聖經新譯本 (Simplified)

Myanmar

Hebrews

12

1专一注视耶稣
1ထိုကြောင့်၊ ဤမျှလောက် များစွာသော သက်သေအပေါင်းတို့သည် ငါတို့ကို ဝိုင်းရံလျက်ရှိ ကြသည်ဖြစ်၍၊ ငါတို့သည် ခပ်သိမ်းသော ဝန်တို့ကို၎င်း၊ နှောင့်ရှက်တတ်သောဒုစရိုက်ကို၎င်း ပယ်ရှား၍၊ ငါတို့ မျက်မှောက်၌ ထားသောပန်းတုံးတိုင်သို့ရောက်ခြင်းငှါ၊ အားမလျော့ဘဲ ပြေးကြကုန်အံ့။
2专一注视耶稣,就是我们信心的创始者和完成者。他因为那摆在面前的喜乐,就忍受了十字架,轻看了羞辱,现在就坐在 神宝座的右边。
2ယုံကြည်ခြင်းကို အစအဦးစီရင်၍ စုံလင်စေတော်မူသော သခင်ယေရှုကို စေ့စေ့ထောက်ရှုကြကုန်အံ့။ ထိုသခင်သည် မိမိရှေ့၌ ထားသော ဝမ်းမြောက်ခြင်း အကြောင်းကြောင့်၊ ရှက်ကြောက်သောအရာ ကိုမမှတ်ဘဲ လက်ဝါးကပ်တိုင်၌ခံပြီးမှ၊ ဘုရားသခင်၏ ပလ္လင်တော် လက်ျာဘက်၌ထိုင်နေတော်မူ၏။
3这位忍受罪人那样顶撞的耶稣,你们要仔细思想,免得疲倦灰心。
3အပြစ်ရှိသောသူတို့လက်တွင်၊ ထိုမျှလောက်ကြီးစွာသော ဆီးတားနှောင့်ရှက်ခြင်းကို ခံတော်မူသော သခင်ကို ထောက်ရှုဆင်ခြင်သောအားဖြင့်၊ အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်အံ့သောငှါ ကြိုးစားကြလော့။
4主必管教他所爱的你们与罪恶斗争,还没有对抗到流血的地步;
4သင်တို့သည် ဒုစရိုက်အပြစ်ကို ဆိုင်ပြိုင်တိုက်လှန်၍ ကိုယ်အသွေးထွက်သည်တိုင်အောင် မခံရကြ သေး။
5你们又忘记了那劝你们好像劝儿子的话,说:“我儿!你不可轻看主的管教,受责备的时候也不要灰心;
5ထိုမှတပါး၊ ငါ့သား၊ ထာဝရဘုရား ဆုံးမတော်မူခြင်းကို မမှတ်ဘဲ မနေနှင့်။ သင်၏အပြစ်ကို စစ်ဆေး တော်မူသောအခါ စိတ်မပျက်နှင့်။
6因为主所爱的,他必管教,他又鞭打所收纳的每一个儿子。”
6ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ လက်ခံတော်မူသမျှသော သားတို့ ကို ဒဏ်ခတ်တော်မူတတ်၏ဟု သူငယ်တို့ကို ဆိုသကဲ့သို့၊ သင်တို့ကို ပြောဆိုသောဩဝါဒစကားကို မေ့လျော့ကြ သလော။
7为了接受管教,你们要忍受,因为 神待你们好像待儿子一样;哪有儿子不受父亲管教的呢?
7သင်တို့သည် ဆုံးမတော်မူခြင်းကို ခံလျှင်၊ သားတို့ကိုပြုသကဲ့သို့၊ ဘုရားသခင်သည်သင်တို့ကို ပြုတော် မူ၏။ အကြောင်းမူကား၊ အဘမဆုံးမသောသား တစုံတယောက်ရှိသလော။
8作儿子的都受过管教。如果你们没有受管教,就是私生子,不是儿子了。
8သားအပေါင်းတို့သည် ခံတတ်သောဆုံးမခြင်းကို သင်တို့သည် မခံဘဲနေလျှင်၊ သားရင်းမဟုတ်၊ မင်းဦး မင်းလွင်ရသော သားဖြစ်ကြ၏။
9还有,肉身的父亲管教我们,我们尚且敬重他们;何况那万灵的父,我们不是更要顺服他而得生吗?
