1以利沙把斧头浮上来
1ပရောဖက်အမျိုးသားတို့က၊ ကိုယ်တော်နှင့်အတူ ယခုနေသော အရပ်သည် ကျဉ်းမြောင်းပါ၏။
2请你让我们到约旦河,每人从那里取一根木头,我们要在那里为自己建造一个地方居住。”以利沙说:“你们去吧!”
2အကျွန်ုပ်တို့သည် ယော်ဒန်မြစ်နားသို့ သွားပါ ရစေ။ ထိုအရပ်၌ဝိုင်း၍ သစ်သားကိုခုတ်ပြီးလျှင်၊ ကိုယ်နေစရာဘို့ လုပ်ပါရစေဟု ဧလိရှဲထံ၌ အခွင့်တောင်း လျှင်၊ သွားကြလော့ဟု အခွင့်ပေး၏။
3有一个门徒说:“请你和你的仆人们一起去。”他说:“我会去的。”
3အချို့ကလည်း မငြင်းပါနှင့်။ ကိုယ်တော် ကျွန် တို့နှင့် ကြွတော်မူပါဟု တောင်းပန်လျှင်၊ ငါသွားမည်ဟု ဝန်ခံသည်အတိုင်း၊
4他就和他们同去。他们到了约旦河,就砍伐树木。
4သူတို့နှင့်အတူ လိုက်လေ၏။ ယော်ဒန်မြစ်နား သို့ ရောက်သောအခါ သစ်သားကိုခုတ်ကြ၏။
5有一个门徒砍伐木头的时候,斧头掉到水里去了。他就喊着说:“惨啦!我主啊,这斧头是借回来的。”
5တယောက်သောသူသည် ခုတ်စဉ်တွင်၊ ရေထဲသို့ ပုဆိန်ကျ၏။ ခုတ်သောသူကလည်း၊ ခက်လှပြီသခင်။ ထိုပုဆိန်သည် ငှါးခဲ့သောဥစ္စာ ဖြစ်ပါ၏ဟု အော်ဟစ် လျှင်၊
6神人说:“掉在哪里呢?”于是他把那地点指给他看。他砍了一根木头,丢在那里,那斧头就浮上来了。
6ဘုရားသခင်၏လူက၊ အဘယ်မှာ ကျသနည်းဟု မေးသော်၊ ကျရာအရပ်ကိုပြပြီးမှ၊ ဒုတ်ကိုခုတ်၍ ထိုအရပ်၌ချသဖြင့် ပုဆိန်သည် ပေါလောနေ၏။
7以利沙说:“你自己拿上来吧。”他就伸手把它拿住了。
7ဆယ်ယူလော့ဟု ဧလိရှဲဆိုသည်အတိုင်း၊ တပည့် သည် လက်ကို ဆန့်၍ ဆယ်ယူ၏။
8以利沙泄露亚兰王的计谋亚兰王与以色列人打仗,他和他的臣仆商议,说:“我要在某处某处埋伏。”
8တဖန် ရှုရိရှင်ဘုရင်သည် ဣသရေလပြည်ကို စစ်တိုက်၍၊ ဤမည်သောအရပ်၊ ဤမည်သောအရပ်၌ ငါတို့သည် တပ်ချကြ ကုန်အံ့ဟု ကျွန်တို့နှင့် တိုင်ပင်သောအခါ၊
9神人就差派人去见以色列王说:“你要小心,不要经过这个地方,因为亚兰人在那里埋伏。”
9ဘုရားသခင်၏လူသည် ဣသရေလရှင်ဘုရင် ထံသို့ လူကိုစေလွှတ်၍၊ဤမည်သောအရပ်ကို သတိပြုပါ။ ထိုအရပ်သို့ ရှုရိလူတို့သည် လာကြပြီဟု၊
10以色列王派人到那地方,就是神人曾告诉他,警告他的,他就在那里小心防范;这样不止一两次。
10သတိပေးသောအရပ်သို့ ဣသရေလရှင်ဘုရင် သည် လူကိုစေလွှတ်၍ တကြိမ်နှစ်ကြိမ်မက ရန်သူတို့ကို ရှောင်လေ၏။
11亚兰王因为这事心中大感困惑,他召了他的臣仆来,对他们说:“在我们中间有谁帮助以色列王,你们不告诉我吗?”
