1户筛破坏亚希多弗的计谋
1တဖန်အဟိသောဖေလက၊ ကျွန်တော်သည် လူတသောင်းနှစ်ထောင်တို့ကို ရွေကောက်ပါရစေ။ ယနေ့ ညဉ့်ပင် ကျွန်တော်ထ၍ ဒါဝိဒ်ကိုလိုက်ပါမည်။
2趁他疲乏手软的时候,忽然追上他,使他惊惶失措,与他在一起的人就必逃跑;我只要单单击杀王一人,
2သူသည်မောလျက် လက်အားနည်းလျက် နေစဉ်အခါ ကျွန်တော်တိုက်၍ သူ့ကိုထိတ်လန့်စေမည်။ သူ၌ ပါသော လူအပေါင်းတို့သည် ပြေးကြ၍၊ ရှင်ဘုရင်ကိုသာ ကျွန်တော်လုပ်ကြံပါမည်။
3使众人都来归你。你所寻索的那个人一死,众人就都归你了,众人也可以平安无事。”
3လူအပေါင်းတို့ကို ကိုယ်တော်ထံသို့ ဆောင်ခဲ့ပါမည်။ ကိုယ်တော်ရှာသောသူတယောက်တည်းကိုရလျှင်၊ လူအပေါင်းတို့သည် ပြန်လာ၍ ငြိမ်ဝပ်ကြပါလိမ့်မည်ဟု လျှောက်လျှင်၊
4押沙龙和以色列的众长老都看这事为美。
4ထိုစကားကိုအဗရှလံနှင့် ဣသရေလအမျိုး အသက်ကြီးသူတို့သည် နှစ်သက်ကြ၏။
5押沙龙说:“把亚基人户筛召来,我们也听听他怎么说。”
5ထိုအခါ အဗရှလုံက၊ အာခိလူရှဲကိုလည်းခေါခဲ့။ ငါတို့သည် သူ၏စကားကိုနာကြားကြကုန်အံ့ဟုဆိုသည် အတိုင်း၊
6于是户筛来见押沙龙,押沙龙问他说:“亚希多弗说了这样的话,我们可以照着他的话去行吗?如果不可以,请你提议吧!”
6ဟုရှဲသည်လာ၍ အဗရှလုံက၊ အဟိသောဖေလသည် ဤမည်သောအကြံကိုပေးပြီ။ သူ၏စကားကို နားထောင် သင့်သလော။ သို့မဟုတ် သင်ပြောလော့ဟုဆိုလျှင်၊
7户筛回答押沙龙:“亚希多弗这次计划的谋略不好。”
7ဟုရှဲက အဟိသောဖေလပေးသော အကြံသည် ယခုကာလ၌ မလျော်ပါ။
8户筛又说:“你知道你父亲和那些跟随他的人都是勇士;他们凶恶威猛,好像野地里丧子的母熊一样;并且你父亲是个战士,必不会与众人在一起住宿。
8ခမည်းတော်နှင့် သူ၏လူတို့သည် ခွန်အားကြီးသောသူဖြစ်ကြောင်းကို၎င်း၊ ယခုမူကား တော၌ သားငယ်ပျောက်သော ဝံမကဲ့သို့ ပြင်းထန်သောစိတ်ရှိကြောင်းကို၎င်း၊ ကိုယ်တော်သိတော်မူ၏။ ခမည်းတော် သည်လည်း စစ်သူရဲဖြစ်၍ လူများတို့နှင့်အတူ မအိပ်တတ်။
9现在他或躺在一个坑中,或在另一个地方,如果他首先攻击你的手下,听见的人就必说:‘跟从押沙龙的人被杀了!’
