聖經新譯本 (Simplified)

Myanmar

Exodus

25

1为圣所奉献(出35:4-9)
1ထာဝရဘုရားကလည်း၊ ဣသရေလအမျိုးသားတို့သည်၊
2“你要告诉以色列民,叫他们给我送礼物来,所有心里乐意奉献的人,你们就可以收下他们给我的礼物。
2ငါ့အား လက်ဆောင်ပဏ္ဏာကို ဆောင်ခဲ့ရမည်အကြောင်း ဆင့်ဆိုလော့။ ကြည်ညိုသောစေတနာစိတ် နှင့် ငါ့အား လှူသမျှသောသူတို့၌ သင်သည် အလှူကို ခံရမည်။
3以下是你们要从他们收取的礼物:金、银、铜、
3ခံရသောအလှူဟူမူကား၊ ရွှေ၊ ငွေ၊ ကြေးဝါ၊
4蓝色紫色朱红色线、细麻、山羊毛、
4ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချော၊ ဆိတ်မွေး။
5染红的公羊皮、海狗皮、皂荚木、
5အနီဆိုးသောသိုးရေ၊ တဟာရှသားရေ၊ အကာရှသစ်သား။
6灯油、膏油的香料和焚香用的香料,
6လိမ်းရန်ဆီဘော်ဘို့၊ မီးရှို့ရာနံ့သာပေါင်းမွှေးဘော်ဘို့ရာ၊ နံ့သာမျိုး၊ မီးထွန်းစရာဆီ၊
7绿柱玉宝石和镶嵌在以弗得和胸牌上的宝石。
7ရှဟံကျောက်၊ ယဇ်ပုရောဟိတ် သင်တိုင်းနှင့် ရင်ဖွဲ့၌ စီစရာကျောက်မြတ်တည်းဟူသော အလှူကို ခံရမည်။
8他们要为我建造圣所,使我可以在他们中间居住。
8ငါသည် သင်တို့တွင် ကျိန်းဝပ်ရာဘို့ သန့်ရှင်းရာဌာနကို လုပ်ကြစေ။
9按着我指示你建造会幕和一切器具的样式,你们要照样建造。
9ငါပြသမျှသော တဲတော်ပုံ၊ တဲတော်တန်ဆာပုံနှင့်အညီ လုပ်ရမည်။
10约柜的做法(出37:1-9)“他们要用皂荚木做一个柜,长一百一十公分,宽六十六公分,高六十六公分。
10အလျားနှစ်တောင်ထွာ၊ အနံတတောင်ထွာ၊ စောက်တတောင်ထွာရှိသော သေတ္တာကို၊ အကာရှသား နှင့်လုပ်၍၊ သေတ္တာအတွင်းအပြင်ကို ရွှေစင်နှင့် မွမ်းမံရမည်။
11你要用纯金包柜,内外都要包上;柜上的四围要做金边。
11သေတ္တာအပေါ်နားပတ်လည်၌ ကွပ်သော ရွှေတန်ဆာကိုလည်း လုပ်ရမည်။
12你要铸造四个金环,安放在柜的四脚上,两个环在这边,两个环在那边。
12ရွှေလေးကွင်းကို သွန်း၍၊ သေတ္တာလေးထောင့်၌ တမျက်နှာ နှစ်ကွင်းစီ တပ်ရမည်။
13你要用皂荚木做几根柜杠,并要用金包裹起来。
13အကာရှသားထမ်းဘိုးကို လုပ်၍ ရွှေနှင့်မွမ်းမံပြီးမှ၊
14你要把柜杠穿在柜旁的环中,以便用杠抬柜。
14သေတ္တာထမ်းစရာဘို့ တဘက်တချက် ရွှေကွင်းထဲသို့ လျှိုထားရမည်။
15柜杠要常留在柜的环中,不可抽出环外。
15ထိုထမ်းဘိုးကိုလည်း သေတ္တာရွှေကွင်းထဲက မနှုတ်အစဉ် ရှိစေရမည်။
