聖經新譯本 (Simplified)

Myanmar

Haggai

2

1新殿的荣耀胜过前殿
1သတ္တမလနှစ်ဆယ်တရက်နေ့တွင်၊ ပရောဖက် ဟဂ္ဂဲအားဖြင့် ထာဝရဘုရား၏ နှုတ်ကပတ်တော် ရောက် လာ၍၊
2“你要对撒拉铁的儿子犹大省长所罗巴伯,和约撒答的儿子大祭司约书亚,以及所有余剩的子民,说:
2သင်သည် ယုဒမြို့ဝန်၊ ရှာလသေလသား ဇေရု ဗဗေလနှင့် ယဇ်ပုရောဟိတ်မင်းယောဇဒက်သား ယောရှု မှစ၍ ကျန်ကြွင်းသောသူတို့အား ဆင့်ဆိုရမည်မှာ၊
3‘你们中间剩下的人,有谁见过这殿宇从前的荣耀呢?现在你们又看它怎样?岂不是视如无物一样吗?’”
3ဤအိမ်တော်သည် ရှေးဘုန်းနှင့် ပြည့်စုံသည်ကို မြင်ဘူး၍ သင်တို့တွင် ကျန်ကြွင်းသော သူကား အဘယ် သူနည်း။ ယခုအဘယ်အရာကို မြင်သနည်း။ နှိုင်းယှဉ် လျှင် သင်တို့မျက်မှောက်၌ အဘယ်မျှမဟုတ်သကဲ့သို့ ဖြစ်သည်မဟုတ်လော။
4耶和华说:“所罗巴伯啊!现在你要刚强。”耶和华说:“约撒答的儿子大祭司约书亚啊!你要刚强;这地的一切子民啊!你们也要刚强,并且要作工。”万军之耶和华说:“因为我与你们同在。
4သို့သော်လည်း၊ အိုဇေရုဗဗေလ၊ အားယူလော့ ဟု၊ ထာဝရဘုရားမိန့်တော်မူ၏။ အို ယဇ်ပုရောဟိတ်မင်း ယောဇဒက်သားယောရှု၊ အားယူလော့။ အိုပြည်သူပြည် သားအပေါင်းတို့၊ အားယူကြလော့ဟု၊ ထာဝရဘုရား မိန့် တော်မူ၏။
5这就是你们从埃及出来的时候,我与你们立约的话。现在我的灵住在你们中间;你们不要惧怕。”
5အဲဂုတ္တုပြည်မှ ထွက်သောအခါ သင်တို့နှင့် ငါဖွဲ့ သော ပဋိညာဉ်စကားနှင့်အညီ ငါသည် သင်တို့နှင့်အတူ ရှိ၏။ ငါ၏ဝိညာဉ်တော်သည် သင်တို့တွင် နေရာကျ၏။ မစိုးရိမ်ကြနှင့်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားမိန့်တော်မူ၏။
6因为万军之耶和华这样说:“再过不多的时候,我要震动天、地、海洋和旱地。”
6ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ကာလမကြာမမြင့်မှီကောင်းကင်၊ မြေကြီး၊ ပင်လယ်၊ ကုန်းတို့ကို တဖန် ငါလှုပ်ဦးမည်။
7万军之耶和华说:“我要震动万国,万国的珍宝就必运来;我要使这殿宇充满荣耀。”
7လူမျိုးအပေါင်းတို့ကိုလည်း ငါလှုပ်ဦးမည်။ လူမျိုး အပေါင်းတို့ နှစ်သက်ဘွယ်သောအရာသည် ရောက်၍၊ ဤအိမ်ကို ဘုန်းနှင့် ငါပြည့်စုံစေမည်ဟု၊ ကောင်းကင်ဗိုလ် ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။
8万军之耶和华说:“银子是我的,金子也是我的。”
8ရွှေနှင့်ငွေကို ငါပိုင်သည်ဟု၊ ကောင်းကင်ဗိုလ် ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။