9တနည်းကား၊ ကိုယ်ကာယနှင့်စပ်ဆိုင်သော အဘတို့လက်ဖြင့် ငါတို့သည် ဆုံးမခြင်းကို ခံရသောအခါ၊ သူတို့ကို ရိုသေကြ၏။ ထိုမျှမက၊ စိတ်ဝိညာဉ်တို့၏ အဘအလိုသို့လိုက်၍၊ အသက်ချမ်းသာရကြမည် မဟုတ်လော။
10肉身的父亲照着自己的意思管教我们,只有短暂的日子;唯有 神管教我们,是为着我们的好处,使我们在他的圣洁上有分。
10အကြောင်းမူကား၊ ထိုအဘတို့သည် မိမိအလိုသို့လိုက်၍ တခဏသာဆုံးမပေးကြ၏။ ကိုယ်တော်မူကား၊ မိမိသန့်ရှင်းခြင်းပါရမီတော်ကိုငါတို့သည် ဆက်ဆံစေခြင်းငှါ၊ ငါတို့အကျိုးကိုထောက်၍သာ ဆုံးမပေးတော်မူ၏။
11但是一切管教,在当时似乎不觉得快乐,反觉得痛苦;后来却为那些经过这种操练的人,结出平安的果子来,就是义。
11ဆုံးမခြင်းမည်သည်ကား၊ ခံရစဉ်အခါ ဝမ်းမြောက်စရာမထင်၊ ဝမ်းနည်းစရာထင်တတ်၏။ သို့သော် လည်း၊ ဆုံးမခြင်းကိုခံရသောသူတို့သည်၊ နောက်မှ ငြိမ်သက်ခြင်းနှင့် စပ်ဆိုင်သော ဖြောင့်မတ်ခြင်းအကျိုးကို ခံရကြ၏။
12把下垂的手发软的腿挺起来所以,你们要把下垂的手和发软的腿挺直起来;
12ထိုကြောင့်၊ တွဲလွဲနေသောလက်တို့နှင့် အားမရှိသောဒူးတို့ကို ခိုင်ခံ့စေကြလော့။
13也要把你们所走的道路修直,使瘸子不至于扭脚,反而得到复原。
13ခြေမစွမ်းသောသူတို့သည် အဆစ်မပြုတ်သည် သာမက၊ ချမ်းသာရစေခြင်းငှါ၊ သင်တို့သွားဘို့ရာ ဖြောင့်သောလမ်းတို့ကို ပြင်ဆင်ကြလော့။
14你们要竭力寻求与众人和睦,并且要竭力追求圣洁。如果没有圣洁,谁也不能见主。
14လူအပေါင်းတို့နှင့် အသင့်အတင့်နေ၍ ငြိမ်သက်ခြင်းကို၎င်း၊ သန့်ရှင်းခြင်းပါရမီကို၎င်း၊ မှီအော် လိုက်ကြလော့။ သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။
15你们要小心,免得有人失去了 神的恩典;免得有苦根长起来缠绕你们,因而污染了许多人;
15သင်တို့တွင် တစုံတယောက်မျှ ဘုရားသခင်၏ ကျေးဇူးတော်ကို မရဘဲမနေစေခြင်းငှါ၎င်း၊ ခါးစွာသော ပင်မြစ်ပေါက်၍ သင်တို့နှောင့်ရှက်သဖြင့်၊ လူအများတို့သည် အပြစ်နှင့်မညစ်ညူးစေခြင်းငှါ၎င်း၊
16又免得有人成为淫乱的和贪恋世俗的,好像以扫一样,为了一点点食物,竟把自己长子的名分出卖了。
16မတရားသော မေထုန်မှီဝဲသောသူ မရှိစေခြင်းငှါ၎င်း၊ တနပ်စာ အဘိုးနှင့်သားဥိးအရာကို ရောင်းသော ဧသောကဲ့သို့ ဘုရားတရားကို မရိုမသေပြုသောသူ မရှိစေခြင်းငှါ၎င်း၊ သတိနှင့်ကြည့်ရှုကြလော့။
17你们知道,后来以扫想要承受祝福,却被拒绝了;他虽然带着眼泪寻求,还是没有反悔的余地。
17သင်တို့သိသည်အတိုင်း၊ ဧသောသည်နောက်မှ ကောင်းကြီးမင်္ဂလာကို အမွေခံခြင်းငှါအလိုရှိသောအခါ၊ ငြင်းပယ်ခြင်းကိုခံရ၏။ မျက်ရည်ကျ၍ ကောင်းကြီးမင်္ဂလာကို အလွန်ရှာသော်လည်း၊ မိမိအဘ၏ စိတ် ပြောင်းလဲခြင်း အခွင့်ကိုမတွေ့မရ။
18不可违背那警戒人的 神你们不是来到那座摸得着的山。那里有烈火、密云、幽暗、暴风、
18ထိုမှတပါး၊ သင်တို့သည် လက်နှင့်တွေ့နိုင်သော တောင်သို့၎င်း၊ လောင်သောမီးသို့၎င်း၊ မည်းသော တိမ်တိုက်၊ မှောင်မိုက်၊ မိုဃ်းသက် မုန်တိုင်းသို့၎င်း၊
19号筒的响声和说话的声音;那些听见这声音的人,都请求 神不要再向他们多说话;
