1耶利米质疑恶人为何亨通
1အိုထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်နှင့် တရားစကားကို ဆွေးနွှေးသောအခါ၊ ကိုယ်တော်သည် တရားတော်မူ၏။ သို့သော်လည်း၊ စစ်ကြောစီရင်တော်မူ ခြင်းအကြောင်းကို မေးလျှောက်ပါမည်။ မတရားသော သူတို့သည် အဘယ်ကြောင့် အကြံမြောက်ရကြပါ သနည်း။ အလွန်သစ္စာပျက်သော သူအပေါင်းတို့သည် အဘယ်ကြောင့် ချမ်းသာရကြပါသနည်း။
2你栽种了他们,他们也扎了根,并且长大,结出果实;他们的口中有你,心里却没有你(“他们的口中有你,心里却没有你”原文作“你与他们的口很接近,却离他们的心很远”)。
2ကိုယ်တော်သည် သူတို့ကို စိုက်တော်မူသဖြင့်၊ သူတို့သည် အမြစ်ကျ၍ ကြီးပွါးလျက် အသီးကို သီးကြ ပါ၏။ ကိုယ်တော်သည် သူတို့နှုတ်နှင့် နီး၍ နှလုံးနှင့် ဝေးတော်မူ၏။
3但耶和华啊!你认识我,了解我,你察验了我对你的心意。求你把他们拉出来,好像将宰的羊一般;求你把他们分别出来,留待宰杀的日子。
3အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို သိမြင်တော်မူ၏။ အကျွန်ုပ်သည် ကိုယ်တော်နှင့်သဘော တူကြောင်းကို စစ်ကြောတော်မူပြီ။ သိုးတို့ကို ထုတ်သကဲ့သို့၊ ထိုမတရားသော သူတို့ကို အသေသတ်ခြင်းငှါ ဆွဲထုတ် တော်မူပါ။ သတ်ရသောနေ့အဘို့ ပြင်ဆင်တော်မူပါ။
4这地悲哀,田野的青草都枯干,要等到几时呢?由于这地居民的恶行,走兽和飞鸟都灭绝了;因为他们说:“ 神看不见我们的作为(“作为”一词按照《马索拉抄本》应作“结局”;现参照《七十士译本》翻译)。”
4ပြည်သားများပြုသော ဒုစရိုက်အပြစ်ကြောင့်၊ ပြည်သည် အဘယ်မျှကာလပတ်လုံး မြည်တမ်းရပါအံ့ နည်း။ အရပ်ရပ်တို့၌ရှိသော မြက်ပင်သည် အဘယ်မျှ ကာလပတ်လုံး ညှိုးနွမ်းရပါအံ့နည်း။ ငါတို့ခံရသော အကျိုးအပြစ်ကို ဘုရားသခင်မသိမမြင်ဟု ပြည်သားများ ဆိုသောကြောင့်၊ သားများနှင့် ငှက်များတို့သည် ပျောက် ပျက်ကြပါပြီ။
5耶和华说:“如果你与徒步的人同跑,尚且觉得疲倦,怎能跟马赛跑呢?你在平安稳妥之地,尚且跌倒,在约旦河边的丛林怎么办呢?
5သင်သည် ခြေသည်တို့နှင့် ပြိုင်ပြေး၍ မောလျှင် မြင်းတို့နှင့် အဘယ်သို့ပြိုင်နိုင်မည်နည်း။ စိုးရိမ်ခြင်းမရှိ၊ ငြိမ်ဝပ်စွာ နေရသောပြည်၌ မောလျှင်၊ ယော်ဒန်မြစ်၏ ဂုဏ်အသရေထဲမှာ အဘယ်သို့ပြုလိမ့်မည်နည်း။
6因为连你的兄弟、你的父家,都以诡诈待你,连他们也在你后面高声喊叫。虽然他们对你说好话,你也不可信他们。”
6သင်၏ညီအစ်ကို၊ အဘ၏ အိမ်သူအိမ်သားတို့ ပင် သင့်ကို သစ္စာဖျက်၍၊ သင့်နောက်သို့ အော်ဟစ်လျက် လိုက်ကြ၏။ သူတို့သည် ကောင်းသောစကားကို ပြော သော်လည်း မယုံနှင့်။
7遍地荒凉“我撇下了我的家,丢弃了我的产业;我把我心爱的交在她仇敌的手中。
7ငါသည်ကိုယ်အိမ်ကိုစွန့်၍၊ ကိုယ်အမွေကို ပစ်ထားပြီ။ ငါအလွန်ချစ်သောအစ်မကို သူ၏ ရန်သူ လက်သို့အပ်နှံပြီ။
8我的产业对我,就像树林中的狮子向我咆哮,因此我恨恶她。
8ငါ့အမွေသည် တော၌ တွေ့သောခြင်္သေ့ကဲ့သို့ ငါ့အားဖြစ်၍၊ ငါ့ကို ဟောက်သောကြောင့် ငါမုန်းလေ၏။
9我的产业对我,不就像一只带斑点的鸷鸟,其他的鸷鸟都四围攻击她?你们去聚集田野各样的走兽,带它们来吃吧!
