聖經新譯本 (Simplified)

Myanmar

Deuteronomy

2

1旷野飘流
1တဖန် ထာဝရဘုရားသည် ငါ့အား မိန့်တော်မူ သည်အတိုင်း၊ ငါတို့သည် လှည့်၍၊ ဧဒုံပင်လယ်လမ်းဖြင့် တောသို့ ခရီးသွားလျက်၊ စိရတောင်ကို ကြာမြင့်စွာ လှည့်လည်ကြ၏။
2耶和华对我说:
2ထာဝရဘုရားကလည်း၊ သင်တို့သည် ကာလ အချိန်စေ့အောင် ဤတောင်ကို လှည့်လည်ကြပြီ။
3‘你们绕行这山的日子已经够了;现在要转向北去。
3တဖန် မြောက်မျက်နှာသို့ သွားကြဦးလော့။
4你要吩咐人民说:“你们的兄弟以扫的子孙,住在西珥,你们现在要经过他们的境界;他们必惧怕你们,所以你们要十分谨慎。
4သင်သည် လူများတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့၏ညီအစ်ကို ဧသောအမျိုးသားတို့ နေသော စိရပြည်အနားမှာ သင်တို့ရှောက်သွားသောအခါ၊ သူတို့ သည် ကြောက်ကြလိမ့်မည်။ ထို့ကြောင့် သတိပြုကြ လော့။
5不要与他们争执;他们的地,连脚掌那么大的一块,我都不给你们,因为我已经把西珥山赐给以扫作产业。
5သူတို့ကို အလျှင်းမပြုကြနှင့်။ သူတို့ပြည်ကို သင်တို့အား ငါမပေး။ ခြေနင်းရာခန့်ကိုမျှ မပေး။ စိရတောင်ကို ဧသောအားငါ အပိုင်ပေးပြီ။
6你们要用银子向他们买食物吃;也要用银子向他们买水喝。
6သင်တို့သည် စားဘို့ရာအစာကို၎င်း၊ သောက်ဘို့ ရာရေကို၎င်း သူတို့ထံ ငွေနှင့်ဝယ်ရကြမည်။
7因为耶和华你的 神,对于你手里所作的一切事,都已经赐福给你;他也知道你怎样走这大旷野;这四十年来,耶和华你们的 神常与你同在,使你毫无缺乏。”’
7သင်တို့ပြုလေရာရာ၌ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် ကောင်းကြီးပေးတော်မူပြီ။ ဤတော ကြီး၌ သင်တို့လှည့်လည်သော အကြောင်းအရာတို့ကို သိတော်မူ၏။ အနှစ်လေးဆယ်ပတ်လုံး သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် သင်တို့နှင့်အတူ ရှိတော်မူသည်ဖြစ်၍၊ သင်တို့၌ ဘာမျှမလိုဟု ဆင့်ဆို ရ၏။
8“于是我们离开我们住在西珥的兄弟以扫的子孙,继续前行;沿着亚拉巴的路,到了以拉他和以旬.迦别,然后转向摩押旷野的路去。
8စိရပြည်မှာနေသော ငါတို့ညီအစ်ကို ဧသော အမျိုးသားတို့အနား၌ ရှောက်လျက် ဧလပ်မြို့၊ ဧဇယုန် ဂါဗါမြို့မှသွားသော လွင်ပြင်လမ်းသို့ လိုက်ပြီးလျှင်၊ တဖန် လှည့်၍ မောဘတောလမ်းဖြင့် သွားကြ၏။
9耶和华对我说:‘你不可敌视摩押人,也不可与他们争战;他们的地我不赐给你作产业,因为我已经把亚珥赐给了罗得的子孙作产业。
9ထာဝရဘုရားကလည်း၊ မောဘပြည်သားတို့ကို မနှောင့်ရှက်နှင့်။ စစ်မတိုက်နှင့်။ သူတို့ပြည်ကို သင့်အား ငါအပိုင်မပေး။ အာရပြည်ကို လောတအမျိုးသားတို့အား ငါအပိုင်ပေးပြီဟု ငါ့အား မိန့်တော်မူ၏။