19တံပိုးမှုတ်ခြင်းအသံသို့၎င်း၊ နှုတ်ကပတ်တော် အသံသို့၎င်း၊ ရောက်ကြသည်မဟုတ်။ ထိုအသံတော်ကို ကြားသောသူတို့သည်၊ ထပ်၍ မိန့်တော်မမူမည်အကြောင်းတောင်းပန်ကြ၏။
20因为他们担当不起那命令:“就是走兽挨近这山,也要用石头把它打死。”
20အဘယ်ကြောင့်နည်းဟူမူကား၊ တိရစ္ဆာန်သော်လည်း ထိုတောင်ကို ထိမိလျှင်၊ ကျောက်ခဲနှင့်ပစ်၍ သေစေဟုပညတ်တော်မူသံကို လူတို့သည်နားမခံနိုင်ကြ။
21当时,显出的景象是那么可怕,连摩西也说:“我非常恐惧战兢。”
21ထိုသို့ ထင်ရှားကြသောအရာသည် အလွန်ကြောက်မက်ဘွယ်ဖြစ်၍၊ မောရှေက၊ ငါသည် ကြောက်ရွံ့ တုန်လှုပ်ခြင်းရှိသည်ဟုဆို၏။
22你们却是来到锡安山和永活的 神的城,就是天上的耶路撒冷;在那里有千万的天使聚集,
22သင်တို့သည် ဇိအုန်တောင်သို့၎င်း၊ အသက်ရှင်တော်မူသော ဘုရားသခင်၏ မြို့တော်တည်းဟူသော ကောင်းကင်ယေရုရှလင်မြို့သို့၎င်း၊ အတိုင်းမသိ များစွာသော ကောင်းကင်တမန်တို့၏ စည်းဝေးခြင်းသို့၎င်း၊
23有名字登记在天上众长子的教会,有审判众人的 神,有被成全的义人的灵魂,
23ကောင်းကင်စာရင်း၌ဝင်သော သားဦးတို့၏ အသင်းတော်သို့၎င်း၊ ခပ်သိမ်းသောသူတို့ကို တရားစီရင် တော်မူသော ဘုရားသခင်အထံတော်သို့၎င်း၊ စုံလင်ခြင်းသို့ရောက်သောသူတော်ကောင်းတို့၏ စိတ်ဝိညာဉ်တို့ ထံသို့၎င်း၊
24有新约的中保耶稣,还有他所洒的血。这血所传的信息比亚伯的血所传的更美。
24ပဋိညာဉ်တရားသစ်၏ အာမခံတည်းဟူသော ယေရှုထံတော်သို့၎င်း၊ အာဗေလ၏ အသွေးပြောဆိုသောအရာထက်သာ၍ မြတ်သောအရာကို ပြောဆိုသော ဖြန်းဆွတ်ခြင်း၏ အသွေးထံသို့၎င်း ရောက်ကြ၏။
25你们要谨慎,不要弃绝那位说话的,因为从前的人弃绝了那位在地上警戒他们的,尚且不能逃罪;何况现在我们背弃那位从天上警戒我们的呢?
25သင်တို့သည် မိန့်တော်မူသော သူ၏စကားတော်ကို မငြင်းမပယ်မည်အကြောင်း သတိပြုကြလော့။ မြေကြီးပေါ်မှာ ဗျာဒိတ်တော်ကို ဆင့်ဆိုသောသူ၏စကားကို ငြင်းပယ်သောသူတို့သည် အပြစ်မလွတ် ရသည်မှန်လျှင်၊ ထိုမျှမက၊ ကောင်းကင်ဘုံက မိန့်တော်မူသော သူ၏စကားကို ငါတို့သည် နားမထောင်ဘဲ နေလျှင်၊ သာ၍ကြီးစွာသောအပြစ်နှင့် အဘယ်သို့ ကင်းလွတ်နိုင်မည်နည်း။
26当时他的声音震动了地;现在他却应许说:“下一次,我不但要震动地,还要震动天。”
26အထက်ကဗျာဒိတ်တော်အသံသည် မြေကြီးကိုလှုပ်သည် ဖြစ်၍၊ ယခုတဖန်ငါသည် မြေကြီးနှင့် ကောင်းကင်ကိုလှုပ်ဦးမည်ဟု ဂတိတော်ရှိ၏။
27“下一次”这句话,是表明那些被震动的,要像被造之物那样被除去,好使那些不能震动的可以留存,
27တဖန်ဟူသောစကား၏အဓိပ္ပါယ်ကား၊ မလှုပ်သောအရာတို့ကို တည်စေခြင်းငှါ၊ လှုပ်သောအရာတို့ကို လောကီအရာကဲ့သို့ ပယ်ဖျက်လိမ့်မည်ဟု ဆိုလိုသတည်း။
28因此,我们既然领受了不能震动的国,就应该感恩,照着 神所喜悦的,用虔诚敬畏的心事奉他;
28ထိုကြောင့်၊ ငါတို့သည်မလှုပ်နိုင်သောနိုင်ငံကိုရသည်ဖြစ်၍၊ ခန့်ညားကြောက်ရွံ့သောသဘောနှင့် ဘုရားသခင်ကို လျောက်ပတ်စွာ ဝတ်ပြုနိုင်မည်အကြောင်း၊ ကျေးဇူးတော်ကို စွဲလမ်းကြကုန်အံ့။
29因为我们的 神是烈火。
29ငါတို့ဘုရားသခင်သည် လောင်သောမီးဖြစ်တော်မူ၏။