去迎着撒玛利亚王的使者,对他们说:‘你们去求问以革伦的神巴力.西卜,是因为以色列中没有 神吗?
3ထာဝရဘုရား၏ ကောင်းကင်တမန်သည် တိရှဘိမြို့သား ဧလိယအားလည်း၊ ရှမာရိရှင်ဘုရင် စေလွှတ်သော သံတမန်တို့ကို ကြိုဆိုခြင်းငှါ ထသွားလော့။ ဣသရေလပြည်၌ ဘုရားသခင်မရှိသောကြောင့်၊ ဧကြုန် မြို့၏ဘုရားဗာလဇေဗုပ်သို့သွား၍ မေးမြန်းရသလော။
4因此,耶和华这样说:你必不能从你躺上去的那张床上下来,因为你必定死。’”于是以利亚去了。
4ထိုကြောင့်ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် ယခု တက်သောသာလွန်ပေါ်က နောက်တဖန် မဆင်းရ၊ စင်စစ်သေရမည်ဟု သူတို့အားဆင့်ဆိုရမည် အကြောင်းမိန့်တော်မူသည်အတိုင်း၊ ဧလိယသွားလေ၏။
5众使者回到亚哈谢那里;他对他们说:“你们为什么回来呢?”
5သံတမန်တို့သည် ပြန်လာသောအခါ ရှင်ဘုရင်က၊ အဘယ်ကြောင့်ယခုပြန်လာကြသနည်းဟု မေးလျှင်၊
6他们对王说:“有一个人上来迎着我们,又对我们说:‘去吧,回到那差派你们的王那里,对他说:耶和华这样说:你派人去求问以革伦的神巴力.西卜,是因为以色列中没有 神吗?因此,你必不能从你躺上去的那张床上下来,因为你必定死。’”
6သူတို့က၊ လူတယောက်သည် ကျွန်တော်တို့ကို ကြိုဆိုခြင်းငှါ လာ၍ သင်တို့ကိုစေလွှတ်သော ရှင်ဘုရင် ထံသို့ ပြန်ကြ။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရလပြည်၌ ဘုရားသခင် မရှိသောကြောင့်၊ ဧကြုန် မြို့၏ ဘုရားဗာလဇေဗုပ်သို့သွား၍ မေးမြန်းရသလော။ ထိုကြောင့် သင်သည်ယခုတတ်သော သာလွန်ပေါ်က နောက်တဖန်မဆင်းရ။ စင်စစ်သေရမည်ဟု ပြောရမည် အကြောင်း မှာထားပါသည်ဟု လျှောက်ကြ၏။
7王对他们说:“那上来迎着你们,又对你们说这番话的是个怎样的人?”
7ရှင်ဘုရင်ကလည်း၊ သင်တို့ကိုကြိုဆိုခြင်းငှါ လာ၍ ဤသို့ပြောသောသူကား အဘယ်သို့သော သူနည်းဟု မေးလျှင်၊
8他们对王说:“那人穿着毛皮衣,腰间束上皮带。”王说:“这人必是提斯比人以利亚。”
8သူတို့က၊ ထိုသူသည် ကိုယ်၌အမွေးများ၍ သားရေခါးပန်းကို စည်းသောသူ ဖြစ်ပါသည်ဟု လျှောက် ကြသော်၊ ထိုသူသည် တိရှဘိမြို့သား ဧလိယဖြစ်လိမ့်မည် ဟု ရှင်ဘုရင်ဆိုလျက်၊
9于是王差派一个五十夫长和他的五十名手下到以利亚那里;那位五十夫长就上到以利亚那里去。他看见以利亚正坐在山顶上,就对以利亚说:“神人哪!王吩咐你下来。”
9လူငါးကျိပ်အုပ်သော တပ်မှူးကိုစေလွှတ်၍၊ တပ်မှူးသည် တောင်ပေါ်မှာထိုင်သော ဧလိယထံသို့ ရောက်ပြီးလျှင်၊ အိုဘုရားသခင်၏လူ၊ သင်သည် ဆင်းရ မည်အကြောင်း၊ ရှင်ဘုရင်အမိန့်တော်ရှိသည်ဟုဆို၏။
10以利亚回答五十夫长说:“如果我是神人,愿火从天降下,把你和你的五十名手下吞灭。”于是有火从天降下,吞灭了五十夫长和他的五十名手下。
10ဧလိယကလည်း၊ ငါသည် ဘုရားသခင်၏လူမှန်လျှင်၊ ကောင်းကင်ကမီးကျ၍ သင်နှင့်သင်၏လူ ငါးကျိပ် တို့ကို လောင်ပါစေဟု လူငါးကျိပ်အုပ်သော တပ်မှူးအားဆိုသည်အတိုင်း၊ ကောင်းကင်က မီးကျ၍ သူနှင့်သူ၌ ပါသောလူငါးကျိပ်တို့ကို လောင်လေ၏။