9ယခုမှာသူသည် မြေတွင်းတစုံတခု၌ ပုန်းလျက်နေပါလိမ့်မည်။ သို့မဟုတ်အခြားသောအရပ်၌ ပုန်းလျက် နေပါလိမ့်မည်။ လူအချို့တို့သည် အဦးလဲ၍သေလျှင် ထိုသိတင်းကိုကြားသောသူက၊ အဗရှလုံနောက်သို့ လိုက်သောသူသည် ဆုံးရှုံးကြပြီဟု ကြားပြောကြပါလိမ့်မည်။
10那时,纵使有人像狮子一般勇敢,心里也必惊慌,因为全以色列都知道你父亲是个勇士,跟随他的人都是英勇的人。
10ထိုအခါ ရဲရင့်သောသူ၊ ခြင်္သေ့နှလုံးကဲ့သို့ နှလုံးရှိသောသူသည် စိတ်ပျက်ပါလိမ့်မည်။ ခမည်းတော်သည် ခွန်အားကြီးသောသူဖြစ်ကြောင်းကို၎င်း၊ သူ၌ပါသော သူတို့သည် ရဲရင့်ခြင်းသတ္တိရှိသောသူဖြစ်ကြောင်းကို၎င်း၊ ဣသရေလအမျိုးသားအပေါင်းတို့သည် သိကြပါ၏။
11因此,我建议把以色列众人,从但到别是巴,都聚集到你这里来,好像海边的沙那样多,然后你亲自率领他们上战场。
11သို့ဖြစ်၍ ကျွန်တော်သည် အကြံပေးပါမည်။ ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် ဣသရေလ အမျိုးသားအပေါင်းတို့သည် အရေအတွက်အားဖြင့် သမုဒ္ဒရာသဲလုံးနှင့်အမျှ ကိုယ်တော်ထံ၌ စည်းဝေး၍ ကိုယ်တော်တိုင် စစ်ချီတော်မူရမည်။
12无论我们在哪一个地方找到大卫,就攻击他;我们临到他,像露水降在地上一样。这样,他和跟随他的人,就一个也不会留下。
12ထိုသို့ခမည်းတော်ကိုတွေ့သော အရပ်တစုံတခု၌ သူ့ထံသို့ရောက်လျှင်၊ မြေပေါ်မှာ နှင်းကျကဲ့သို့ သူ့ကိုလွှမ်းမိုး၍ သူနှင့်သူ၌ရှိသောသူတယောက်မျှ မကျန်ကြွင်းရ။
13如果他退入城里去,以色列众人就要带绳子到那城去,我们要把那城拉到河里去,使那里连一块小石头也找不到。”
13၎င်းနည်းခမည်းတော်သည် မြို့တမြို့ထဲသို့ ဝင်လျှင်၊ ဣသရေလအမျိုးသားအပေါင်းတို့သည် ကြိုးများကို ယူခဲ့၍ ထိုမြို့၌ ကျောက်စရစ်တခုကိုမျှ မကျန်စေခြင်းငှါ ချိုင့်ထဲသို့ ဆွဲချရကြမည်ဟု လျှောက်လေသော်၊
14押沙龙和以色列众人都说:“亚基人户筛的谋略比亚希多弗的好。”因为耶和华定意要破坏亚希多弗的好计谋,为要降灾祸给押沙龙。
14အဗရှလုံနှင့် ဣသရေလအမျိုးသားအပေါင်းတို့က၊ အာခိလူဟုရှဲပေးသော အကြံထက်သာ၍ကောင်း သည်ဟု ပြောဆိုကြ၏။ အကြောင်းမူကား၊ ထာဝရဘုရားသည် အဗရှလုံ၌ ဘေးရောက်စေခြင်းငှါ၊ အဟိသော ဖေလပေးသော အကြံကောင်းကို ဖျက်စေမည်အကြောင်း စီရင်တော်မူ၏။
15大卫接获报告渡河而逃于是户筛对撒督祭司和亚比亚他说:“亚希多弗为押沙龙和以色列的众长老所策定的谋略是这样这样的,我所策定的谋略又是这样这样的。