10(以前有以米人住在那里,这族人人数众多,身体高大,像亚衲族人一样。
10ရှေးကာလ၌ အာနကအမျိုးသားကဲ့သို့ ကြီးမြင့် များပြားသောလူ၊ ဧမိမ်အမျိုးသားတို့သည် ထိုပြည်မှာ နေကြ၏။
11这以米人,像亚衲族人一样,也算为利乏音人;但摩押人称他们为以米人。
11ထိုသူတို့သည် အာနကအမျိုးသားကဲ့သို့ အလွန် ကြီးမားသော လူတို့အဝင်ဖြစ်သည်ကို လူများ ထင်မှတ် ကြ၏။ သို့ရာတွင် မောဘပြည်သားတို့သည် ထိုသူတို့ကို ဧမိမ်ဟူ၍ ခေါ်ကြ၏။
12以前何利人也住在西珥,但以扫的子孙占领了他们的产业,消灭了他们,住在他们那里,就像以色列在耶和华赐给他们作产业的地上所行的一样。)
12ရှေးကာလ၌ ဟောရိလူတို့သည်လည်း စိရပြည် မှာနေကြ၏။ ထိုသူတို့ကို ဧသောအမျိုးသားတို့သည် သုတ်သင်ပယ်ရှင်း၍ သူတို့နေရာ၌ နေကြ၏။ ထိုအတူ ထာဝရဘုရား အပိုင်ပေးတော်မူသော ပြည်ကို ဣသရေလအမျိုးသားတို့သည် ပြုရကြသတည်း။
13现在你们要起来,过撒烈溪。’于是我们过了撒烈溪。
13ယခုထ၍ ဇေရက်ချောင်းကို ကူးကြလော့ဟု မိန့်တော်မူသည်အတိုင်း၊ သင်တို့သည် ဇေရက်ချောင်းကို ကူးကြ၏။
14自从我们离开加低斯.巴尼亚,直到过了撒烈溪的日子,共有三十八年,等到那世代的战士都从营中灭绝为止,正像耶和华向他们所起的誓一样。
14ကာဒေရှဗာနာအရပ်သို့ အရင်ရောက်သော ကာလမှစ၍ ဇေရက်ချောင်းကို ကူးသောကာလ တိုင်အောင် နှစ်ပေါင်းသုံးဆယ်ရှစ်နှစ် လွန်သတည်း။ ထာဝရဘုရား ကျိန်ဆိုတော်မူသည်အတိုင်း။ အရင်စစ် သူရဲမျိုးအပေါင်းတို့သည် လူအလုံးအရင်းထဲက သေကြေ ကွယ်ပျောက်ရကြ၏။
15耶和华的手攻击了他们,把他们从营中除灭,直到灭尽为止。
15ထိုသူတို့ မကွယ်မပျောက်မှီတိုင်အောင်၊ ထာဝရ ဘုရားသည် သူတို့ကို အလုံးအရင်းထဲက ပယ်ရှားခြင်းငှါ လက်တော်ကို ဆန့်တော်မူ၏။
16“所有战士都从民中死尽以后,
16စစ်သူရဲအပေါင်းတို့သည် လူစုထဲက သေကြေ ကွယ်ပျောက်ပြီးမှ၊
17耶和华就对我说:
17ထာဝရဘုရားက၊ သင်သည် မောဘပြည်၊ အာရနယ်အလယ်၌ ယနေ့ ရှောက်သွားရမည်။
18‘你今天要经过摩押的境界亚珥;
18အမ္မုန်အမျိုးသားတို့ အနီးသို့ရောက်သောအခါ သူတို့ကို မနှောင့်ရှက်နှင့်၊ အလျှင်းမပြုနှင့်။
19你走近亚扪人面前的时候,不可敌视他们,也不可与他们争执;亚扪人的地我不赐给你们作产业,因为我已经把那地赐给了罗得的子孙作产业。
19အမ္မုန်အမျိုး သားနေသောပြည်ကို သင့်အား ငါအပိုင်မပေး၊ ထိုပြည်ကို လောတအမျိုးသားတို့အား ငါအပိုင်ပေးပြီဟု ငါ့အား မိန့်တော်မူ၏။
20(那地也算为利乏音人的地,以前利乏音人住在那里,但亚扪人称他们为散送冥。
20ထိုပြည်ကိုလည်း၊ အလွန်ကြီးမားသော သူတို့၏ နေရာဖြစ်သည်ဟု လူများထင်မှတ်ကြ၏။ ရှေးကာလ၌ ထိုသို့သောလူတို့သည် နေကြ၏။ သူတို့ကို အမ္မုန်ပြည်သား တို့သည် ဇံဇုမ္မိမ်ဟူ၍ ခေါ်ကြ၏။