11王再次派一个五十夫长和他的五十名手下到以利亚那里去。那五十夫长对以利亚说:“神人哪!王这样吩咐:‘你赶快下来。’”
11တဖန်လူငါးကျိပ်အုပ်သော တပ်မှူးတယောက်ကို ရှင်ဘုရင်စေလွှတ်၍၊ ထိုတပ်မှူးက၊ အိုဘုရားသခင်၏ လူ၊ သင်သည် အလျင်အမြန် ဆင်းရမည်အကြောင်း ရှင်ဘုရင် အမိန့်တော်ရှိသည်ဟုဆို၏။
12以利亚回答他们说:“如果我是神人,愿火从天降下,把你和你的五十名手下吞灭。”于是 神的火从天降下,吞灭了五十夫长和他的五十名手下。
12ဧလိယကလည်း၊ ငါသည်ဘုရားသခင်၏ လူမှန်လျှင် ကောင်းကင်က မီးကျ၍ သင်နှင့်သင်၏လူငါးကျိပ် တို့ကို လောင်ပါစေဟု သူတို့အား ဆိုသည်အတိုင်း၊ ဘုရားသခင်၏မီးသည် ကောင်းကင်ကကျ၍ သူနှင့်သူ၌ ပါသောလူငါးကျိပ်တို့ကို လောင်လေ၏။
13王又派出第三名五十夫长和他的五十名手下;那五十夫长来到,就双膝跪在以利亚面前,恳求他,对他说:“神人哪!愿我的性命和这五十个仆人的性命在你眼中看为宝贵。
13တဖန်လူငါးကျိပ်အုပ်သော တတိယတပ်မှူးကို ရှင်ဘုရင်စေလွှတ်သဖြင့်၊ ထိုတပ်မှူးသည် တက်၍ ဧလိယရှေ့မှာဒူးထောက်လျက်၊ အိုဘုရားသခင်၏လူ၊ ကျွန်တော်အသက်နှင့် ကိုယ်တော် ကျွန် ဤလူငါးကျိပ်တို့၏ အသက်ကို နှမြောတော်မူပါ။
14看哪!曾经有火从天降下,吞灭了先前两个五十夫长和他们各五十名手下;现在,愿我的性命在你眼中看为宝贵。”
14ကောင်းကင်က မီးကျ၍ အခြားသော တပ်မှူး နှစ်ယောက်နှင့် သူတို့၌ ပါသောလူတရာကို လောင် သော်လည်း၊ ကျွန်တော်အသက်ကို နှမြောတော်မူပါဟု တောင်းပန်လေ၏။
15耶和华的使者对以利亚说:“你和他下去吧,不要怕他。”于是以利亚起来,和他下山到王那里去了。
15ထာဝရဘုရား၏ ကောင်းကင်တမန်ကလည်း၊ သူနှင့်အတူ ဆင်းသွားလော့။ သူ့ကို မကြောက်နှင့်ဟု ဧလိယအားဆိုသည်အတိုင်း၊ ဧလိယသည်ထ၍ ရှင်ဘုရင် ထံသို့ ရောက်လျှင်၊
16以利亚对亚哈谢说:“耶和华这样说:‘你差派使者去求问以革伦的神巴力.西卜,是因为以色列中没有 神可以求问吗?因此,你必不能从你躺上去的那张床上下来,因为你必定死。’”
16ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ဧကြုန်မြို့၏ ဘုရားဗလဇေဗုပ်၌ မေးမြန်းခြင်းငှါ အဘယ်ကြောင့် သံတမန်တို့ကိုစေလွှတ်သနည်း။ မေးမြန်းစရာဘို့ ဣသရေလပြည်၌ ဘုရားသခင်မရှိ သောကြောင့် ထိုသို့ပြုသလော။ သို့ဖြစ်၍ သင်သည် ယခုတက်သော သာလွန်ပေါ်က နောက်တဖန်မဆင်းရ။ စင်စစ်သေရ မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။
17亚哈谢逝世亚哈谢果然死了,正如耶和华借以利亚所宣告的话。因为他没有儿子,他的弟弟约兰就接续他作王,那时是犹大王约沙法的儿子约兰第二年。
17ဧလိယ ဆင့်ဆိုသောထာဝရဘုရား၏ စကားတော်အတိုင်း ရှင်ဘုရင်သေ၍၊ သားတော်မရှိသော ကြောင့် ညီတော်ယောရံသည် ယုဒရှင်ဘုရင်ယောရှဖတ်သား ယဟောရံနန်းစံနှစ်နှစ်တွင် နန်းထိုင်လေ၏။
18亚哈谢其余所行的事迹,不是都写在以色列诸王的年代志上吗?
18အာဇခိပြုမူသော အမှုအရာကြွင်းလေသမျှတို့သည်၊ ဣသရေလ ရာဇဝင်၌ ရေးထားလျက်ရှိ၏။