15ထိုအခါ ဟုရှဲသည် ယဇ်ပုရောဟိတ်ဇာဒုတ်နှင့် အဗျာသာတို့အား၊ အဟိသောဖေလသည် ဤမည်သော အကြံကို အဗရှလုံနှင့် ဣသရေလအမျိုးအသက်ကြီးသူတို့ အားပေးပြီ။ ကျွန်ုပ်သည်လည်း ဤမည်သောအကြံကို ပေးပြီ။
16现在你们要赶快派人去告诉大卫:‘今天晚上你不可在旷野的渡口住宿,务要过河,免得王和跟随他的众人都被吞灭。’”
16သို့ဖြစ်၍ ဒါဝိဒ်ထံသို့အလျင်အမြန်စေလွှတ်၍ ယနေ့ညမှာ တောလွင်ပြင်၌ မနေပါနှင့်။ အလျင်အမြန် ကူးသွားပါ။ သို့မဟုတ်လျှင် ရှင်ဘုရင်နှင့်လူအပေါင်းတို့ သည် ဆုံးရှုံးခြင်းသို့ ရောက်ကြလိမ့်မည်ဟု ကြားလျှောက် မည်အကြောင်း မှာလိုက်သဖြင့်၊
17那时,约拿单和亚希玛斯停留在隐.罗结,他们不敢进城,怕被人看见。有一个婢女经常出来,把话告诉他们,然后他们再去告诉大卫王。
17ယောနသန်နှင့် အဟိမတ်သည် မြို့ထဲသို့ဝင်လျှင် သူတပါးမြင်မည်စိုးသောကြောင့်၊ အင်္ရောဂေလရွာ နားမှာ နေရစဉ်တွင်၊ မိန်းမကလေးတယောက်သွား၍ ပြောသည်အတိုင်းသူတို့သည် ဒါဝိဒ်မင်းကြီးထံသို့ သွား၍ လျှောက်ကြ၏။
18但有一个仆人看见他们,就去告诉押沙龙。因此,他们两人急忙离开那里,来到巴户琳某人的家里;那人的院子里有一口井,他们就下到井里。
18သို့ရာတွင် လူကလေးတယောက်သည် ထိုသူတို့ကိုမြင်၍ အဗရှလုံအား လျှောက်လေ၏။ သူတို့သည် အလျင်အမြန်သွား၍ ဗာဟုရိမ်မြို့တွင် အိမ်တအိမ်သို့ဝင်သဖြင့် ထိုအိမ်ဝင်းထဲမှာရှိသော ရေတွင်းသို့ ဆင်း၍၊
19那家的主妇拿了一块大布,盖在井口上,又在上面铺了一些麦子,所以没有人知道这件事。
19မိန်းမသည်ရေတွင်းဝကို ဖုံးပြီးမှ ဆန်ကိုလှန်း၍ ထားသောကြောင့် ထိုအမှုသည် မထင်ရှား။
20押沙龙的臣仆到这家来见那妇人,问她:“亚希玛斯和约拿单在哪里?”那妇人回答他们说:“他们已经过了河了。”于是臣仆搜索他们,却没有找着,就都回耶路撒冷去了。
20အဗရှလုံ၏ ကျွန်တို့သည်ထိုအိမ်သို့ရောက်၍ အဟိမတ်နှင့်ယောနသန်တို့သည် အဘယ်မှာရှိသနည်းဟု မိန်းမအားမေးလျှင်၊ မိန်းမက၊ ချောင်းတဘက်သို့ ကူးကြပြီဟု ပြောသဖြင့် သူတို့သည် ရှာ၍မတွေ့သောအခါ ယေရုရှလင်မြို့သို့ပြန်သွားကြ၏။
21亚希多弗自杀他们走了以后,两人从井里上来,去告诉大卫王,对大卫说:“你们要起来,赶快过河,因为亚希多弗已经定了这样这样的谋略攻击你们。”