21这族人人数众多,身体高大,像亚衲族人一样;但耶和华从亚扪人面前消灭了他们,亚扪人就占领了他们的地业,住在那里,
21ထိုလူမျိုးသည် အာနကအမျိုးသားကဲ့သို့ ကြီးမြင့် များပြားသော လူဖြစ်ကြ၏။
22好像耶和华从前为住在西珥的以扫的子孙所作的一样,就是把何利人从他们面前消灭,他们就占领了他们的地业,住在他们那里,直到今日。
22သို့သော်လည်း စိရပြည်၌ နေသော ဧသောအမျိုးသားရှေ့မှာ ဟောရိလူတို့ကို ထာဝရဘုရား ဖျက်ဆီးတော်မူသဖြင့်၊ သူတို့နေရာ၌ ဧသောအမျိုးသားတို့သည် ယနေ့တိုင်အောင် နေကြ သကဲ့သို့၊ အမ္မုန်အမျိုးသားတို့သည် နေကြ၏။
23还有亚卫人,原先住在迦萨附近的各村庄里,有从迦斐托出来的迦斐托人把他们消灭了,住在他们那里。)
23ထိုအတူ၊ ဟာဇရိမ်မြို့မှစ၍ အဇ္ဇာမြို့တိုင် အောင် နေဘူးသော အာဝိမ်လူတို့ကို၊ ကတ္တောရမြို့မှ ထွက်သော ကတ္တောရိမ်လူတို့သည် ဖျက်ဆီး၍ သူတို့ နေရာ၌ နေကြ၏။
24现在你要起来,出发,过亚嫩谷;看哪,我已经把亚摩利人希实本王西宏和他的土地,交在你的手里了;你要开始占领那地作产业,与他争战。
24သင်တို့သည် ထ၍ ခရီးသွားသဖြင့် အာနုန်မြစ် ကို ကူးကြလော့။ အာမောရိအမျိုး၊ ဟေရှဘုန်ရှင်ဘုရင် ရှိဟုန်နှင့် သူ၏မြေကို သင်တို့လက်၌ ငါအပ်သော ကြောင့်၊ ထိုမြေကို သိမ်းစပြု၍ ထိုမင်းကို စစ်တိုက် ကြလော့။
25就在今天,我要使天下万民听见你的消息都惊慌惧怕,而且因你的缘故发抖疼痛。’
25မိုဃ်းကောင်းကင်အောက်၌ ရှိသမျှသောလူမျိုး တို့သည် ယနေ့ သင်တို့ကို ကြောက်ရွံ့ထိတ်လန့်စရှိ မည်အကြောင်း ငါပြုမည်။ သင်တို့၏သိတင်းကို ကြား၍ တုန်လှုပ်ခြင်း၊ စိုးရိမ်ကြောင့်ကြခြင်းသို့ ရောက်ကြလိမ့် မည်ဟု မိန့်တော်မူ၏။
26击败希实本王西宏(民21:21-30)“我从基底莫的旷野,派使者到希实本王西宏那里去,用和平的话说:
26ငါသည်လည်း၊ ကေဒမုတ်တောမှ ဟေရှဘုန် ရှင်ဘုရင်ရှိဟုန်မင်းထံသို့ သံတမန်တို့ကို စေလွှတ်လျက်၊
27‘求你让我从你的地经过;我只走大道,不偏左也不偏右。
27မင်းကြီး၏ ပြည်အလယ်၌ ကျွန်ုပ်ရှောက်သွားပါရစေ။ မင်းလမ်းသို့သာ လိုက်ပါမည်။ လက်ျာဘက်လက်ဝဲ ဘက်သို့မလွှဲပါ။
28你可以按着价钱把食物卖给我吃,也可以按着价钱把水卖给我喝;只要让我步行过去就是了;
28စိရပြည်၌နေသော ဧသောအမျိုးသား၊ အာရ ပြည်၌နေသော မောဘအမျိုးသားတို့သည် ကျွန်ုပ်၌ ပြုသကဲ့သို့ ကျွန်ုပ်စားဘို့ရာ အစာကို၎င်း၊ သောက်ဘို့ ရာ ရေကို၎င်း၊ မင်းကြီးသည် ငွေနှင့်ရောင်းပါလော့။
29好像住在西珥的以扫子孙,和住在西珥的摩押人待我一样,等我过约旦河,进到耶和华我们的 神赐给我们的地去。’
29ကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရား ပေးတော်မူသော ပြည်သို့ ကျွန်ုပ်သည် ယော်ဒန်မြစ်ကို ကူး၍ မရောက်မှီ တိုင်အောင် မင်းကြီး ပြည်အလယ်၌ ခြေဖြင့်သွားရုံမျှသာ ပြုပါမည်ဟု မိဿဟာယစကားနှင့် ပြောဆိုသော်လည်း၊
30但是希实本王西宏不肯让我们从他那里经过,因为耶和华我们的 神使他的心意顽固,使他的心刚硬,为要把他交在你的手里,像今日一样。
30ကျွန်ုပ်တို့ ရှောက်သွားရသော အခွင့်ကို ဟေရှဘုန်ရှင်ဘုရင် ရှိဟုန်မင်းသည် မပေး။ အကြောင်း မူကား၊ ယနေ့ ထင်ရှားသည်အတိုင်း၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် ထိုမင်းကို သင်တို့ လက်၌ အပ်ခြင်းငှါ၊ ခက်ထန်သော စိတ်သဘော၊ ခိုင်မာသောနှလုံးကို သူ၌ ပေးသွင်းတော်မူ၏။
31耶和华对我说:‘看哪,我已经把西宏和他的地交给你了,你可以占领他的地作产业。’
31ထာဝရဘုရားကလည်း၊ ရှိဟုန်မင်းနှင့် သူ၏ မြေကို သင့်အား ငါပေးစပြု၏။ ထိုမြေကို အမွေခံအံ့ သောငှါ၊ သိမ်းစပြုလော့ဟု ငါ့အား မိန့်တော်မူ၏။
32“那时西宏和他所有的人民都出来,攻击我们,在雅杂与我们作战。
32ထိုအခါ ရှိဟုန်မင်းသည် သူ၏လူအပေါင်းတို့ နှင့်တကွ ယာဟတ်မြို့မှာ ငါတို့ကိုတိုက်ခြင်းငှါ ထွက်လာ၏။-
33耶和华我们的 神把他交给了我们,我们就把他、他的儿子们和他所有的人民都击杀了。
33ငါတို့ဘုရားသခင်ထာဝရဘုရားသည်ထိုမင်းကို ငါတို့၌ အပ်တော်မူသဖြင့် သူမှစ၍ သားများ၊ လူများအပေါင်းတို့ကို ငါတို့သည် လုပ်ကြံကြ၏။
34那时我们夺取了他所有的城邑,把每一座城,连男带女,以及小孩子都全部毁灭,没有留下一个存活的;
34ထိုအခါ သူ၏မြို့ရှိသမျှတို့ကို တိုက်ယူ၍၊ ယောက်ျားမိန်းမ သူငယ်တို့ကို တယောက်မျှ မကြွင်း စေခြင်းငှါ ရှင်းရှင်းဖျက်ဆီးကြ၏။
35只留下我们掠为己有的牲畜,和我们夺取城邑所得的战利品。
35တိရစ္ဆာန်များ၊ မြို့ရွာ၌လက်ရဥစ္စာများကိုသာ ကိုယ်ဘို့ သိမ်းယူကြ၏။
36从亚嫩谷旁边的亚罗珥和谷中的城,直到基列,没有一座城太高,是我们不能攻下的;耶和华我们的 神把这一切都交给我们了。
36အာနုန်မြစ်နား၌ရှိသော အာရော်မြို့မှစ၍ ဂိလဒ်မြို့တိုင်အောင်၊ မြစ်နား၌ ရှိသမျှသော မြို့တို့တွင် ငါတို့မအောင်နိုင်သော မြို့တမြို့မျှမရှိ။ ငါတို့ဘုရား သခင် ထာဝရဘုရားသည် အလုံးစုံတို့ကို ငါတို့၌ အပ်တော်မူ၏။
37只有亚扪人的地,雅博河一带的地方,和山地的城市,以及耶和华我们的 神吩咐我们不可去的地方,我们都没有走近。”
37သို့ရာတွင် အမ္မုန်အမျိုးသားနေသောမြေ၊ ယဗ္ဗုတ်မြစ်နှင့်ဆိုင်သော မြေ၊ တောင်ရိုးမြို့ အစရှိသော၊ ငါတို့ဘုရားသခင် ထာဝရဘုရား မြစ်တားတော်မူသော အရာတစုံတခုကိုမျှ မချဉ်းရကြ။