1外族人成为 神的子民
1ထာဝရဘုရားမိန့်တော်မူသည်ကား၊ တရားကို စောင့်၍ ဖြောင့်မတ်စွာ ကျင့်ကြလော့။ ငါ၏ကယ်တင် ခြင်း ကျေးဇူးရောက်ချိန်နှင့်၊ ငါ၏ဖြောင့်မတ်ခြင်းတရား ထင်ရှားချိန်ရောက်လုနီးပြီ။
2谨守安息日,不亵渎这日,保守自己的手不作任何恶事,这样行的人和坚持这样作的人,是有福的!”
2ထိုသို့ပြုသောသူ၊ အမြဲစွဲလမ်းသော လူသား သည်၊ ဥပုသ်နေ့ကို မရှုတ်ချ၊ စောင့်ရှောက်၍ ဒုစရိုက်ကို မပြုမည်အကြောင်း၊ မိမိလက်ကို ချုပ်တည်းလျှင်လည်း မင်္ဂလာရှိ၏။
3与耶和华联合的外族人不要说:“耶和华必把我从他的子民中分别出来。”被阉割了的人也不要说:“看哪!我是一棵枯树。”
3ထာဝရဘုရား၌ မှီဝဲသော တပါးအမျိုးသားက၊ ထာဝရဘုရားသည် ငါ့ကို မိမိလူမျိုးနှင့် ရှင်းရှင်းခွဲထား တော်မူပြီဟု မဆိုစေနှင့်။ မိန်းမလျှာကလည်း၊ ငါသည် သွေ့ခြောက်သော အပင်ဖြစ်သည်ဟု မဆိုစေနှင့်။
4因为耶和华这样说:“那些谨守我的安息日,拣选我所喜悦的事,持守我的约、被阉割了的人,
4ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏ဥပုသ် နေ့ကို စောင့်လျက်၊ ငါနှစ်သက်သောအရာကို ရွေးယူ၍၊ ငါ၏ပဋိညာဉ်ကို မှီဝဲသော မိန်းမလျှာတို့အား၊
5在我的殿中和在我的墙内,我要赐给他们有记念,有名号,比有儿女更好;我必赐给他们永远不能废掉的名。
5သားသမီးတို့ ထက်မြတ်သောအရာ၊ မြတ်သော နာမကို ငါ့အိမ်၊ ငါ့တန်တိုင်းအတွင်း၌ ငါပေးမည်။ မပျောက်နိုင်သော ထာဝရနာမကို သူတို့အား ငါပေးမည်။
6至于那些与耶和华联合的外族人,为要事奉他,爱耶和华的名,作他的仆人的,就是谨守安息日,不亵渎这日,又持守我的约的,
6ထာဝရဘုရားထံ၌ အမှုစောင့်ခြင်း၊ နာမတော် ကို ချစ်ခြင်း၊ ကျွန်တော်ရင်းဖြစ်ခြင်း အလိုငှါ၊ ထာဝရ ဘုရား၌မှီဝဲသော တပါးအမျိုးသားတို့ကို၎င်း၊ ဥပုသ်နေ့ကို မရှုတ်ချ၊ စောင့်ရှောက်၍၊ ငါ၏ပဋိညာဉ်ကို စွဲလမ်းသော သူအပေါင်းတို့ကို၎င်း၊
7我必领他们到我的圣山,使他们在属于我的祷告的殿中喜乐;他们的燔祭和祭品,在我的祭坛上必蒙悦纳;因为我的殿必称为万族祷告的殿。”
7ငါ၏သန့်ရှင်းသော တောင်သို့ ငါဆောင်ခဲ့၍၊ ငါ၏ပဌနာအိမ်၌ ဝမ်းမြောက်စေမည်။ သူတို့ မီးရှို့ရာ ယဇ်နှင့် ယဇ်အမျိုးမျိုးတို့ကို ငါ့ယဇ်ပလ္လင်ပေါ်မှာ လက်ခံ မည်။ ငါ့အိမ်ကို လူအမျိုးမျိုးဆုတောင်းရာ အိမ်ဟူ၍ ခေါ်ဝေါ်ကြလတံ့။
8主耶和华,就是招聚以色列被赶散的人的,说:“在以色列这些已经被招聚的人以外,我还要招聚别的人归给他们。”
8အရပ်ရပ်၌ ကွဲပြားသော ဣသရေလအမျိုးသား တို့ကို စုဝေးစေသော အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ စုဝေးပြီးသော သူများမှတပါး အခြားသော သူတို့ကို ထိုအစုအဝေး၌ ငါစုဝေးစေဦးမည်ဟု မိန့်တော် မူ၏။
9领袖受谴责田野的百兽啊!你们都来吃吧。林中的百兽啊!你们都要这样。
9အို လယ်ပြင်သားအပေါင်းနှင့် တော၌လည် သော သားရဲအပေါင်းတို့၊ ကိုက်စားခြင်းငှါ လာကြလော့။
10我的守望者都是瞎眼的,都没有知识;他们都是哑巴狗,不能吠;只会作梦、躺卧,贪爱睡觉。
10သူ၏ကင်းစောင့်တို့သည် မျက်စိကန်းကြ၏။ ရှိသမျှတို့သည် မိုက်ကြ၏။ အ၍မဟောင်နိုင်သော ခွေး၊ ယောင်ယမ်းသောခွေး၊ အိပ်လျက်အိပ်ချင်အားကြီးသော ခွေးဖြစ်ကြ၏။
11这些狗十分贪吃,不知饱足;他们是牧人,但什么都不明白;他们都偏行自己的道路,各从各方求自己的利益。
11စားချင်အားကြီး၍ ဝမ်းမပြည့်နိုင်သော ခွေး လည်း ဖြစ်ကြ၏။ သိုးထိန်းတို့သည်လည်း မကြည့်မရှု တတ်ကြ။ ထိုသိုးထိန်းရှိသမျှတို့သည် လမ်းလွှဲ၍ မိမိတို့ လမ်းသို့ လိုက်ကြပြီ။ တယောက်မျှမကြွင်း၊ တညီတညွတ် တည်း ကိုယ်အကျိုးစီးပွားကိုသာ ရှာကြ၏။
12他们说:“来吧!我去拿酒,让我们痛饮烈酒吧!明天必像今天一样,而且比今天还要盛大和丰盈。”
12လာကြ။ စပျစ်ရည်ကို ယူခဲ့မည်။ သေရည် သေရက်ကို ဝစွာသောက်ကြစို့။ ယနေ့ဖြစ်သကဲ့သို့ နက်ဖြန်နေ့ဖြစ်လိမ့်မည်။ ထိုမျှမက၊ သာ၍ ကြွယ်ဝလိမ့် မည်ဟု ဆိုတတ်ကြ၏။