聖經新譯本 (Simplified)

Myanmar

Ezra

1

1古列王下旨建造圣殿
1ယေရမိဆင့်ဆိုသော ထာဝရဘုရား၏ အမိန့် တော်ကို ပြည့်စုံ စေခြင်းငှါ၊ ပေရသိရှင်ဘုရင် ကုရုနန်းစံ ပဌမနှစ်တွင်၊ ထာဝရဘုရား နှိုးဆော်တော်မူသော အားဖြင့်၊ ထိုရှင်ဘုရင်သည် အမိန့်တော်စာကို ထုတ်ပြီး လျှင်၊ ပေရသိနိုင်ငံအရပ်ရပ်တို့၌ ကြော်ငြာစေ၍၊
2“波斯王古列这样说:‘耶和华天上的 神已经把地上万国赐给我。他指派我在犹大的耶路撒冷为他建造殿宇。
2ပေရသိရှင်ဘုရင် ကုရုမင်းမိန့်တော်မူသည် ကား၊ ကောင်းကင်ဘုံ၏အရှင် ဘုရားသခင် ထာဝရ ဘုရားသည်၊ မြေကြီးပေါ်မှာ တိုင်းနိုင်ငံရှိသမျှတို့ကို ငါ့အားပေးတော်မူသည်ဖြစ်၍၊ ယုဒပြည်ယေရုရှလင်မြို့၌ အိမ်တော်ကို ငါတည်ဆောက်ရမည်အကြောင်း မှာထား တော်မူပြီ။
3你们中间凡是他的子民,愿 神与他同在的,都可以上犹大的耶路撒冷去,建造耶和华以色列的 神的殿,他是在耶路撒冷受敬拜的 神。
3သင်တို့တွင် အဘယ်သူသည် ဘုရားသခင်၏ လူဖြစ်သနည်း။ ထိုသူနှင့်အတူ ဘုရားသခင်ရှိတော်မူ ပါစေသော။ ယုဒပြည်ယေရုရှလင်မြို့သို့ သွား၍ ဣသ ရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ အိမ်တော် ကို တည်ဆောက်စေ။ ယေရုရှလင်မြို့၌ ရှိတော်မူသော ဘုရားသည် ဘုရားသခင်ဖြစ်တော်မူ၏။
4所有余民,无论寄居在什么地方,那地方的人都要用金、银、财物、牲畜帮助他,也要为在耶路撒冷 神的殿献上甘心的礼物。’”
4ဘုရားသခင်၏လူ တည်းခိုရာ အရပ်ရပ်၌ နေသောသူတို့သည်၊ ယေရုရှလင်မြို့မှာ ရှိတော်မူသော ဘုရားသခင်၏ အိမ်တော်အဘို့ အလိုလိုလှူသော အလှူမှတပါး၊ ရွှေ၊ ငွေ၊ ဥစ္စာ၊ တိရစ္ဆာန်နှင့် မစစေဟု မိန့်တော်မူ၏။
5准备回归于是,犹大和便雅悯的族长、祭司、利未人和所有被 神激动了心灵的人,都起来要上去,重建在耶路撒冷耶和华的殿。
5ထိုအခါ ယုဒအဆွေအမျိုးနှင့် ဗင်္ယာမိန် အဆွေ အမျိုး သူကြီးများ၊ ယဇ်ပုရောဟိတ်၊ လေဝိသားများနှင့် တကွ၊ ဘုရားသခင် နှိုးဆော်တော်မူသောသူ အပေါင်းတို့ သည်၊ ယေရုရှလင်မြို့၌ ရှိတော်မူသော ထာဝရဘုရား၏ အိမ်တော်ကို တည်ဆောက်ခြင်းငှါ ထကြ၏။
6他们四围的人都用银器、金子、财物、牲畜和珍贵的礼物协助他们,另外还有各种甘心奉献的礼物。
6အိမ်နီးချင်း ရှိသမျှတို့သည်၊ အလိုလိုလှူသော အလှူမှတပါး၊ ငွေတန်ဆာနှင့်ရွှေ အစရှိသော ဥစ္စာများ၊ တိရစ္ဆာန်များ၊ အဘိုးထိုက်သော အရာတို့နှင့် မစကြ၏။
7古列王把耶和华殿里的器皿拿出来,就是从前尼布甲尼撒从耶路撒冷拿来放在自己的神庙里的。
7ထိုမှတပါး၊ ယေရုရှလင်မြို့မှ နေဗုခဒ်နေဇာ သိမ်းသွား၍၊ မိမိဘုရားတို့ဗိမာန်၌ သွင်းထားသော ဗိမာန် တော်တန်ဆာတို့ကို၊
8波斯王古列命令司库官米提利达把这些器皿拿出来,按数交给犹大的领袖设巴萨。
8ပေရသိရှင်ဘုရင် ကုရုသည် ရွှေတိုက်စိုး မိသရေ ဒတ်လက်ဖြင့် ထုတ်၍၊ ယုဒမင်းရှေရှဗာဇာ၌ ရေတွက် လျက် အပ်တော်မူ၏။
9器皿的数目是:金盘三十个、银盘一千个、刀二十九把、
9ဗိမာန်တော် တန်ဆာစာရင်းဟူမူကား၊ ရွှေ ဖလားသုံးဆယ်၊ ငွေဖလားတထောင်၊ ထားနှစ်ဆယ် ကိုးစင်း၊
10金碗三十个、次等银碗四百一十个(“次等银碗四百一十个”:本句意义难确定,或译:“银碗二千四百一十个”),其他的器皿一千件。
10ရွှေအိုးသုံးဆယ်၊ ခြားနားသောငွေအိုး လေးရာ တဆယ်၊ အခြားသောတန်ဆာတထောင်၊
11全部的金银器皿共有五千四百件。被掳的人从巴比伦上耶路撒冷去的时候,设巴萨把这一切器皿都带上去。
11ရွှေတန်ဆာ၊ ငွေတန်ဆာအရေအတွက် ပေါင်း ကာ၊ ငါးထောင်လေးရာတည်း။ ထိုတန်ဆာများကို ရှေရှ ဗာဇာသည် ယူ၍၊ အချုပ်ခံရသော လူစုထဲက၊ ဗာဗုလုန် မြို့မှ ယေရုရှလင်မြို့သို့ ခေါ်သွားသော သူတို့နှင့်အတူ ဆောင်ခဲ့၏။