聖經新譯本 (Simplified)

Myanmar

Ezekiel

5

1剃须发的象征
1တဖန်တုံ၊ အချင်းလူသား၊ ထက်သောထား တည်းဟူသော၊ ဆတ္တာသည်၏သင်တုန်းကိုယူ၍၊ ကိုယ်ဆံပင်နှင့်မုတ်ဆိတ်ကို ရိတ်ပြီးမှ၊ ချိန်ခွင်နှင့် ချိန်၍ အစုစုခွဲထားလော့။
2围困这城的日子满了,你要拿须发的三分之一在城中用火烧掉,又拿三分之一在城的周围用刀剁碎,三分之一撒在风中,我还要拔刀追赶它们。
2မြို့ကို ဝိုင်းထားရာ ကာလစေ့သောအခါ၊ ဆံပင်နှင့် မုတ်ဆိတ်သုံးစု တစုကို မြို့ထဲမှာ မီးရှို့လော့။ တစုကိုထားနှင့်ခုတ်ဖြတ်လော့။ တစုကို လေတိုက်ရာ၌ လွှင့်လော့။ ငါသည်လည်း ထိုအစုနောက်သို့ ထားကိုလွှတ် လိုက်မည်။
3你要在这些须发中取几根,用你的衣角把它们包起来。
3အနည်းငယ်ကိုလည်းယူ၍ ကိုယ်အဝတ်နှင့် ထုပ်လော့။
4再从这几根须发中取一部分投在火里焚烧;火必从那里蔓延到以色列全家。”
4ထိုအနည်းငယ်အချို့ကိုလည်း ယူပြန်၍ မီးရှို့ လော့။ ထိုမီးသည် ဣသရေလအမျိုးကို နှံ့ပြားလိမ့်မည်ဟု မိန့်တော်မူ၏။
5主耶和华这样说:“这就是耶路撒冷!我曾把她安置在列国中间,万邦环绕着她。
5တဖန်အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ ဤပုံသည် ယေရုရှလင်မြို့ဖြစ်၏။ ပတ်လည်၌ ရှိသောတိုင်းပြည်များတို့အလယ်မှာ ထိုမြို့ကို ငါထား၍၊
6但她违背我的典章,行恶胜过列国;触犯我的律例,比环绕着她的万邦更坏。她弃绝我的典章,不遵行我的律例。”
6ပတ်လည်၌ရှိသော တိုင်းသူပြည်သားတို့သည် ငါ၏စီရင်ထုံးဖွဲ့ ချက်ပညတ်တရားကို လွန်ကျူး သည်ထက်၊ ထိုမြို့သားတို့သည်သာ၍ မတရားသဖြင့် လွန်ကျူးကြပြီ။ ထိုပညတ်တရားတော်လမ်းသို့ မလိုက်ဘဲ ငြင်းပယ်ကြပြီ။
7主耶和华这样说:“你们比你们四围的列国更叛逆,不遵行我的律例,不遵守我的典章,连你们四围列国的法规你们也不遵守。”
7သို့ဖြစ်၍၊ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ သင်တို့သည် ပတ်လည်၌ရှိသော တိုင်းသူပြည်သား တို့ ဆန့်ကျင်သည်ထက်၊ သာ၍ဆန့် ကျင်သောကြောင့် ၎င်း၊ ငါ၏စီရင်ချက်လမ်းသို့မဟုတ်၊ ငါ၏ပညတ်တရား ကိုမစောင့်ရှောက်၊ ပတ်လည်၌ရှိသော တိုင်းသူပြည်သား တို့၏ထုံးစံဓလေ့ သို့လိုက်သောကြောင့်၎င်း၊
8所以,主耶和华这样说:“看哪!我要敌对你。我要在你中间,在列国的眼前,施行审判。
8ငါသည်ကိုယ်တိုင်သင့်တဘက်၌ နေ၍၊ တပါး အမျိုးသားတို့ရှေ့မှာ သင်၌အပြစ်ဒဏ်ကိုစီရင်မည်။
9我要因你一切可憎的事在你中间施行我未曾行过,以后也不会这样施行的审判。
9သင်ပြုဘူးသမျှသော ရွံ့ရှာဘွယ်အမှုတို့ကြောင့်၊ ငါမစီရင်စဖူး၊ မစီရင်လတံ့သောအပြစ်ဒဏ်ကို သင်၌ စီရင်မည်။
10因此,在你中间,父亲要吃儿子,儿子要吃父亲。我要向你施行审判,把你余剩的众人分散到四方去。
10သင်၏အလယ်၌ အဘတို့သည် သားတို့ကို စားကြလိမ့်မည်။ သားတို့သည်လည်း အဘတို့ကိုစားကြ လိမ့်မည်။ သင်၌အပြစ်ဒဏ်ကို စီရင်၍၊ ကျန်ကြွင်းသမျှကို အရပ်ရပ်တို့ကလာသောလေရှေ့မှာ ငါလွှင့်မည်။
