聖經新譯本 (Simplified)

Myanmar

Hosea

14

1劝以色列归向 神
1အိုဣသရေလ၊ သင်သည် ကိုယ်ပြုသော ဒုစရိုက်အပြစ်အားဖြင့် အကျိုးနည်းရှိသောကြောင့် သင်၏ ဘု ရားသခင် ထာဝရဘုရားထံတော်သို့ ပြန်လော့။
2你们预备好要说的话,归向耶和华,对他说:“除去我们一切罪孽,悦纳我们的祷告。这样我们就把嘴唇的果子献上。
2ပဌနာစကားကို ပြင်ဆင်၍ ထာဝရဘုရားထံတော်သို့ ပြန်လျက်၊ အကျွန်ုပ်တို့၌ ရှိသမျှသောအပြစ်တို့ ကို ပယ်ရှင်းတော်မူပါ။ ကျေးဇူးပြု၍ လက်ခံတော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်နှုတ်ခမ်းတည်းဟူသော နွားသ ငယ်တို့ကို ပူဇော်ပါမည်။
3亚述不能救我们,我们必不再骑埃及的马;我们亲手所做的,我们必不再称为‘我们的 神’;因为在你那里,孤儿才得着怜悯。”
3အာရှုရိမင်းသည် အကျွန်ုပ်တို့ကို မကယ်တင်ရ။ အကျွန်ုပ်တို့သည် မြင်းစီးသူရဲမလုပ်ပါ။ ကိုယ်လက်ဖြင့် လုပ်သောအရာတို့အား၊ ကိုယ်တော်တို့သည် အကျွန်ုပ်တို့၏ ဘုရားသခင်ဖြစ်ပါ၏ဟု နောက်တဖန် မဆိုပါ။ အ ကြောင်းမူကား၊ မိဘမရှိသောသူတို့သည် ကိုယ်တော်ထံ၌ ကရုဏာကျေးဇူးကို ခံတတ်ကြပါ၏ဟု လျှောက်ကြလော့။
4 神再施怜爱“我必医治他们背道的病,甘心乐意爱他们,因为我的怒气已经远离他们了。
4ငါသည် အမျက်ပြေသောကြောင့် သူတို့ဖောက် ပြန်ခြင်းကို ပြုပြင်မည်။ ကိုယ်အလိုအလျောက် စုံမက် မည်။
5我对以色列要像甘露,他必像百合花开放;他要扎根,如黎巴嫩的香柏树。
5ငါသည် နှင်းကဲ့သို့ ဣသရေလအပေါ်မှာ နေမည်။ သူသည် နှင်းပွင့်ကဲ့သို့ ပွင့်လိမ့်မည်။ လေဗနုန် တောကဲ့သို့ အမြစ်စွဲလိမ့်မည်။
6他的幼枝必伸展,他的荣美要像橄榄树,他的香气必如黎巴嫩的香柏树。
6အညွှန့်တို့သည် ပြန့်ပွါး၍၊ သံလွင်ပင်ကဲ့သို့ အသရေတင့်တယ်လိမ့်မည်။ လေဗနုန်တောကဲ့သို့ မွှေးကြိုင် လိမ့်မည်။
7他们必再住在我的荫下,使五谷生长。他们必发旺像葡萄树,他们的名声要像黎巴嫩的酒。
7ထိုအပင်၏ အရိပ်အောက်၌နေသောသူတို့သည် အသစ်ပြုပြင်ခြင်းရှိ၍ စပါးကိုပြုစုကြလိမ့်မည်။ စပျစ်နွယ်ပင်ကဲ့သို့ တိုးပွါး၍ လေဗနုန်စပျစ်ရည်ကဲ့သို့ ကျော်စောကြလိမ့်မည်။
8以法莲与偶像还有什么关系呢?答允他的是我,看顾他的也是我。我像一棵青翠的松树,你的果子是从我而得。”
8ငါသည် နောက်တဖန် ရုပ်တုဆင်းတုတို့နှင့် အဘယ်သို့ဆိုင်ရသနည်းဟု ဧဖရိမ်သည် ပြောလိမ့်မည်။သူ၏စကားကိုလည်း ငါနားထောင်၍ သူ့ကိုကြည့်ရှုမည်။ စိမ်းသောထင်းရှုးပင်ကဲ့သို့ဖြစ်၍၊ သင်သည် ငါ့ကျေးဇူးကြောင့် အသီးနှင့်ပြည့်စုံလိမ့်မည်။
9谁是智慧人,让他明白这些事吧!谁是有见识的人,让他领会这一切吧!因为耶和华的道路是正直的,义人要行在其中,恶人却必在其上绊倒。
9အဘယ်သူသည်ပညာရှိသနည်း။ ထိုသူသည် ဤအရာတို့ကို နားလည်လိမ့်မည်။ အဘယ်သူသည် ဥာဏ်ကောင်းသနည်း။ ထိုသူသည် ဤအရာတို့ကို သိရလိမ့်မည်။ အဘယ်သူသည် ဖြောင့်ကြ၏။ ဖြောင့်မတ် သော သူတို့သည် လိုက်ကြလိမ့်မည်။ အဓမ္မလူတို့မူကား၊ ထိုလမ်းတို့၌ ထိမိ၍ လဲကြလိမ့်မည်။