1欺贫重富必受惩罚
1ဆင်းရဲသောသူတို့ကို ညှဉ်းဆဲလျက်၊ ငတ်မွတ်သောသူတို့ကိုနှိပ်စက်လျက်၊ မိမိသခင်တို့အား ငါတို့ သောက်ဘို့ယူခဲ့ကြဟုဆိုတတ်လျက်၊ ရှမာရိတောင်ပေါ်မှာနေသော ဗာရှန်နွားတို့၊ ဤစကားတော်ကိုနားထောင် ကြလော့။
2主耶和华指着自己的圣洁起誓:“看哪!对付你们的日子快到,人必用钩子把你们钩走,最后一个也必被人用鱼钩钩去。
2အရှင်ထာဝရဘုရားသည် မိမိသန့်ရှင်းခြင်း ပါရမီတော်ကိုတိုင်တည်၍ ကျိန်ဆိုတော်မူသည်အတိုင်း၊ သင်တို့ကို ငါးမျှားနှင့်၎င်း၊ သင်တို့သားမြေးတို့ကိုပိုက်ကွန်နှင့်၎င်း ဘမ်းဆီးယူသွားရသောကာလ ရောက်လိမ့်မည်။
3你们一个一个经过城墙的破口出去,被丢弃在哈门。”这是耶和华的宣告。
3သင်တို့သည် အသီးအသီးကိုယ်စီတွေ့သော အပေါက်ဖြင့်ထွက်၍ ရဲတိုက်ထဲသို့ ချခြင်းကိုခံရကြမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
4向偶像献祭的罪“你们去伯特利犯罪,在吉甲增加过犯吧!每早献上你们的祭物,每三日献上你们的十分之一吧!
4ဗေသလမြို့သို့သွား၍ ပြစ်မှားကြလော့။ ဂိလဂါလမြို့သို့လည်းသွား၍ များစွာသောပြစ်မှားခြင်းခြင်းကို ပြုကြလော့။ နံနက်တိုင်းပူဇော်သောယဇ်ကို၎င်း၊ သုံးနှစ်တခါ ဥစ္စာဆယ်ဘို့တဘို့ကို၎င်း ဆောင်ခဲ့ကြလော့။
5以色列人哪!把有酵的饼作感谢祭献上,高声宣扬你们自愿献的祭吧!这原是你们喜爱行的。”这是主耶和华的宣告。
5လုယူသောဥစ္စာထဲကကျေးဇူးချီးမွမ်းရာ ပူဇော်သက္ကာကို မီးရှို့ကြလော့။ အလိုလိုပြုသော ပူဇော်သက္ကာ များကိုလည်း ကြားပြော၍ကြော်ငြာစေကြလော့။ အိုဣသရေလအမျိုးသားတို့၊ ထိုသို့ပြုရာတွင် သင်တို့သည် မွေ့လျော်တတ်ကြသည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
6受重罚仍不悔改“虽然我使你们各城的人牙齿干净,各处都缺乏粮食;但你们仍不归向我。”这是耶和华的宣告。
6ငါသည်လည်း၊ သင်တို့မြို့ရွာရှိသမျှတို့၌ သွားတို့၏ စင်ကြယ်ခြင်းကို၎င်း၊ သင်တို့နေရာအရပ်ရှိသမျှတို့၌ အစာခေါင်းပါးခြင်းကို၎င်းပေးသော်လည်း၊ သင်တို့သည် ငါ့ထံသို့ပြန်၍ မလာကြဟုထာဝရဘုရားမိန့်တော်မူ၏။
7“我曾在收割前三个月,不降雨给你们;我降雨给一个城,在另一个城却不降雨;我在一块地降雨,另一块地没有雨水就枯干了。
7စပါးရိတ်ရာကာလမရောက်မှီ သုံးလအထက်က၊ မိုဃ်းမရွာစေခြင်းငှါ မိုဃ်းကိုငါဆီးတားပြီ။ မြို့တမြို့ပေါ်မှာ ရွာစေခြင်းငှါ၎င်း၊ တမြို့ပေါ်မှာမရွာစေခြင်းငှါ၎င်းပြုလျက်၊ မြေတကွက်သည် မိုဃ်းရေကိုခံရ၍ တကွက်သည် မခံရ၊ သွေ့ခြောက်လျက် နေရ၏။
