聖經新譯本 (Simplified)

Myanmar

Exodus

27

1祭坛的做法(出38:1-7)
1တနည်းကား၊ အလျားငါးတောင်၊ အနံငါးတောင်ရှိ၍ စတုရန်းလေးထောင့်ဖြစ်သော ယဇ်ပလ္လင်ကို၊ အကာရှသားနှင့်လုပ်ရမည်။ အမြင့်လည်း သုံးတောင်ရှိရမည်။
2要在祭坛的四拐角做四个角,角要与祭坛连在一块,祭坛要包上铜。
2ယဇ်ပလ္လင် လေးထောင့်အပေါ်မှာ၊ ဦးချိုလေးချောင်းကို အကာရှသားနှင့်လုပ်၍ ကြေးဝါနှင့် မွမ်းမံရမည်။
3要做盆,用来收去祭坛上的灰,又要做铲、盘、肉叉和火鼎;祭坛上的一切器具,你都要用铜来做。
3ပြာခံစရာအိုးနှင့်တကွ တူးရွင်းပြား၊ အင်တုံ၊ အမဲသားချိတ်၊ လင်ပန်း အစရှိသော ယဇ်ပလ္လင်နှင့် ဆိုင်သော တန်ဆာရှိသမျှတို့ကို ကြေးဝါနှင့် လုပ်ရမည်။
4要为坛做一个铜网,网的四拐角上要做四个铜环。
4ကြေးဝါ ဆန်ခါကို၎င်း၊ ဆန်ခါလေးထောင့်အပေါ်မှာ ကြေးဝါလေးကွင်းကို၎င်း လုပ်ပြီးလျှင်၊
5要把网安在祭坛下面的围腰板之下,使网从下面直达到祭坛的半腰。
5ယဇ်ပလ္လင်ခါးပန်းအောက်၊ အလယ်၌ ထားရမည်။
6又要为祭坛做杠,就是皂荚木的杠,要包上铜。
6ယဇ်ပလ္လင်ထမ်းစရာ အကာရှသားထမ်းဘိုးတို့ကို လုပ်၍ ကြေးဝါနှင့် မွမ်းမံပြီးမှ၊
7杠要穿在祭坛的环子里,抬祭坛的时候,杠就在祭坛的两边;
7ယဇ်ပလ္လင်ကို ထမ်းစရာဘို့ တဘက်တချက် ကွင်းများ၌ လျှိုထားရမည်။
8你要用木板做祭坛,祭坛是空心的。你要照着在山上指示你的去做。
8တောင်ပေါ်မှာ သင့်အား ပြသည်အတိုင်း၊ ထိုယဇ်ပလ္လင်ကို အပေါ်အောက် ဟင်းလင်းဖြစ်စေခြင်းငှာ၊ ပျဉ်ပြားနှင့် လုပ်ရမည်။
9院子的做法(出38:9-20)“你要做会幕的院子。在南面,即向南的一面,要用捻的细麻为院子做帷幔,每边长四十四公尺。
9တဲတော်ဝင်း ကာရန်မူကား၊ အလျားအတောင်တရာရှိသော ပိတ်ချောနှင့် တောင်ဘက်၌ ကုလားကာကို လုပ်ရမည်။
10帷幔的柱子要二十根,铜插座二十个。柱子上的钩子和桁子都是银的。
10ထိုကုလားကာဘို့ တိုင်နှစ်ဆယ်၊ တိုင်ခြေစွပ်နှစ်ဆယ်ကို ကြေးဝါနှင့်လုပ်၍ တိုင်တံစို့၊ တိုင်တန်းတို့ကို ငွေဖြင့် ပြီးစေရမည်။
11北面也是一样,要有四十四公尺长的帷幔,帷幔的柱子二十根,铜插座二十个,柱子上的钩子和桁子都是银的。
11ထိုနည်းတူ၊ မြောက်ဘက်၌ ကာရန် အလျားအတောင် တရာရှိသော ကုလားကာနှင့်တကွ ငွေတံစို့၊ ငွေတန်းပါသော ကြေးဝါထိုင်နှစ်ဆယ်၊ ကြေးဝါခြေစွပ်နှစ်ဆယ် ရှိရမည်။