21ပြန်သွားသောနောက် အဟိမတ်နှင့် ယောနသန်သည် ရေတွင်းထဲကတက်၍ ဒါဝိဒ်မင်းကြီးထံသို့ သွားပြီးလျှင်၊ မြစ်တဘက်သို့ အလျင်အမြန်ထ၍ ကြွတော်မူပါ။ အဟိသောဖေလသည် ကိုယ်တော်တဘက်၌ ဤမည်သော အကြံကိုပေးပါပြီဟု လျှောက်သော်၊
22于是大卫和跟随他的众人都起来,渡过约旦河;到了天亮,没有一人还没有渡过约旦河的。
22ဒါဝိဒ်နှင့် လူအပေါင်းတို့သည် ထ၍ ယော်ဒန်မြစ်ကိုကူးကြ၏။ မိုယ်းလင်းသောအခါ မကူးသောသူတယောက် မျှမရှိ။
23亚希多弗见自己的谋略不被采纳,就预备了驴子,起程往本城自己的家去。他安排好了家里的事,就上吊死了,埋葬在他父亲的坟墓里。
23အဟသောဖေလသည် မိမိပေးသောအကြံသို့ မလိုက်ကြသည်အကြောင်းကို သိမြင်သောအခါ၊ မြည်းကို ကုန်းနှီးတင်စေပြီးလျှင်ထ၍ မိမိနေရင်းမြို့ မိမိအိမ်သို့ သွားသဖြင့် အိမ်မှုအိမ်ရေးများကို စီရင်ပြီးမှ လည်ကြိုး တပ်၍ သေလေ၏။ ဘိုးဘေးတို့သင်္ချိုင်း၌ သဂြိုဟ်ကြ၏။
24押沙龙追杀大卫大卫到了玛哈念,押沙龙和跟随他的以色列众人也都过了约旦河。
24ဒါဝိဒ်သည် မဟာနိမ်မြို့သို့ ရောက်လေ၏။ အဗရှလုံသည်လည်း ဣသရေလလူအပေါင်းတို့နှင့်အတူ ယော်ဒန်မြစ်ကို ကူးလေ၏။
25押沙龙派亚玛撒统率军队,作军队的元帅,取代约押。亚玛撒是以实玛利人以特拉的儿子。以特拉曾经与拿辖的女儿亚比该亲近过;亚比该和约押的母亲洗鲁雅是姊妹。
25အဗရှလုံသည် ဗိုလ်ချုပ်မင်းယွာဘ အရာ၌ အာမသကို ခန့်ထား၏။ အာမသကား၊ ယွာဘ အမိ ဇေရုယာ၏ ညီမနာဟတ်သမီးအဘိဂဲလနှင့် စုံဘက်သော ဣရှမေလအမျိုး ယေသာ၏သား ဖြစ်သတည်း။
26以色列人和押沙龙都在基列地安营。
26ဣသရေလအမျိုးတို့နှင့် အဗရှလုံသည် ဂိလဒ်ပြည်၌ တပ်ချကြ၏။
27大卫到了玛哈念的时候,亚扪族的拉巴人拿辖的儿子朔比、罗.底巴人亚米利的儿子玛吉、基列的罗基琳人巴西莱,
27ဒါဝိဒ်သည် မဟာနိမ်မြို့သို့ ရောက်သောအခါ၊ အမ္မုန်ပြည် ရဗ္ဗာမြို့သားနာဟတ်၏သား ရှေဘိ၊ လော ဒေဗာမြို့သား အမျေလ၏သား မာခိရ၊ ဂိလဒ်အမျိုး ရောဂေလိမ်မြို့သား ဗာဇိလဲတို့က၊
28带来寝具、碗盘、瓦器、小麦、大麦、面粉、炒麦、豆子、红豆、炒豆、
28ထိုလူတို့သည် တော၌ရေစာ ငတ်မွတ်လျက် ပင်ပန်းလျက် နေရပါသည်တကားဟုဆို၍၊ ဒါဝိဒ်နှင့် သူ၏လူများ စားစရာဘို့ ဂျုံဆန်၊ မုယောဆန်၊ မုန့်ညက်၊ ပေါက်ပေါက်မျိုး၊ ပဲမျိုး၊
29蜂蜜、奶油、绵羊和乳酪送给大卫和跟随他的人吃,因为他们说:“这些人在旷野一定又饥饿,又疲倦,又口渴了。”
29ပျားရည်၊ နို့ဓမ်း၊ သိုး၊ ဒိန်ခဲနှင့်တကွ အိပ်ရာ၊ လင်ပန်း၊ မြေခွက်များကို ဆောင်ခဲ့ကြသည်။