聖經新譯本 (Simplified)

Myanmar

Isaiah

36

1亚述王攻打犹大(王下18:13-18;代下32:1-9)
1ဟေဇကိမင်းကြီး နန်းစံဆယ်လေးနှစ်တွင် အာ ရှုရိရှင်ဘုရင် သနာခရိပ်သည်၊ ယုဒပြည်၌ခိုင်ခံ့သော မြို့ ရှိသမျှတို့ကို စစ်ချီ၍ လုပ်ကြံပြီးလျှင်၊
2亚述王从拉吉差派拉伯沙基,带领大军往耶路撒冷,到希西家王那里去。他站在上池的水沟旁,就是在往漂布地之大路上的时候,
2ရာဗရှာခကို ခန့်ထား၍ များစွာသော ဗိုလ်ခြေ နှင့်တကွ၊ လာခိရှမြို့မှ ယေရုရှလင်မြို့၊ ဟေဇကိမင်းကြီး ထံသို့ စေလွှတ်လေ၏။ ထိုဗိုလ်ချုပ်မင်းသည် ရောက်၍၊ ခဝါသည်၏ လယ်နားမှာ ရှောက်သောလမ်း၊ အထက်ရေ ကန်ပြွန်ဝ၌ ရပ်နေ၏။
3希勒家的儿子管家以利亚敬、书记舍伯那和亚萨的儿子史官约亚,都出来见他。
3ထိုအခါ ဟိလခိသားဖြစ်သော နန်းတော်အုပ် ဧလျာကိမ်၊ စာရေးတော်ကြီးရှေဗန၊ အာသပ်သားအတွင်း ဝန်ယောအာတို့သည် သူ့ထံသို့ထွက်ပြီးလျှင်၊
4拉伯沙基的恐吓(王下18:19-27)拉伯沙基对他们说:“你们去对希西家说:‘亚述大王这样说:你所倚靠的算得是什么倚靠呢?
4ရာဗရှာခက၊ မဟာအရှင်မင်းကြီး၊ အာရှုရိရှင် ဘုရင်သည် ဟေဇကိကို မိန့်တော်မူသည်ကား၊ သင်ခိုလှုံ သဖြင့် ခိုလှုံရာကား အဘယ်သို့နည်း။
5我说:你打仗所用的谋略和能力,不过是虚话罢了。你到底倚靠谁,以致你背叛我呢?
5စစ်တိုက်လောက်အောင် ဥာဏ်သတ္တိ၊ အစွမ်းသတ္တိနှင့် ငါပြည့်စုံသည်ဟု အချည်းနှီးသောစကားကို သင် ဆိုပါသည်တကား။ ငါ့ကို ပုန်ကန်ခြင်းငှါ အဘယ်သူကို ကိုးစားသနည်း။
6看哪!你所倚靠的埃及,是那压伤的芦苇杖;人若倚靠它,它就会插进他的手,把手刺透。埃及王法老对所有倚靠他的人,也是这样。
6ကျိုးသော ကျူလုံးတောင်ဝေးတည်းဟူသော အဲ ဂုတ္တုပြည်ကို ကိုးစားပါသည်တကား။ ထိုကျူလုံးသည် မှီ သောသူ၏ လက်ကိုဖောက်၍ လျှိုသွားလိမ့်မည်။ ထိုသို့ အဲဂုတ္တုမင်းကြီး ဖာရောဘုရင်သည် မိမိ၌မှီသောသူအပေါင်းတို့ကိုပြုလိမ့်မည်။
7你若对我说:我们倚靠耶和华我们的 神,这 神所有的邱坛和祭坛岂不是都给希西家废去了,他还对犹大和耶路撒冷的人说:你们只要在这祭坛面前敬拜吗?
7သင်တို့က၊ ငါတို့သည် ငါတို့၏ ဘုရားသခင် ထာဝရဘုရားကို ကိုးစားသည်ဟု ဆိုပြန်လျှင်၊ ဟေဇကိ သည်မြင့်သောအရပ်ဌာနနှင့် ယဇ်ပလ္လင်တို့ကို ပယ်၍၊ ဤမည်သောယဇ်ပလ္လင်ရှေ့၌သာ ကိုးကွယ်ရမည်ဟု ယုဒ ပြည်သူ၊ ယေရုရှလင်မြို့သားတို့ကို မှာထားသဖြင့်၊ သင် တို့ ပြစ်မှားသော ဘုရားဖြစ်သည်မဟုတ်လော။
8现在你可以与我的主人亚述王打赌:我给你二千匹马,看你这一方面能否派出足够骑马的人来。
8သို့ဖြစ်၍၊ ယခုတွင်ငါ့သခင်၊ အာရှုရိရှင်ဘုရင်၌ အာမခံတို့ကို အပ်ပါလော့။ သင်၌မြင်းစီးသူရဲ လုံလောက် အောင်ရှိလျှင်၊ မြင်းနှစ်ထောင်တို့ကို ငါပေးမည်။
9若不能,你怎能击退我主的臣仆中最小的军长呢?你竟倚靠埃及的战车和马兵吗?
