1禁戒某种丧事的风俗
1သင်တို့သည် သင်တို့ဘုရားသခင် ထာဝရဘုရား ၏ သားဖြစ်ကြ၏။ သေသောသူအတွက် အသားကို မခုတ်မရှရ။ မျက်မှောင်ကြားမှာ အမွေးကို မရိတ်ရ။
2因为你是属于耶和华你的 神的圣洁子民;耶和华从地上的万民中拣选了你们,特作他自己的子民。
2သင်တို့သည် သင်တို့၏ ဘုရားသခင် ထာဝရ ဘုရားအဘို့၊ သန့်ရှင်းသောလူမျိုး ဖြစ်ကြ၏။ ထာဝရ ဘုရားသည် မြေကြီးပေါ်မှာရှိသမျှသော လူမျိုးထက်၊ ကိုယ်တော် ပိုင်ထိုက်သော အမျိုးဖြစ်စေခြင်းငှာ သင်တို့ကို ရွေးချယ်တော်မူပြီ။
3洁净与不洁净的动物(利11:1-20)“可厌恶之物,你都不可吃。
3စက်ဆုပ်ရွံ့ရှာဘွယ်သော အရာကို သင်တို့ မစားရ။
4你们可以吃的牲畜是以下这些:牛、绵羊、山羊、
4စားရသော တိရစ္ဆာန်ဟူမူကား၊ နွား၊ သိုး၊ ဆိတ်၊
5鹿、羚羊、赤鹿、野山羊、麋鹿、野羊、野鹿。
5သမင်၊ ဒရယ်၊ ဆတ်၊ ဂျီ၊ ဒိရှုန်၊ စိုင်၊ ဇမေရ အစရှိသော၊
6在走兽中,分蹄成两蹄趾,又反刍的走兽,你们都可以吃。
6ခွါကွဲပြား၍ စားမြုံ့ပြန်သော သားများကို စားရသောအခွင့်ရှိ၏။
7但是那些反刍或分蹄的走兽中,你们不可吃的有:骆驼、兔子和石獾,因为它们反刍却不分蹄,就对你们不洁净。
7သို့သော်လည်း စားမြုံ့ပြန်သောသား၊ ခွာကွဲပြား သော သားတို့တွင် မစားရသော သားဟူမူကား၊ ကုလား အုပ်၊ အာရနဘက်၊ ရှာဖန်တို့သည် စားမြုံ့ပြန်သော်လည်း၊ ခွာမကွဲပြားသောကြောင့် သင်တို့၌ မစင်ကြယ်။
8至于猪,因为它分蹄却不反刍,就对你们不洁净。它们的肉,你们不可吃;它们的尸体,你们不可触摸。
8ဝက်သည် ခွာကွဲပြားသော်လည်း၊ စားမြုံ့မပြန် သောကြောင့် သင်တို့၌ မစင်ကြယ်။ အသားကို မစားရ။ အသေကောင်ကိုလည်း မထိရ။
9“在水中,你们可以吃的,有以下这些:有鳍有鳞的,你们都可以吃。
9ရေ၌နေသော တိရစ္ဆာန်တကာတို့တွင် အယပ် နှင့် အကြေးရှိသော တိရစ္ဆာန်ကိုသာ စားရ၏။
10有鳍没有鳞的,你们都不可吃;这是对你们不洁净的。
10အယပ်နှင့် အကြေးမရှိသော တိရစ္ဆာန်ကို မစားရ။ သင်တို့၌ မစင်ကြယ်။
11“洁净的鸟类,你们都可以吃。
11စင်ကြယ်သော ငှက်အမျိုးမျိုးကို စားရသော အခွင့်ရှိ၏။
12你们不可吃的鸟类有以下这些:鹰、狗头鹰、红头鹰、
12မစားရသော ငှက်ဟူမူကား၊ ရွှေလင်းတ၊ ပင်လယ်လင်းတ၊ လင်းယုန်၊
13鸢、隼、黑隼,以及这一类的鸟;
13ဒါဟ၊ စွန်၊ လင်းတကြမ်းမျိုး၊
14乌鸦和这一类的鸟;
15ကျီးမျိုးရှိသမျှ၊ ကုလားအုပ်ငှက်၊ ငှက်ဆိုး၊ ဥဗျိုင်း၊ သိမ်းမျိုး၊
15驼鸟、夜鹰、海鹰、雀鹰,以及这一类的鸟;
16ဇိကွက်၊ ဣဗိတ်၊ ငှက်ကျား၊
16小猫头鹰、猫头鹰、角鸱、
17ဝံပို၊ ဝံလို၊ ကြိုးကြာ၊
17小枭、秃雕、鱼鹰、
18တောငန်း၊ ဒုံးစပ်မျိုး၊ ဒုံးကုလား၊ လင်းနို့မှစ၍၊
18鹳、鹭,以及这一类的鸟;戴胜和蝙蝠。
19အတောင်ရှိလျက် တွားတတ်သော တိရစ္ဆာန် ရှိသမျှတို့သည် သင်တို့၌ မစင်ကြယ်သည်ဖြစ်၍ အသား ကို မစားရ။
19有翅膀的昆虫,对你们都不洁净,你们都不可吃。
20စင်ကြယ်သော ငှက်အမျိုးမျိုးကို စားရသော အခွင့်ရှိ၏။
20洁净的鸟类,你们都可以吃。