11ထိုအကြောင်းကြောင့် ရှုရိရှင်ဘုရင်သည် စိတ် ပူပန်၍ ကျွန်တို့ကို ခေါ်ပြီးလျှင်၊ ငါတို့တွင် အဘယ်သူ သည် ဣသရေလရှင်ဘုရင်ဘက်၌ နေသည်ကို ငါ့အား မပြဘဲနေကြသနည်းဟုမေးသော်၊
12他的一位臣仆说:“我主我王啊!不是的;只不过是以色列的以利沙先知,把你在你卧室内所说的话,告知了以色列王。”
12ကျွန်တယောက်က၊ ထိုသို့မဟုတ်ပါ အရှင် မင်းကြီး၊ ကိုယ်တော်စက်တော်မူခန်းထဲ၌ မိန့်တော်မူသော စကားကိုပင်၊ ဣသရေလပြည်၌ရှိသော ပရောဖက်ဧလိရှဲ သည်၊ ဣသရေလရှင်ဘုရင်အား ပြန်ပြောတတ်ပါသည် ဟု လျှောက်လေ၏။
13于是王说:“你们去看看他在哪里,我要派人把他捉住。”有人告诉他说:“看哪!他正在多坍。”
13ရှင်ဘုရင်ကလည်း၊ သူသည်အဘယ်အရပ်၌ ရှိသည်ကို သွား၍ ချောင်းကြည့်လော့။ သူ့ကို ဘမ်းဆီး စေခြင်းငှါ ငါစေလွှတ်မည်ဟု မိန့်တော်မူပြီးမှ၊ ဒေါသန်မြို့ ၌ ရှိပါသည်ဟု လျှောက်လေ၏။
14亚兰人围困多坍他就差派车马和一大队军兵往那里去,他们在夜间抵达,围困那城。
14ထိုမြို့သို့မြင်းစီးသူရဲ၊ ရထားစီးသူရဲ၊ ဗိုလ်ခြေများ ကို စေလွှတ်သဖြင့်၊ ညဉ့်အခါရောက်၍ မြို့ကိုဝိုင်းကြ၏။
15神人的侍从清早起来,走出屋子,看见军队、车马围住了城。神人的仆人对神人说:“惨啦,我主啊!我们怎样办才好呢?”
15နံနက် စောစောဘုရားသခင့်လူ၏ ကျွန်သည် ထ၍ ပြင်သို့ ထွက်သောအခါ၊ မြင်းစီးသူရဲ၊ ရထားစီးသူရဲ၊ ဗိုလ်ခြေတို့သည် မြို့ကို ဝိုင်းလျက်ရှိကြသည်ဖြစ်၍၊ အိုသခင်၊ အဘယ်သို့ ပြုရပါမည်နည်းဟု မိမိသခင်အား ဆို၏။
16神人说:“不要惧怕,因为和我们在一起的比和他们在一起的更多。”
16ဧလိရှဲကမစိုးရိမ်နှင့်။ ငါတို့ဘက်၌ နေသော သူတို့သည် ရန်သူတို့ဘက်၌ နေသောသူတို့ထက်သာ၍ များကြသည်ဟု ဆိုလျက်၊
17以利沙祷告,说:“耶和华啊!请你打开他的眼睛,使他能看见。”于是耶和华打开了仆人的眼睛,他就看见;看哪!那山上布满了火马火车,围绕着以利沙。
17အိုထာဝရဘုရား၊ ဤသူသည် မြင်နိုင်မည် အကြောင်း သူ၏မျက်စိကို ဖွင့်တော်မူပါဟု ဆုတောင်း သည်အတိုင်း၊၊ ထာဝရဘုရားသည် ထိုလုလင်၏ မျက်စိကို ဖွင့်တော်မူသဖြင့်၊ ဧလိရှဲပတ်လည်၌ တတောင်လုံး သည်မီးမြင်း၊ မီးရထားနှင့်ပြည့်သည်ကို မြင်လေ၏။
18亚兰人下来攻击以利沙,以利沙就祷告耶和华,说:“求你击打这民族,使他们瞎眼。”于是耶和华击打他们,使他们瞎眼,正如以利沙所说的。
18ရှုရိလူတို့သည် ရောက်လာသောအခါ၊ ဧလိရှဲက၊ အိုထာဝရ ဘုရား၊ ဤသူတို့၏ မျက်စိမမြင်စေခြင်းငှါ၊ ဒဏ်ခတ်တော်မူပါဟု ဆုတောင်းသည်အတိုင်း၊ ဒဏ်ခတ် တော်မူ၏။
19以利沙对他们说:“这不是那条路,这边不是那座城;你们跟着我来,我要把你们领到你们要寻找的人那里。”于是他把他们领到撒玛利亚。
19ဧလိရှဲကလည်း၊ ဤလမ်းမဟုတ်။ ဤမြို့လည်း မဟုတ်။ ငါ့နောက်သို့လိုက်ကြ။ သင်တို့ရှာသောသူရှိရာသို့ ငါပို့မည်ဟု ဆိုလျက်ရှမာရိမြို့သို့ ပို့လေ၏။
20诱敌入京城并善待他们他们进入撒玛利亚的时候,以利沙就说:“耶和华啊!求你开这些人的眼睛,使他们能看见。”于是耶和华开了他们的眼睛,他们就看见了。看哪!他们竟是在撒玛利亚城中。
20မြို့ထဲသို့ရောက်ပြီးမှ ဧလိရှဲက၊ အိုထာဝရဘုရား၊ ဤသူတို့သည် မြင်နိုင်မည်အကြောင်း သူတို့၏ မျက်စိကို ဖွင့်တော်မူပါဟု ဆုတောင်းသည်အတိုင်း၊ သူတို့၏မျက်စိ ကို ဖွင့်တော်မူသဖြင့်၊ သူတို့သည် မြင်၍ ရှမာရိ မြို့ထဲမှာ ရှိသည်ဟု သိကြ၏။
21以色列王看见他们,就对以利沙说:“我父啊,我可以击杀他们吗?”