8两三个城的居民挤到一个城去找水喝,却没有足够的水喝;但你们仍不归向我。”这是耶和华的宣告。
8ထိုသို့မြို့နှစ်မြို့သုံးမြို့သားတို့သည် ရေသောက်ခြင်းငှါ မြို့တမြို့သို့သွားရ၍ မဝရကြ။ သို့သော်လည်း၊ သင်တို့သည် ငါ့ထံသို့ ပြန်၍မလာကြဟု ထာဝရဘုရားမိန့်တော်မူ၏။
9“我曾多次用热风和霉烂击打你们的园子和葡萄园,叫蝗虫吃光你们的无花果树和橄榄树;但你们仍不归向我。”这是耶和华的宣告。
9လေထိ၍အပင်သေခြင်း၊ အရည်ယို၍ သေခြင်းဘေးဖြင့် ငါသည်ဒဏ်ခတ်လေပြီ။ သင်တို့၌ များပြားသောလယ်ယာ၊ စပျစ်ဥယျာဉ်၊ သင်္ဘောသဖန်းပင်၊ သံလွင်ပင်တို့ကို ကျိုင်းကောင်တို့သည် ကိုက်စားကြပြီ။ သို့သော်လည်း၊ ငါ့ထံသို့ ပြန်၍မလာကြဟု ထာဝရဘုရားမိန့်တော်မူ၏။
10“我在你们中间降下瘟疫,正如临到埃及的瘟疫一样;我用刀杀掉你们的年轻人,你们被掳去的马匹也遭杀戮;我使你们营里死尸的臭气扑鼻,但你们仍不归向我。”这是耶和华的宣告。
10အဲဂုတ္တုပြည်ခံရသော ကာလနာဘေးကို သင်တို့ရှိရာသို့ ငါစေလွှတ်လေပြီ။ လုလင်တို့ကို ထားဖြင့် ကွပ်မျက်စေပြီ။ မြင်းတို့ကိုသိမ်းသွားစေပြီ။ သင်တို့တပ်၌ ပုပ်စပ်သောအနံ့ကို သင်တို့နှာခေါင်း၌လှိုင်စေပြီ။ သို့သော်လည်း၊ ငါ့ထံသို့ ပြန်၍မလာကြဟု ထာဝရဘုရားမိန့်တော်မူ၏။
11“我倾覆你们,就像倾覆所多玛和蛾摩拉一样;你们像一根木柴,从火里抽出来;但你们仍不归向我。”这是耶和华的宣告。
11ဘုရားသခင်သည် သောဒုံမြို့နှင့် ဂေါမောရမြို့ကို မှောက်လှန်သကဲ့သို့၊ သင်တို့အချို့ကိုငါမှောက်လှန်၍ သင်တို့သည် မီးထဲကနှုတ်သောထင်းစကဲ့သို့ ဖြစ်ကြပြီ။ သို့သော်လည်း၊ ငါ့ထံသို့ ပြန်၍မလာကြဟု ထာဝရဘုရား မိန့်တော်မူ၏။
12“因此,以色列啊!我必这样对付你。以色列啊!因我必这样对付你,你应当预备迎见你的 神。”
12သို့ဖြစ်၍၊ အိုဣသရေလအမျိုး၊ အထက်က ပြုသကဲ့သို့ သင်တို့၌ငါပြုဦးမည်။ ထိုသို့ပြုမည်ဖြစ်သော ကြောင့်၊ အိုဣသရေလအမျိုး၊ သင်၏ဘုရားသခင်နှင့် တွေ့ခြင်းငှါ ကိုယ်ကိုပြင်ဆင်လော့။
13看哪!他造了山,创造了风,把他的心意告诉人;他造了晨光和黑暗,他的脚踏在地的高处,耶和华万军的 神就是他的名。
13တောင်တို့ကို လုပ်၍လေကိုဖန်ဆင်းထသော၊ လူစိတ်အကြံအစည်ကို လူအားဘော်ပြထသော၊ နံနက် အလင်းကို အမိုက်ဖြစ်စေထသော၊ မြင့်သောမြေအရပ်တို့ကို နင်းသောသူသည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားတည်းဟူသော ဘွဲ့နာမရှိတော်မူ၏။