9သင်သည် ငါ့သခင်၏ ကျွန်တို့တွင် အငယ်ဆုံး သော ဗိုလ်ကို အဘယ်သို့ လှန်နိုင်မည်နည်း။ အဲဂုတ္တုပြည် မှရထားများ၊ မြင်းစီးသူရဲများကိုရမည်ဟု ယုံပါသည်တ ကား။
10现在,我上来攻打这地,要把这地毁灭,岂没有耶和华的意思吗?耶和华曾对我说:你要上去攻打这地,把它毁灭。’”
10ထာဝရဘုရား၏ အခွင့်မရှိဘဲ၊ ဤပြည်ကိုဖျက် ဆီးခြင်းငှါ ငါလာသလော။ ထိုပြည်ကိုသွား၍ ဖျက်ဆီး လော့ဟု ထာဝရဘုရားသည် ငါ့အားမိန့်တော်မူပြီ။ ဤအ ကြောင်းအရာများကို ပြန်ပြောကြလော့ဟု ပြောဆို၏။
11以利亚敬、舍伯那和约亚对拉伯沙基说:“请你用亚兰语对你的仆人说话,因为我们听得懂;不要用犹大语对我们说话,免得城墙上的人民听见。”
11ထိုအခါဧလျာကိမ်၊ ရှေဗန၊ ယောအာတို့က၊ ရှု ရိဘာသာ စကားအားဖြင့် ကျွန်တော်တို့အား အမိန့်ရှိပါ လော့။ ထိုစကားကို ကျွန်တော်တို့သည် နားလည်ပါ၏။ မြို့ရိုးပေါ်မှာ ရှိသောသူတို့သည် ကြားရအောင်၊ ယုဒ ဘာသာစကားအားဖြင့် အမိန့်မရှိပါနှင့်ဟု ရာဗရှာခကို ဆိုကြလျှင်၊
12但拉伯沙基说:“我主差派我来,只是对你和你的主说这些话吗?不也是对那些坐在城墙上,要和你们一同吃自己的粪、喝自己的尿的人说吗?”
12ရာဗရှာခက၊ ငါ့သခင်သည် သင်၏သခင်နှင့် သင့်အားသာ ဤစကားကို ပြောစေခြင်းငှါ ငါ့ကိုစေလွှတ် တော်မူသလော။ မြို့ရိုးပေါ်မှာ ထိုင်လျက်၊ သင်တို့နှင့်အ တူ မိမိတို့မစင်ကိုစား၍၊ မိမိတို့ရေဟောင်းကို သောက် ရသော သူတို့ရှိရာသို့ စေလွှတ်တော်မူသည် မဟုတ်လော ဟု ဆိုပြီးလျှင်၊
13劝降的话(王下18:28-37;代下32:9-19)于是拉伯沙基站着,用犹大语大声呼喊说:“你们要听亚述大王的话,
13ရာဗရှာခသည် ထ၍ ယုဒဘာသာ စကားအား ဖြင့် ကျယ်သောအသံနှင့် ကြွေးကြော်လျက်၊ မဟာအရှင် မင်းကြီး အာရှုရိ ရှင်ဘုရင်၏ အမိန့်တော်ကို နားထောင် ကြလော့။
14王这样说:‘你们不要被希西家欺骗了,因为他决不能拯救你们;
14ရှင်ဘုရင်မိန့်တော်မူသည်ကား၊ ဟေဇကိသည် သင်တို့ကို မလှည့်စားစေနှင့်။ သူသည်သင်တို့ကို ကယ်ယူ ခြင်းငှါ မတတ်နိုင်။
15也不要给希西家说服你们倚靠耶和华,说:耶和华必定拯救我们,这城也必不交在亚述王的手中。’
15ဟေဇကိက၊ ထာဝရဘုရားသည် ငါတို့ကို ဧကန် အမှန်ကယ်ယူတော်မူမည်။ ဤမြို့သည် အာရှုရိရှင် ဘု ရင် လက်သို့ မရောက်ရဟု ဆိုသဖြင့်၊ ထာဝရဘုရားကို မကိုးစားစေနှင့်။
