1主应许迅速施行拯救
1ဇိအုန်မြို့တည်းဟူသော ယေရုရှလင်မြို့၏ ဖြောင့်မတ်ခြင်းသည် ရောင်ခြည်ကဲ့သို့၎င်း၊ သူ၏ ကယ် တင်ခြင်းသည် ထွန်းတောက်သော ဆီမီးခွက်ကဲ့သို့၎င်း မထင်ရှားမှီတိုင်အောင် ထိုမြို့အတွက် ငါသည် တိတ် ဆိတ်ငြိမ်သက်စွာ မနေရ။
2列国必看见你的公义,众王必看见你的荣耀;人要给你起一个新名,是耶和华亲口指定的。
2တပါးအမျိုးသားတို့သည် သင်၏ဖြောင့်မတ်ခြင်း ကို၎င်း၊ ရှင်ဘုရင်အပေါင်းတို့သည် သင်၏ ဘုန်းအသရေ ကို၎င်း မြင်ရကြလိမ့်မည်။ ထာဝရဘုရား၏ နှုတ်တော် ထွက်နာမသစ်ဖြင့် သင့်ကို ခေါ်ကြလိမ့်မည်။
3你在耶和华的手中要作美丽的冠冕,在你 神的掌上要作君王的华冠。
3သင်သည် ထာဝရဘုရား၏ လက်တော်၌ တင့် တယ်သော ဦးရစ်၊ သင်၏ဘုရားသခင်ကိုင်တော်မူသော မင်းမြောက်သရဖူ ဖြစ်လိမ့်မည်။
4你必不再称为被撇弃的,你的地也必不再称为荒凉的,你却要称为我所喜悦的,你的地也要称为有丈夫的,因为耶和华喜悦你,你的地也必有丈夫。
4သင့်ကို၊ စွန့်ပစ်သော သူဟူ၍၎င်း၊ သင်၏မြေ ကို၊ လူဆိတ်ညံသော မြေဟူ၍၎င်း နောက်တဖန် မခေါ် ရ။ သင်သည် ငါနှစ်သက်သောသူ၊ သင်၏ မြေသည်လက်ထပ်သောမြေဟူသော အမည်ကို ရလိမ့်မည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် သင့်ကို နှစ်သက် တော်မူ၏။ သင်၏မြေကိုလည်း လက်ထပ်ရလိမ့်မည်။
5因为年轻人怎样娶处女,那建造你的也必怎样娶你;新郎怎样因新娘欢乐,你的 神也必怎样因你欢乐。
5လူပျိုသည် အပျိုကညာနှင့် လက်ထပ်သကဲ့သို့၊ သင်၏သားတို့သည် သင်နှင့် လက်ထပ်ကြလိမ့်မည်။ မင်္ဂလာဆောင်လုလင်သည် မင်္ဂလာဆောင်သတို့သမီး၌ ဝမ်းမြောက်သကဲ့သို့၊ သင်၏ဘုရားသခင်သည် သင်၌ ဝမ်းမြောက်တော်မူလိမ့်မည်။
6耶路撒冷啊!我在你的城墙上设立了守望的人;他们昼夜都不缄默;提耶和华之名的啊!你们不要静止。
6အိုယေရုရှလင်မြို့၊ နေ့ညဉ့်မပြတ် တိတ်ဆိတ်စွာ မနေရသော လူစောင့်တို့ကို သင်၏မြို့ရိုးပေါ်မှာ ငါထား ပြီ။ ထာဝရဘုရားကို အောက်မေ့စေသော သူတို့၊ တိတ် ဆိတ်စွာ မနေကြနှင့်။
7你们也不要让 神静止,直至他建立耶路撒冷,等到他使耶路撒冷在地上成为受人赞美的城。
7ယေရုရှလင်မြို့ကို အမြဲတည်တော်မမူ၊ မြေကြီး ပေါ်မှာ ချီးမွမ်းစရာအကြောင်းဖြစ်စေတော်မမူမှီတိုင် အောင်၊ ဘုရားသခင်ကို မငြိမ်စေကြနှင့်။
8耶和华指着自己的右手和他大能的膀臂起誓,说:“我必不再把你的五谷给你的仇敌作食物,外族人也必不再喝你劳碌所得的新酒;
8ထာဝရဘုရားက၊ သင်၏ ရန်သူတို့ကို သင်၏ စပါးနှင့် နောက်တဖန် ငါမကျွေး။ သင်သည် ကြိုးစား၍ လုပ်သော စပျစ်ရည်ကို တပါးအမျိုးသားတို့သည် မသောက်ရကြ။
9唯有那些收割的人可以吃五谷,并且赞美耶和华;那些收集的人可以在我圣所的院子里喝新酒。”
9စပါးကို ရိတ်သောသူတို့သည် ကိုယ်တိုင်စား၍၊ ထာဝရဘုရားကို ချီးမွမ်းကြလိမ့်မည်။ စပျစ်သီးကို သိမ်း သော သူတို့သည် ငါ၏ သန့်ရှင်းရာဌာနတန်တိုင်းအတွင်း ၌ စပျစ်ရည်ကို သောက်ကြလိမ့်မည်ဟု တန်ခိုးကြီးသော လက်ျာလက်ရုံးတော်ကို တိုင်တည်၍ ကျိန်ဆိုတော်မူပြီ။
10拯救必然来临你们要经过,要从城门经过,预备人民的道路;你们要填高,要填高大道。要捡去石头、向万民竖立旗帜。
10မြို့တံခါးမှ ထွက်ကြ။ ထွက်ကြ။ လူများဘို့လမ်း ကို ပြင်ကြ။ မြေဖို့ကြ။ ဖို့ကြ။ ကျောက်များကို ပယ်ရှင်းကြ။ လူများဘို့အလံကို ထူကြ။
11看哪!耶和华曾向地极的人宣告,说:你们要对锡安的居民(“居民”原文作“女子”)说:‘看哪!你的拯救者来到了。他给予人的赏赐在他那里,他施予人的报应在他面前。’”
11မြေကြီးစွန်းတိုင်အောင် ထာဝရဘုရားမိန့်တော် မူသည်ကား၊ သင့်ကို ကယ်တင်သော သူသည် လာ၏။ မိမိခံထိုက်သော အခသည် မိမိ၌ပါလျက်၊ ဆုလပ်တော် သည် ရှေ့တော်၌ရှိ၏ဟု ဇိအုန်သတို့သမီးကို ပြောကြ လော့။
12人必称他们为圣洁的子民,为耶和华买赎回来的人;你也必称为被爱慕的,不被遗弃的城。
12သူတို့သည် သန့်ရှင်းသောသူ၊ ထာဝရဘုရား ရွေးနှုတ်တော်မူသော သူဟူ၍၎င်း၊ သင်သည် သူတပါး မစွန့်ပစ်၊ စည်ပင်သော မြို့ဟူ၍၎င်း သမုတ်ခြင်းကို ခံရလိမ့်မည်။