21ဣသရေလရှင်ဘုရင်ကလည်း၊ အဘ၊ ထိုသူတို့ကိုထားနှင့် သတ်ရပါမည်လောဟု ဧလိရှဲအားမေးလျှင်၊
22以利沙说:“你不可击杀他们。你可以击杀你自己用刀用弓掳回来的人吗?你要在他们面前摆上食物和水,给他们吃喝,然后回到他们的主人那里去。”
22မသတ်ပါနှင့်။ ထားနှင့်ခုတ်လျက်၊ လေးနှင့် ပစ်လျက်စစ်တိုက်၍ ဘမ်းမိသောသူတို့ကို သတ်ရမည် လော။ သူတို့ရှေ့မှာ မုန့်နှင့်ရေကိုထည့် ၍သူတို့သည် စားသောက်ပြီးမှ၊ မိမိတို့သခင်ထံသို့ သွားပါစေဟု ဆိုလျှင်၊
23于是王为他们预备盛大的宴会;他们吃喝完了,王打发他们离去,他们就回到他们的主人那里去了。从此,亚兰的军队不再侵犯以色列地了。
23များစွာသော စားစရာကို ပြင်ဆင်၍ စား သောက်စေပြီးမှ လွှတ်လိုက်သဖြင့်၊ သူတို့သည် မိမိတို့ သခင်ထံသို့ ပြန်သွားကြ၏။ ထိုနောက်မှ ရှုရိလူတို့သည် အလိုအလျောက်တပ်ဖွဲ့၍ ဣသရေလပြည်သို့ မလာကြ။
24亚兰王围困撒玛利亚后来,亚兰王便.哈达征召他全部的军队上来围困撒玛利亚。
24နောက်တဖန်ရှုရိရှင်ဘုရင် ဗင်္ဟာဒဒ်သည် ဗိုလ်ခြေအပေါင်းကို စုဝေးစေသဖြင့် စစ်ချီ၍ ရှမာရိမြို့ကို ဝိုင်းထား၏။
25于是撒玛利亚发生了极大的饥荒,敌军继续包围,以致一个驴头要卖九百克银子,两百克的鸽子粪也值六十克银子。
25ကြာမြင့်စွာဝိုင်းထားသောကြောင့်၊ ရှမာရိမြို့၌ အလွန်အစာခေါင်းပါး၍၊ မြည်းခေါင်းတလုံးကို ငွေ ရှစ်ဆယ်နှင့်၎င်း၊ ပဲကြမ်းတပြည်ကို ငွေငါးကျပ်နှင့်၎င်း ရောင်းရ၏။
26以色列王在城墙上经过时,有一个妇人向他呼求说:“我主我王啊,救救我!”
26ဣသရေလရှင်ဘုရင်သည် မြို့ရိုးပေါ်မှာ ရှောက်သွားစဉ်၊ မိန်းမတယောက်ကအရှင်မင်းကြီး၊ ကယ်မတော်မူပါဟု အော်ဟစ်၏။
27他说:“如果耶和华不救你,我又从哪里救你?是从打谷场,或是从榨酒池呢?”
