聖經新譯本 (Simplified)

Myanmar

Genesis

5

1亚当的后代(代上1:1-4)
1အာဒံ၏သားစဉ်မြေးစက် စာရင်းဟုမူကား၊ လူကို ဖန်ဆင်းတော်မူသော ကာလ၌၊ မိမိပုံသဏ္ဍာန်နှင့် အညီ၊ ဘုရားသခင် ဖန်ဆင်းတော်မူ၏။
2他创造了一男一女。在创造他们的时候, 神赐福给他们,称他们为人。
2လူယောက်ျားလူမိန်းမကို ဖန်ဆင်း၍၊ ကောင်းကြီးပေးတော်မူ၏။ ဖန်ဆင်းသောနေ့၌လည်း သူတို့ကို အာဒံအမည်ဖြင့် မှည့်တော်မူ၏။
3亚当一百三十岁的时候,生了一个儿子,样式和形象都和自己相似,就给他起名叫塞特。
3အာဒံသည် အသက်တရာ့သုံးဆယ်ရှိသော်၊ မိမိ ပုံသဏ္ဍာန်နှင့်အညီ သဏ္ဍာန်တည်းသားကိုမြင်ရ၍ ရှေသ အမည်ဖြင့် မှည့်လေ၏။
4亚当生塞特以后,还活了八百年,并且生了其他的儿女。
4ရှေသကို ဘွားမြင်သောနောက် အာဒံသည် အနှစ်ရှစ်ရာ အသက်ရှင်၍၊ သားသမီးများကိုမြင်လေ၏။
5亚当共活了九百三十岁,就死了。
5အာဒံသည် အသက်နှစ်ပေါင်း ကိုးရာသုံးဆယ် စေ့သော် သေလေ၏။
6塞特一百零五岁的时候,生了以挪士。
6ရှေသသည် အသက်တရာငါးနှစ်ရှိသော်၊ သားဧနုတ်ကို မြင်လေ၏။
7塞特生以挪士以后,还活了八百零七年,并且生了其他的儿女。
7ဧနုတ်ဘွားမြင်သောနောက်၊ ရှေသသည် အနှစ် ရှစ်ရာခုနှစ်နှစ်အသက်ရှင်၍၊ သားသမီးများကို မြင်လေ ၏။
8塞特共活了九百一十二岁,就死了。
8ရှေလသည် အသက်နှစ်ပေါင်းကိုးရာ တဆယ်နှစ်နှစ်စေ့သော် သေလေ၏။
9以挪士九十岁的时候,生了该南。
9ဧနုတ်သည် အသက်ကိုးဆယ်ရှိသော်၊ သား ကာဣနန်ကို မြင်လေ၏။
10以挪士生该南以后,还活了八百一十五年,并且生了其他的儿女。
10ကာဣနန်ဘွားမြင်သောနောက်၊ ဧနုတ်သည် အနှစ်ရှစ်ရာတဆယ်ငါးနှစ်အသက်ရှင်၍ သားသမီးများ ကို မြင်လေ၏။
11以挪士共活了九百零五岁,就死了。
11ဧနုတ်သည် အသက်နှစ်ပေါင်းကိုးရာငါးနှစ် စေ့သော်သေလေ၏။
12该南七十岁的时候,生了玛勒列。
12ကာဣနန်သည် အသက်ခုနစ်ဆယ်ရှိသော်၊ သားမဟာလေလကို မြင်လေ၏။
13该南生玛勒列以后,还活了八百四十年,并且生了其他的儿女。
13မဟာလေလဘွားမြင်သောနောက်၊ ကာဣနန်သည် အနှစ်ရှစ်ရာလေးဆယ်အသက်ရှင်၍၊ သားသမီး များကို မြင်လေ၏။
14该南共活了九百一十岁,就死了。
14ကာဣနန်သည် အသက်နှစ်ပေါင်းကိုးရာ တဆယ့်စေ့သော် သေလေ၏။
15玛勒列六十五岁的时候,生了雅列。
15မဟာလေလသည် အသက်ခြောက်ဆယ့်ငါးနှစ် ရှိသော်၊ သားယာရက်ကို မြင်လေ၏။
16玛勒列生雅列以后,还活了八百三十年,并且生了其他的儿女。
16ယာရက်ဘွားမြင်သောနောက် မဟာလေလသည် အနှစ်ရှစ်ရာသုံးဆယ်အသက်ရှင်၍ သားသမီးများကို မြင်လေ၏။