11瘟疫、饥荒与刀剑的灾祸“我指着我的永生起誓(这是主耶和华的宣告),你既然用你一切可憎的偶像和一切可厌的事来玷污我的圣所,我必收回对你的恩宠,我的眼必不顾惜你,我也不怜恤你。
11ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ ငါအသက်ရှင်သည်အတိုင်း၊ စက်ဆုပ်ရွံရှာ ဘွယ်သော အမှုအရာအပေါင်းတို့နှင့် ငါ၏သန့်ရှင်းရာ ဌာနကို သင်သည်ညစ်ညူးစေသောကြောင့်၊ ငါသည် လည်း သင့်ကိုမနှမြော၊ မစုံမက်ဘဲမျက်နှာလွှဲမည်။
12你的人民三分之一必在你中间因瘟疫死亡,因饥荒消灭;三分之一必在你周围因刀剑倒毙;三分之一,我要分散到四方去,我还要拔刀追赶他们。
12သင်၏သုံးစုတို့တွင်၊ တစုသည်နာဘေးဖြင့် သေ၍၊ သင်၏အလယ်၌မွတ်သိပ်ခြင်းဘေးဖြင့် ဆုံးရ လိမ့်မည်။ တစခုသည်သင့်ပတ်လည်၌ ထားဘေးဖြင့်လဲ၍ သေရလိမ့်မည်။ တစုကိုအရပ်ရပ်တို့က လာသော လေရှေ့မှာငါလွှင့်၍၊ သူ့နောက်သို့ ထားကို လွှတ်လိုက် မည်။
13“这样我的怒气才可以发尽,我向他们所发的烈怒才可以平息,自己才得到舒畅。我向他们所发的烈怒完全发尽的时候,他们就知道我耶和华说过的话是出于嫉恨的心。
13ထိုသို့ငါအမျက်အလို ပြည့်စုံလိမ့်မည်။ ငါ့ဒေါသ အရှိန်ကို သူတို့အပေါ်မှာ တည်စေပြီးမှ၊ ငါ့စိတ်ပြေ လိမ့်မည်။ သူတို့၌ ငါ့ဒေါသစိတ်အလို ကိုပြည့်စုံ စေသောအခါ၊ ငါထာဝရဘုရားသည် စိတ်အားကြီး၍ မိန့်တော်မူကြောင်းကို သူတို့သိရကြလိမ့်မည်။
14我要使你变成荒地,使你在你四围的列国中和在所有路过的人眼前,成为羞辱的对象。
14ထိုမှတပါး၊ အနားမှာရှောက်သွားသမျှသော သူတို့ရှေ့တွင် သင့်ကိုလူဆိတ်ညံရာ၊ ပတ်လည်၌နေသော လူအမျိုးမျိုးတို့၏ ကဲ့ရဲ့ရာ ဖြစ်စေမည်။
15我以怒气、烈怒和忿怒的责备向你施行审判的时候,你就必在你四围的列国中成为羞辱、讥讽和令人惊骇的对象,也成了他们的警戒。这是我耶和华说的。
15ဒေါသအမျက်အရှိန်အားဖြင့် သင်၌ပြင်းပစွာ သော အပြစ်ဒဏ်ကို ငါစီရင်သောအခါ၊ ပတ်လည်၌ နေသောလူအမျိုမျိုးတို့တွင် သင်သည် ကဲ့ရဲ့ပြစ်တင်ရာ၊ သတိရရာ၊ အံ့ဩဘွယ်ရာဖြစ်လိမ့်မည်။ ထိုသို့ငါထာဝရ ဘုရား မိန့်တော်မူ၏။
16我射出饥荒和毁灭的毒箭的时候,是为了毁灭你们。我要使你们的饥荒加剧,断绝你们粮食的供应。
16သင်တို့ကို ဖျက်ဆီးခြင်းငှါ မွတ်သိပ်ခြင်း ဘေးတည်းဟူသော မြှားဆိုးတို့ကို ငါလွှတ်လိုက်သော အခါ၌၎င်း၊ သင်တို့တွင်မွတ်သိပ်ခြင်းဘေးကို တိုးပွါးစေ၍၊ မုန့်အထောက်အပင့်ကို ငါချိုးသောအခါ၌၎င်း၊
17我要差遣饥荒和恶兽到你们那里去,使你丧掉儿女;在你中间必到处发生瘟疫和流血的事;我也必使刀剑临到你。这是我耶和华说的。”
17သင်တို့ကို လုယက်နှိပ်စက်ရသော မွတ်သိပ်ခြင်း ဘေး၊ သားရဲဘေးကို ငါလွှတ်လိုက်၍၊ ထားဘေးကိုလည်း ရောက်စေသဖြင့်၊ နာဘေး၊ အသေသတ်ခြင်းဘေးတို့ သည် လွှမ်းမိုးသောအခါ၌၎င်း ထိုသို့ဖြစ်လိမ့်မည်။ ထိုသို့ ငါထာဝရဘုရားသည် မိန့်တော်မူ၏။