16你要把我赐给你的法版放在柜里。
16ငါပေးသော သက်သေခံချက်ကို၊ ထိုသေတ္တာထဲမှာ ထားရမည်။
17你要用纯金做施恩座,长一百一十公分,宽六十六公分。
17အလျားနှစ်တောင်ထွာ၊ အနံတတောင်ထွာရှိသော သေတ္တာအဖုံးကိုလည်း ရွှေနှင့်လုပ်ရမည်။
18你要用黄金锤成两个基路伯,放在施恩座的两端。
18ရွှေခေရုဗိမ်နှစ်ပါးကိုလည်း သေတ္တာအဖုံးတွင် အလျားတဘက်တချက်၌ ထုလုပ်ရမည်။
19这端做个基路伯,那端做个基路伯,二基路伯要与施恩座连在一起制造,在施恩座的两端。
19ထိုခေရုဗိမ်နှစ်ပါးကို သေတ္တာဖုံး ကိုယ်ထဲကထုတ်၍၊ သေတ္တာဖုံးအပေါ်၌ တဘက်တပါးစီ လုပ်ပြီးလျှင်၊
20二基路伯要在上面展开双翼,遮掩施恩座,基路伯的脸要彼此相对,他们的脸要朝着施恩座。
20ခေရုဗိမ်နှစ်ပါးတို့သည် မျက်နှာချင်းဆိုင်၍၊ သေတ္တာဖုံးကို ရှုလျက်၊ မိမိအတောင်ကို ဖြန့်၍ သေတ္တာဖုံးကို မိုးရမည်။
21你要把施恩座安放在柜顶,又要把我赐给你的法版放在柜里。
21သေတ္တာအဖုံးကို သေတ္တာပေါ်မှာ တင်ရမည်။ ငါပေးသော သက်သေခံချက်ကိုလည်း သေတ္တာထဲမှာ ထားရမည်။
22我要在那里和你相会,也要从施恩座上面,从二基路伯之间,告诉你一切我命令你传给以色列人的事。
22ထိုအရပ်၌ ငါသည် သင်နှင့်တွေ့၍၊ သက်သေခံချက်ထားသော သေတ္တာဖုံးအပေါ်၊ ခေရုဗိမ်နှစ်ပါး စပ်ကြားမှာ သင်နှင့် နှုတ်ဆက်သဖြင့်၊ ဣသရေလအမျိုးသားတို့၌ ဆင့်ဆိုရာသမျှတို့ကို စီရင်မည်။
23桌子的做法(出37:10-16)“你要用皂荚木做一张桌子,长八十八公分,宽四十四公分,高六十六公分。
23အလျားနှစ်တောင်၊ အနံတတောင်၊ အမြင့်တတောင်ထွာရှိသော စားပွဲကိုလည်း အကာရှသားနှင့် လုပ်၍၊
24你要用纯金包桌子,桌子的四围要做金边。
24ရွှေစင်နှင့် မွမ်းမံရမည်။ စားပွဲအပေါ်နားပတ်လည်၌ ကွပ်သော ရွှေတန်ဆာကို၎င်း၊
25你要给桌子的四围做七十五公厘宽的框边,框边上的四围要做金边。
25အနံလက်တဝါးရှိသော ခါးပန်းကို၎င်း၊ ခါးပန်းအပေါ်နားပတ်လည်၌ ကွပ်သော ရွှေတန်ဆာကို၎င်း လုပ်ရမည်။
26你要做四个金环,把金环安放在桌子的四角上,就是在桌子的四脚上。
26ရွှေလေးကွင်းကိုလည်း လုပ်၍၊ ခြေထောက်လေးခု အထက်စားပွဲလေးထောင့်၌ တပ်ရမည်။
27环子要靠近框边,用来穿桌杠,以便抬桌子。
27ထိုရွှေကွင်းတို့သည် ခါးပန်းပေါ်မှာရှိ၍၊ စားပွဲထမ်းစရာ ထမ်းဘိုးနေရာဖြစ်ရမည်။
28你要用皂荚木做几根桌杠,又要用金包裹起来,桌子要用桌杠来抬。