21အလိုလိုသေသောအကောင်ကို မစားရ။ သင်တို့ ၌ တည်းခိုသော တပါးအမျိုးသားစားစရာဘို့ ပေးရမည်။ သို့မဟုတ် တကျွန်း တနိုင်ငံသားတို့အား ရောင်းရမည်။ သင်တို့သည် သင်တို့၏ဘုရားသခင် ထာဝရဘုရားအဘို့ သန့်ရှင်းသော လူမျိုးဖြစ်ကြ၏။ ဆိတ်သငယ်ကို အမိ နို့ရည်နှင့် မပြုတ်မချက်ရ။
21“自死的动物,你们都不可吃;可以送给你城里的寄居者吃,或是卖给外族人吃,因为你是归耶和华为圣的子民;不可用山羊羔母的奶煮山羊羔。
22လယ်ယာ၌ တနှစ်တနှစ်တွင် သိမ်းရသော အသီးအနှံဆယ်ဘို့တဘို့ကို အမှန်ခွဲထားရမည်။
22什一奉献的条例“你要把你撒种所产的,就是田地每年所出的,献上十分之一。
23သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ နာမတော်ကို တည်စေဘို့ရာ ရွေးကောက်တော်မူသော အရပ်၌ စပါး၊ စပျစ်ရည်၊ ဆီမှစ၍၊ သိုး၊ နွားတွင် အဦးဘွားသော သားငယ်ဆယ်ဘို့တဘို့ကို ရှေ့တော်မှာ စားရကြမည်။ ထိုသို့ပြုလျှင်၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားကို အစဉ်ကြောက်ရွံ့ရမည်အကြောင်း၊ သင်ရကြလိမ့်မည်။
23又要把你的五谷、新酒和新油的十分之一,以及你牛群羊群中头生的,在耶和华你的 神面前吃,就是在他选择作他名的居所的地方吃,好使你可以学习常常敬畏耶和华你的 神。
24သင်တို့၏ ဘုရားသခင် ထာဝရဘုရား ကောင်းကြီးပေးတော်မူသောအခါ၊ နာမတော်ကို တည်စေ ဘို့ရာ ရွေးကောက်တော်မူသော အရပ်သည် ဝေးလွန်း၍ ခရီးရှည်လျားသဖြင့်၊ ဥစ္စာဆယ်ဘို့တဘို့ကို ဆောင်၍ မသွားနိုင်လျှင်၊
24耶和华你的 神赐福与你的时候,耶和华你的 神选择要立为他名的地方,如果离你太远,那路又太长,使你不能把供物带到那里去;
25ထိုဥစ္စာကို ရောင်းပြီးမှ၊ ငွေကိုကိုင်လျက်၊ သင်တို့၏ဘုရားသခင် ထာဝရဘုရား ရွေးကောက်တော်မူ သော အရပ်သို့သွား၍၊
25你就可以换成银子,把银子拿在手里,到耶和华你的 神选择的地方去,
26စားချင်သော စိတ်အလိုရှိသည်အတိုင်း၊ နွား၊ သိုး၊ စပျစ်ရည်၊ သေရည်အစရှိသော စားချင်သမျှကို ဝယ်၍၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားရှေ့တော် မှာ၊ အိမ်သူအိမ်သားများနှင့်တကွ စားသောက်လျက်၊ ရွှင်လန်းခြင်းကို ပြုရကြမည်။
26你可以用这银子随意买牛羊、清酒和烈酒;你心想要的,都可以买;在那里,你和你的家人,都要在耶和华你的 神面前吃喝欢乐。
27သို့ရာတွင်၊ သင်တို့၌တည်းခိုသော လေဝိသား ဟူမူကား၊ သင်တို့နှင့်ရော၍၊ အဘို့မရှိ၊ အမွေကို မခံရ သောကြောင့်၊ သူ့ကို မစွန့်မပစ်ရဘဲ၊
27住在你城里的利未人,你不可丢弃他,因为他在你们中间无分无业。
28တတိယနှစ်တွင် သိမ်းသောအသီးအနှံ ဆယ်ဘို့တဘို့ ရှိသမျှကို ထုတ်၍ မြို့ထဲမှာ သိုထားရမည်။
28“每三年之末,你要把那一年的全部出产的十分之一取出来,积存在你的城里;
29သင်တို့နှင့်ရော၍ အဘို့မရှိ၊ အမွေကို မခံရသော လေဝိသား၊ သင်တို့နေရာအရပ်၌ ရှိသော တပါးအမျိုး သား၊ မိဘမရှိသော သူငယ်၊ မုတ်ဆိုးမများတို့သည် လာ၍ ဝစွာစားရကြမည်။ သို့ဖြစ်လျှင် သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ သင်တို့ပြုလေရာရာ၌ ကောင်းကြီး ပေးတော်မူမည်။
29这样,利未人(因为他在你们中间无分无业),以及在你城里的寄居者和孤儿寡妇,就可以来,吃得饱足;好叫耶和华你的 神,在你手所作的一切事上,赐福给你。”