27ရှင်ဘုရင်က၊ ထာဝရဘုရားကယ်မတော်မမူ လျှင်၊ ငါသည် အဘယ်သို့ ကယ်မနိုင်မည်နည်း။ စပါးနယ်ရာတလင်း၊ စပျစ်သီးနယ်ရာ ကျင်းထဲက ကယ်မနိုင်မည်လောဟူ၍၎င်း၊
28王对她说:“到底有什么事呢?”她说:“这妇人对我说:‘把你的儿子交出来,今日我们好把他吃了;明天我们可以吃我的儿子。’
28သင်၌ အဘယ်သို့ ဖြစ်သနည်းဟူ၍၎င်း မေးလျှင်၊ မိန်းမက၊ ဤမိန်းမသည်ကျွန်မဆီသို့လာ၍၊ သင့်သားကို ယနေ့ငါတို့စားဘို့အပ်ပါ။ နက်ဖြန်နေ့၌ ငါ့သားကို စားရမည်ဟုဆိုသည်အတိုင်း၊
29于是我们把我的儿子煮了,把他吃了。第二日,我对她说:‘把你的儿子交出来,我们好把他吃了。’她却把她的儿子收藏起来。”
29ကျွန်မ၏သားကို ပြုတ်၍စားကြပါ၏။ နက်ဖြန် နေ့၌ ကျွန်မက၊ သင်၏သားကို ငါတို့စားဘို့ အပ်ပါဟု တောင်းသော်၊ သူသည် မိမိသားကို ဝှက်ထားပါသည်ဟု လျှောက်လေ၏။
30王起誓要杀以利沙王听见那妇人的话,就撕裂衣服,他当时正在城墙上,人民都看见他;看哪,他里面贴身穿着的是件麻衣。
30ရှင်ဘုရင်သည် ထိုမိန်းမ၏စကားကို ကြားလျှင်၊ မိမိအဝတ်ကို ဆုတ်လေ၏။ မြို့ရိုးပေါ်မှာ ရှောက်သွားစဉ် လူတို့သည်ကြည့်၍၊ အတွင်း၌ လျှော်တေအဝတ်ဖြင့် ဝတ်တော်မူကြောင်းကိုသိမြင်ရကြ၏။
31他说:“如果今日沙法的儿子以利沙的头仍留在他身上,愿 神惩罚我,而且加倍惩罚我。”
31ရှင်ဘုရင်ကလည်း၊ ရှာဖတ်သားဧလိရှဲ၏ ဦးခေါင်းသည် ယနေ့ သူ့ကိုယ်နှင့် မကွာဘဲနေလျှင်၊ ထာဝရဘုရားသည် ထိုမျှမက၊ ငါ၌ပြုတော်မူပါစေသော ဟု ဆို၏။
32那时,以利沙正坐在自己的屋子里,众长老也和他坐在一起。王差派一个在他面前侍立的人去,那使者去到以利沙那里以前,以利沙对众长老说:“你们看这凶手之子派人来取我的首级。你们留意那使者来到的时候,你们要把门关上,把他挡在门外。他主人的脚步声不是在他后面吗?”
32ဧလိရှဲသည် မိမိအိမ်၌ထိုင်၍ အသက်ကြီးသူတို့ သည် သူနှင့်အတူ ထိုင်ကြစဉ်၊ ရှင်ဘုရင်သည် မိမိရှေ့မှာ လူတယောက်ကို စေလွှတ်၏။ ထိုတမန်မရောက်မှီ ဧလိရှဲက၊ လူသတ်၏သားသည် ငါ့လည်ပင်းကို ဖြတ်စေ ခြင်းငှါ၊ စေလွှတ်သည်ကို သိမြင်ကြသလော။ ထိုတမန် ရောက်သောအခါ၊ တံခါးကိုပိတ်၍၊ တံခါးနားမှာသူ့ကို ဆီးတားကြလော့။ သူ့နောက်မှာသူ့သခင် ခြေသံမမြည် သလောဟု၊
33他和众长老还在说话的时候,看哪,王(“王”原文作“使者”)就下到他那里,说:“看哪,这灾祸是从耶和华来的,我为什么还仰望耶和华呢?”
33အသက်ကြီးသူတို့အား ပြောစဉ်တွင်၊ ထိုတမန် သည် ရောက်လာ၏။ ရှင်ဘုရင်ကိုယ်တိုင် ရောက်လျှင်၊ ဤအမှုသည် ထာဝရဘုရားစီရင်သော အမှုဖြစ်၏။ ထာဝရဘုရားကျေးဇူးကို အဘယ်ကြောင့် မြော်လင့် ရသေးသနည်းဟုဆိုသော်၊