28စားပွဲထမ်းစရာ အကာရှသားထမ်းဘိုးကို လုပ်၍ ရွှေနှင့်မွမ်းမံရမည်။
29你要做桌子上的盘子、碟子、酒杯和奠酒用的瓶,这些你要用纯金制造。
29စားပွဲနှင့်ဆိုင်သော လင်ပန်း၊ ဇွန်း၊ အင်တုံ၊ လောင်းစရာဖလားများကိုလည်း ရွှေစင်နှင့် လုပ်ရမည်။
30你又要在桌子上,在我面前,常常摆放陈设饼。
30ငါ့ရှေ့၊ စားပွဲပေါ်မှာ ရှေ့တော်မုန့်ကို အစဉ်တင်ရမည်။
31灯台的做法(出37:17-24)“你要用纯金做一个灯台,那灯台你要用锤锤成;灯台的座、干、杯、球、花,都要与灯台连在一起。
31မီးခုံကိုလည်း ရွှေစင်နှင့်လုပ်၍၊ မီးခုံတိုင်အစရှိသော အလက်များ၊ ခွက်များ၊ ဘူးသီးများ၊ ကြာပွင့်များတို့ကို တစပ်တည်းထုရမည်။
32灯台的两边伸出六个枝子;一边有三个灯台枝子,另一边也有三个灯台枝子。
32မီးခုံတိုင်တဘက်တချက်သုံးလက်စီထွက်၍၊ အလက်ခြောက်လက်ရှိရမည်။
33在第一个枝子上有三个杯,形状像杏花,有球、有花;在另外一个枝子也有三个杯,形状像杏花,有球、有花。从灯台伸出的六个枝子,都是这样。
33မီးခုံတိုင်ထဲက ထွက်သော အလက်သုံးလက်တွင်၊ တလက် တလက်၌ ဘူးကြာပွင့်နှင့်တကွ၊ ဗာတံသီးနှင့် ပုံတူသော ခွက်သုံးခွက် ရှိရမည်။
34灯台上有四个杯,形状像杏花,有球、有花。
34မီးခုံတိုင်၌လည်း ဘူးကြာပွင့်နှင့်တကွ၊ ဗာတံသီးနှင့်ပုံတူသော ခွက်လေးခွက် ရှိရမည်။
35每两个枝子的下面有球和灯台相连,从灯台伸出来的六个枝子,都是这样。
35မီးခုံတိုင်ထဲကထွက်သော အလက်ခြောက်လက်ရှိသည်အတိုင်း၊ အလက်နှစ်ဘက်အောက်၌လည်း ဘူးသီးတလုံးစီ ရှိရမည်။
36球和枝子都要与灯台连在一起,都是从一块纯金锤成的。
36ဘူးများ၊ အလက်များတို့ကို တကိုယ်တစပ်တည်းဖြစ်စေ၍၊ မီးခုံတကိုယ်လုံးကို ရွှေစင်နှင့် ထုလုပ်ရမည်။
37你要做灯台上的七个灯盏,这些灯盏要放在灯台之上,使灯光照亮对面的地方。
37မီးခွက်ခုနစ်လုံးကိုလည်း လုပ်ရမည်။ စားပွဲကို လင်းစေခြင်းငှာ ထိုမီးခွက်ကို ထွန်းရမည်။
38灯台上的灯剪和灯花盆,也是要纯金做的。
38မီးညှပ်နှင့် မီးညှပ်ခံစရာခွက်တို့သည်လည်း ရွှေစင်ဖြစ်ရမည်။
39要用三十五公斤纯金做灯台和一切器具。
39မီးခုံနှင့် မီးခုံတန်ဆာရှိသမျှတို့ကို၊ ရွှေစင်အခွက်တဆယ်နှင့် လုပ်ရမည်။
40你要留心照着在山上指示你的样式去做。”
40တောင်ပေါ်မှာ သင့်အား ပြခဲ့ပြီးသောပုံနှင့် ညီလျော်စွာ လုပ်ခြင်းငှာ သတိပြုရမည်။