9万军之耶和华说:“这殿宇后来的荣耀,必大过先前的荣耀。”万军之耶和华说:“在这地方,我必赐下平安。”
9နောက်တည်သော ဤအိမ်တော်သည် အရင် အိမ်တော်ထက် ဘုန်းသာ၍ကြီးလိမ့်မည်ဟု၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။ ဤအရပ်၌ လည်း ငြိမ်သက်ခြင်းကို ငါပေးမည်ဟု၊ ကောင်းကင်ဗိုလ် ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
10指出人民的恶行大利乌王第二年九月二十四日,耶和华的话临到哈该先知说:
10ဒါရိမင်းကြီး နန်းစံနှစ်နှစ်၊ နဝမလနှစ်ဆယ် လေးရက်နေ့တွင်၊ ထာဝရဘုရား၏နှုတ်ကပတ်တော် သည် ပရောဖက်ဟဂ္ဂဲအားဖြင့် ရောက်လာလျက်၊
11“万军之耶和华这样说:你要向祭司询问有关律法的事说:
11ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားက၊ သင်သည် တရားအမှုကို ယဇ်ပုရောဟိတ်၌ မေးမြန်းရ မည်မှာ၊
12人若用自己的衣襟盛载圣肉,后来又使自己的衣襟触着饼、汤、酒、油或别的食物,这就算为圣吗?”祭司都回答说:“不算为圣。”
12လူသည် သန့်ရှင်းသော အမဲသားကို မိမိအဝတ် နှင့် ထုတ်၍ ဆောင်ခဲ့လျက်၊ မုန့်၊ ဟင်း၊ စပျစ်ရည်၊ ဆီ အစရှိသော စားစရာတစုံတခုကို ထိုအဝတ်နှင့်ထိလျှင်၊ ထိုစားစရာသည် သန့်ရှင်းလိမ့်မည်လောဟု မေးမြန်း သော်၊ ယဇ်ပုရောဟိတ်တို့က၊ ထိုစားစရာသည် မသန့်ရှင်း ဟု ပြန်ပြောကြ၏။
13哈该又说:“人若因触着尸体而成为不洁,又触着这些东西的任何一样,这就算为不洁吗?”祭司都回答说:“要算为不洁净。”
13ဟဂ္ဂဲကလည်း၊ အသေကောင်အားဖြင့် မစင် ကြယ်သောသူသည် ထိုအရာတစုံတခုကိုထိလျှင် ညစ်ညူး ခြင်းရှိလိမ့်မည်လောဟု မေးမြန်းသော်၊ ယဇ်ပုရောဟိတ် တို့က၊ ညစ်ညူးခြင်းရှိလိမ့်မည်ဟု ပြန်ပြောကြ၏။
14于是哈该回答,说:“耶和华说:‘这民也是这样,这国在我面前也是这样;他们手里的一切工作,都是这样;他们在那里所献的,都是不洁净的。’
14ဟဂ္ဂဲကလည်း၊ ဤလူမျိုး၊ ဤပြည်သားတို့သည် ငါ့မျက်မှောက်၌ ထိုအတူဖြစ်ကြ၏။ သူတို့လုပ်ဆောင် သမျှသည်လည်း ထိုအတူဖြစ်၏။ ငါ့ထံမှာ ပူဇော်သော အရာသည်လည်း ညစ်ညူး၏ဟု၊ ထာဝရဘုရား မိန့်တော် မူ၏။
15耶和华应许赐福“现在你们要反省,从今日起回想过往,就是在耶和华的殿还没有一块石头叠在另一块石头上面以前,
15ထာဝရဘုရား၏ဗိမာန်တော်၌ ကျောက်တခု ပေါ်မှာ တခုကို မတင်မှီ၊ ယခုနေ့မှစ၍ အထက်အမှုကို ပြန်ကြည့်ဆင်ခြင်ကြပါလော့။
16那时你们怎样呢?有人到谷堆来,想得两百公斤谷,却只得一百公斤;有人到榨酒池去,想从酒槽得一百公升酒,却只得四十公升。