12院子的西面,也要有帷幔,宽二十二公尺。帷幔的柱子十根,插座十个。
12ဝင်းအနောက်ဘက် အနံ၌ ကာရန်၊ အလျားအတောင်ငါးဆယ်ရှိသော ကုလားကာနှင့်တကွ တိုင်တဆယ်၊ ခြေစွပ်တဆယ်ရှိရမည်။
13院子的东面,要有二十二公尺宽。
13ဝင်းအရှေ့ဘက်၌လည်း အနံအတောင်ငါးဆယ်ရှိရမည်။
14门一面的帷幔要六公尺六公寸,帷幔的柱子三根,插座三个。
14တံခါးဝတဘက်တချက်၌ ကာရန်၊ အလျားဆယ်ငါးတောင်ရှိသော ကုလားကာနှင့်တကွ တိုင်သုံးတိုင်၊
15门另一面的帷幔也要六公尺六公寸,帷幔的柱子三根,插座三个。
15ခြေစွပ်သုံးခုရှိရမည်။
16院子的大门要有门帘,长九公尺,是用蓝色紫色朱红色线和捻的细麻,用刺绣的手工织成,柱子四根,插座四个。
16ဝင်းတံခါးဝ၌ ကာရန်၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့်ပြီး၍၊ ချယ်လှယ်သော ကုလားကာအတောင်နှစ်ဆယ်နှင့်တကွ တိုင်လေးတိုင် ခြေစွပ်လေးခုရှိရမည်။
17院子周围一切柱子,都要用银桁子相连起来。柱子上的钩子是银的,插座是铜的。
17ဝင်းပတ်လည်၌ တိုင်ရှိသမျှတို့သည် ငွေတံစို့၊ ငွေတန်း၊ ကြေးဝါခြေစွပ်နှင့် ပြည့်စုံရမည်။
18院子要长四十四公尺,宽二十二公尺,高两公尺两公寸;帷幔是细麻捻的,插座是铜的。
18ဝင်းသည် အလျားအတောင်တရာ၊ အနံငါးဆယ်၊ အမြင့်ငါးတောင်ရှိ၍၊ ပိတ်ချောနှင့်ကြေးဝါ ခြေစွပ်ဖြင့် ပြီးရမည်။
19会幕中为礼拜用的一切器具和钉子,以及院子里的一切钉子,都是铜的。
19အမှုတော်ထမ်းဘို့ တဲတော်အသုံးအဆောင်ရှိသမျှကို၎င်း၊ တဲတော်တံသင်၊ ဝင်းနှင့်ဆိုင်သော တံသင်ရှိသမျှကို၎င်း ကြေးဝါနှင့်လုပ်ရမည်။
20油和灯的条例(利24:1-4)“你要吩咐以色列民把打成的纯橄榄油拿来给你,是为点灯用的,使灯常常点着。
20ပရိသတ်စည်းဝေးရာ တဲတော်တွင်၊ သက်သေခံချက်ထားရာအရပ်ကို ကာသော ကုလားကာပြင်မှာ၊ မီးခုံ၌ အစဉ်မပြတ် မီးထွန်းစရာဘို့၊ သံလွင်သီးကို ထောင်း၍ယူသော သံလွင်ဆီစစ်ကို၊ ဣသရေလအမျိုးသား တို့သည် ဆောင်ခဲ့ရကြမည်အကြောင်း ဆင့်ဆိုလော့။
21在会幕中法柜前的幔子外,亚伦和他的子孙,从晚上到早晨,要常在耶和华面前料理这灯。这要作以色列人世世代代的定例。”
21အာရုန်နှင့် သူ၏သားတို့သည်၊ ညဦးမှသည် နံနက်တိုင်အောင်၊ ထာဝရဘုရားရှေ့တော်၌ ထိုအမှုကို စီရင်ရမည်။ ဣသရေလအမျိုးတို့သည်၊ သားအစဉ်အဆက်စောင့်ရသော ပညတ်တော် ဖြစ်သတည်း။