17玛勒列共活了八百九十五岁,就死了。
17မဟာလေလသည် အသက်နှစ်ပေါင်းရှစ်ရာ ကိုးဆယ့်ငါးနှစ်စေ့သော် သေလေ၏၊
18雅列一百六十二岁的时候,生了以诺。
18ယာရက်သည် အသက်တရာခြောက်ဆယ်နှစ်နှစ် ရှိသော် သားနောက်ကိုမြင်လေ၏။
19雅列生以诺以后,还活了八百年,并且生了其他的儿女。
19ဧနောက်ဘွားမြင်သောနောက် ယာရက်သည် အနှစ်ရှစ်ရာ အသက်ရှင်၍၊ သားသမီးများကိုမြင်လေ၏။
20雅列共活了九百六十二岁,就死了。
20ယာရက်သည် အသက်နှစ်ပေါင်းကိုးရာ ခြောက်ဆယ်နှစ်နှစ်စေ့သော် သေလေ၏။
21以诺六十五岁的时候,生了玛土撒拉。
21ဧနောက်သည် အသက်ခြောက်ဆယ်ငါးနှစ် ရှိသော် သားမသုရှလကို မြင်လေ၏။
22以诺生玛土撒拉以后,和 神同行三百年,并且生了其他的儿女。
22မသုရှလဘွားမြင်သောနောက် ဧနောက်သည် အနှစ်သုံးရာပတ်လုံး ဘုရားသခင်နှင့်အတူသွားလာ၍ သားသမီးများကို မြင်လေ၏။
23以诺共活了三百六十五岁。
23ဧနောက်အသက်နှစ်ပေါင်းသုံးရာ ခြောက်ဆယ် ငါးနှစ်တည်း၊
24以诺和 神同行,所以 神把他取去,他就不在了。
24ဧနောက်သည် ဘုရားသခင်နှင့်အတူ သွားလာ၏။ နောက်တဖန် သူသည်မရှိ အကြောင်းမူကား၊ ဘုရား သခင် သိမ်းယူတော်မူသောကြောင့်တည်း။
25玛土撒拉一百八十七岁的时候,生了拉麦。
25မသုရှလသည် အသက်တရာ့ရှစ်ဆယ်ခုနစ်နှစ် ရှိသော်၊ သား လာမက်ကို မြင်လေ၏။
26玛土撒拉生拉麦以后,还活了七百八十二年,并且生了其他的儿女。
26လာမက်ဘွားမြင်သောနောက်၊ မသုရှလသည် အနှစ်ခုနှစ်ရာ ရှစ်ဆယ်နှစ်နှစ်အသက်ရှင်၍ သားသမီး များကို မြင်လေ၏။
27玛土撒拉共活了九百六十九岁,就死了。
27မသုရှလသည် အသက်နှစ်ပေါင်းကိုးရာ ခြောက် ဆယ်ကိုးနှစ်စေ့သော် သေလေ၏။
28拉麦一百八十二岁的时候,生了一个儿子,
28လာမက်သည် အသက်တရားရှစ်ဆယ်နှစ်နှစ် ရှိသော် သားကို မြင်၍၊
29就给他起名叫挪亚,说:“这儿子必使我们从地上的操作和手中的劳苦得着安慰,因为耶和华曾经咒诅这地。”
29ဤသူသည်ကား၊ ထာဝရဘုရားကျိန်တော်မူသော မြေ၌လုပ်၍ ပင်ပန်းစွာ ခံရသောငါတို့အား သက်သာစေသောသူဖြစ်လိမ့်မည်ဟူ၍ သူ့ကိုနောဧ ဟူသော အမည်ဖြင့် မှည့်လေ၏။
30拉麦生挪亚以后,还活了五百九十五年,并且生了其他的儿女。
30နောဧဘွားမြင်သောနောက်၊ လာမက်သည် အနှစ်ငါးရာကိုးဆယ်ငါးနှစ်အသက်ရှင်၍ သားသမီးများ ကို မြင်လေ၏။
31拉麦共活了七百七十七岁,就死了。
31လာမက်သည် အသက်နှစ်ပေါင်း ခုနှစ်ရာ ခုနစ်ဆယ် ခုနစ်နှစ် စေ့သော်သေလေ၏။
32挪亚五百岁的时候,就生了闪、含和雅弗。
32နောဧသည် အသက်ငါးရာရှိ၏။ နောဧ သားကား ၊ ရှေးမ၊ ဟာမ၊ ယာဖက်တည်း။