16ထိုကာလတွင် ဆန်အတင်းနှစ်ဆယ်ထွက်ရ သော စပါးပုံသို့ လူလာသောအခါ တဆယ်ကိုသာ ရ၏။ စပျစ်ရည်အိုးငါးဆယ်ကို ယူခြင်းငှါ စပျစ်သီးနယ်ရာကျင်း သို့ လာသောအခါ နှစ်ဆယ်ကိုသာ ရ၏။
17耶和华说:‘我用旱风、霉烂和冰雹击打你们,和你们手里的一切工作,你们还是不归向我。
17သင်တို့ လုပ်ဆောင်သမျှတို့တွင် လေထိ၍ အပင်သေဘေး၊ အရည်ယို၍ သေဘေးဖြင့် ငါသည် ဒဏ် ခတ်ခဲ့ပြီ။ သို့သော်လည်း၊ သင်တို့သည် ငါ့ထံသို့ ပြန်၍ မလာကြဟု ထာဝရဘုရားမိန့်တော်မူ၏။
18你们要反省,从今日起回想过往,就是自九月二十四日起,从耶和华殿的奠基日开始,你们要反省:
18ထာဝရဘုရား၏ဗိမာန်တော်တိုက်မြစ်ကျ၍၊ နဝမလနှစ်ဆယ်လေးရက်နေ့၊ ယနေ့မှစ၍ ရှေ့သို့ မျှော် ကြည့်ဆင်ခြင်ကြပါလော့။ ဆင်ခြင်ရမည်အကြောင်း အရာဟူမူကား၊
19仓里还有种子吗?葡萄树、无花果树、石榴树和橄榄树,岂是还没有结果子吗?从今日起,我必赐福。’”
19စပါးကျီ၌ စပါးရှိသလော။ မရှိ။ စပျစ်ပင်၊ သင်္ဘောသဖန်းပင်၊ သလဲပင်၊ သံလွင်ပင်တို့သည် အသီး ကို မသီးကြသေး။ သို့သော်လည်း၊ ယနေ့မှစ၍ သင်တို့ကို ငါကောင်းကြီးပေးမည်ဟု မိန့်တော်မူ၏။
20应许拣选所罗巴伯同月二十四日,耶和华的话再次临到哈该,说:
20ထိုလနှစ်ဆယ်လေးရက်နေ့တွင်၊ ထာဝရဘုရား ၏နှုတ်ကပတ်တော်သည် ဟဂ္ဂဲသို့ တဖန်ရောက်လာ၍၊
21“你要向犹大省长所罗巴伯说:‘我要震动天地,
21သင်သည် ယုဒမြို့ဝန်၊ ဇေရုဗဗေလကို ဆင့်ဆို ရမည်မှာ၊ ငါသည် ကောင်းကင်နှင့်မြေကြီးကို လှုပ်မည်။
22我必倾覆列国的宝座,消灭外族万国的势力,我必推翻战车和驾车的人;马匹和骑马的都必跌倒;各人必死在自己兄弟的刀下。’
22တိုင်းနိုင်ငံတို့၏ ရာဇပလ္လင်များကို မှောက်လှန် ၍၊ အမျိုးမျိုးသော တိုင်းနိုင်ငံတန်ခိုးကို ဖျက်ဆီးမည်။ ရထားနှင့် ရထားစီးသူရဲတို့ ကိုလည်း မှောက်လှန်မည်။ မြင်းနှင့် မြင်းစီးသူရဲ တို့သည် တယောက်ကို တယောက်ခုတ်၍ လဲကြလိမ့်မည်။
23万军之耶和华说:‘撒拉铁的儿子,我的仆人所罗巴伯啊!到那日我必提拔你。’耶和华说:‘我必以你为印记。’万军之耶和华说:‘因为我拣选了你。’”
23ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ အို ရှာလသေလသား၊ ငါ့ကျွန်ဇေရုဗ ဗေလ၊ ထိုအခါ သင့်ကိုငါယူ၍ တံဆိပ်လက်စွပ်ကဲ့သို့ ခန့် ထားမည်ဟု၊ ထာဝရဘုရား မိန့်တော်မူ၏။ သင့်ကို ငါရွေး ချယ်ပြီဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူ၏။