16不要听希西家的话,因为亚述王这样说:‘你们要与我和好,出来向我投降,这样各人就可以吃自己葡萄树和无花果树的果子,也可以喝自己井里的水;
16ဟေဇကိစကားကို နားမထောင်ကြနှင့်။ အာရှုရိ ရှင်ဘုရင် မိန့်တော်မူသည်ကား၊ ငါနှင့် မိဿဟာယဖွဲ့ကြ။ငါ့ထံသို့ ထွက်လာကြ။
17等到我来的时候,就会把你们领到一个与你们本地一样的地方;就是一个有五谷和新酒的地方,一个有粮食和葡萄园的地方。
17သင်တို့ပြည်နှင့် တူသောပြည်တည်း ဟူသော၊ ဆန်စပါးစပျစ်ရည်နှင့် ပြည့်စုံသောပြည်၊ မုန့်နှင့် စပျစ်ဥယျာဉ်များသောပြည်သို့၊ သင်တို့ကို ပို့ခြင်းငှါ ငါမ လာမှီတိုင်အောင်၊ သင်တို့သည် ကိုယ်စပျစ်ပင်၏အသီး၊ ကိုယ်သင်္ဘောသဖန်းပင်၏ အသီးကို စား၍၊ ကိုယ်ရေကန် ကရေကို သောက်လျက်နေကြဦးလော့။
18你们要小心,免得希西家怂恿你们说:耶和华必拯救我们。列国的神有哪一位曾拯救自己的国土脱离亚述王的手呢?
18ဟေဇကိက၊ ထာဝရဘုရားသည် ငါတို့ကို ကယ် ယူတော်မူမည်ဟု မဖြားယောင်းစေနှင့်။ အပြည်ပြည် သောဘုရားတို့သည် မိမိတို့ပြည်များကို အာရှုရိရှင်ဘုရင် လက်မှ ကယ်လွှတ်ကြပြီလော။
19哈马和亚珥拔的神在哪里呢?西法瓦音的神在哪里呢?他们曾拯救撒玛利亚脱离我的手吗?
19ဟာမတ်ပြည်၏ ဘုရား၊ အာပဒ်ပြည်၏ဘုရား တို့သည် အဘယ်မှာရှိကြသနည်း။ သေဖရဝိမ်ပြည်၏ ဘုရားတို့သည် အဘယ်မှာရှိကြသနည်း။ သူတို့သည် ရှ မာရိပြည်ကို ငါ့လက်မှ ကယ်လွှတ်ကြပြီလော။
20这些国所有的神中,有哪一位曾拯救自己的国土脱离我的手呢?难道耶和华能拯救耶路撒冷脱离我的手吗?’”
20ထိုအပြည်ပြည်သော ဘုရားတို့တွင်၊ အဘယ် မည်သော ဘုရားသည် မိမိပြည်ကို ငါ့လက်မှကယ်လွှတ် ဘူးသနည်း။ ထာဝရဘုရားသည် ယေရုရှလင်မြို့ကို ငါ့ လက်မှ အဘယ်သို့ ကယ်လွှတ်နိုင်မည်နည်းဟု ဆိုလေ၏။
21众人都默不作声,一句话也没有回答他,因为王的吩咐说:“不要回答他。”
21ယုဒလူတို့လည်း၊ စကားတခွန်းကိုမျှမပြန်ဘဲ တိတ်ဆိတ်စွာ နေကြ၏။ အကြောင်းမူကား၊ ပြန်မပြော နှင့်ဟု ရှင်ဘုရင် အမိန့်တော်ရှိသတည်း။
22于是希勒家的儿子管家以利亚敬、书记舍伯那和亚萨的儿子史官约亚,都撕裂衣服,来到希西家面前,把拉伯沙基的话告诉了他。
22ထိုအခါ ဟိလခိသားဖြစ်သော နန်းတော်အုပ်ဧ လျာကိမ်၊ စာရေးတော်ကြီး ရှေ့ဗန၊ အာသပ်သားအတွင်း ဝန်ယောအာတို့သည် မိမိတို့အဝတ်ကိုဆုတ်လျက်၊ ဟေဇ ကိမင်းထံသို့လာ၍၊ ရာဗရှာခ စကားကို ကြားလျှောက် ကြ၏။