9ငါ့အမွေသည် ဇဘောသားရဲကဲ့သို့ ငါ့အား ဖြစ်၏။ ပတ်လည်၌ရှိသော သားရဲတို့သည် တိုက်ကြ၏။ လာကြ။ တောသားရဲအပေါင်းတို့၊ စည်းဝေးကြ။ ကိုက်စား ခြင်းငှါ လာကြစေ။
10许多牧人毁坏了我的葡萄园,践踏了我的田地;他们使我美好的田地变为荒凉的旷野。
10များစွာသော သိုးထိန်းတို့သည် ငါ့စပျစ်ဥယျာဉ် ကို ဖျက်ဆီးကြပြီ။ ငါရထိုက်သောအဘို့ကို ကျော်နင်း ကြပြီ။ ငါရထိုက်သောနှစ်သက်ရာအဘို့ကို လူဆိတ်ညံရာ တောဖြစ်စေကြပြီ။
11他们使地荒凉,在我面前一片荒凉悲哀;全地荒凉,却无人关心。”
11သုတ်သင်ပယ်ရှင်းသောကြောင့်၊ လူဆိတ်ညံ လျက်ရှိ၍၊ ငါ့အား ညဉ်းတွားလေ၏။ တပြည်လုံးပျက်စီး သော်လည်း၊ အဘယ်သူမျှပမာဏ မပြုတတ်။
12在旷野一切光秃的高冈上,行毁灭的已经来到了;因为耶和华的刀从地这边直到地那边,要吞灭一切;人人都没有平安。
12တော၌ မြင့်သော အရပ်အလုံးစုံတို့အပေါ်မှာ လုယက်သော သူတို့သည် တက်ကြပြီ။ အကယ်စင်စစ် ပြည်စွန်းတဘက်မှ တဘက်တိုင်အောင် ထာဝရဘုရား၏ ထားတော်သည် ဖျက်ဆီးသဖြင့်၊ အဘယ်သူမျှ ချမ်းသာ မရ။
13他们种的是小麦,收的却是荆棘;虽然筋疲力竭,却一无所获。因耶和华的烈怒,他们必为自己的(“自己的”原文作“你们的”)出产羞愧(本句或译:“你们必为你们的农获羞愧”)。
13သူတို့သည် ဂျုံစပါးမျိုးစေ့ကို ကြဲ၍ ဆူးပင်ကိုသာ ရိတ်ရကြ၏။ ပင်ပန်းစွာ ကြိုးစားသော်လည်း ကျေးဇူး မရှိကြ။ ထာဝရဘုရား၏ အမျက်တော်အရှိန်ကြောင့်၊ မိမိတို့ ခံရသောအကျိုးကို ထောက်၍ ရှက်ကြလိမ့်မည်။
14警告恶邻耶和华这样说:“至于所有邪恶的邻国,他们侵犯我赐给我子民以色列的产业;看哪!我要把他们从本地拔出来,也要把犹大家从他们中间拔出来。
14ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါပေး သနား၍၊ ငါ၏လူ ဣသရေလအမျိုးပိုင်ထိုက်သော အမွေ ကို ထိခိုက်သော၊ ငါ၏အိမ်နီးချင်းဆိုးအပေါင်းတို့ကို၊ သူတို့ ပြည်ထဲက ငါနှုတ်မည်။ သူတို့အထဲကလည်း ယုဒအမျိုးကို ငါနှုတ်မည်။
15但我把他们拔出来以后,我必再怜悯他们,把他们领回来,各自归回自己的产业,自己的故乡。
15နှုတ်ပြီးမှတဖန် ငါသနား၍၊ အသီးအသီးတို့ကို မိမိတို့ပိုင်ထိုက်သော မြေ၊ မိမိတို့နေရင်းပြည်သို့ ငါပြန် ပို့မည်။
16如果那些邻近的国家真的学习我子民的道路,指着我的名起誓,说:‘我指着永活的耶和华起誓!’正如他们从前教导我的子民指着巴力起誓一样,他们就必在我的子民中间被建立起来。
16ဗာလဘုရားကိုတိုင်တည်၍ ကျိန်ဆိုစေခြင်းငှါ၊ သူတို့သည် ငါ၏လူမျိုးကို သွန်သင်ဘူးသည်နည်းတူ၊ ထာဝရဘုရား အသက်ရှင်တော်မူသည်ဟု၊ ငါ၏နာမကို တိုင်တည်၍ ကျိန်ဆိုခြင်းငှါ၊ ငါ့လူမျိုး၏ ဘာသာဓလေ့ကို ကြိုးစား၍ သင်လျှင်၊ ငါ၏လူမျိုးအထဲ၌ သူတို့ကို ငါတည် စေမည်။
17他们如果有不听从的,我就把那国拔出来,把她拔除消灭。”这是耶和华的宣告。
17သို့မဟုတ်၊ နားမထောင်ဘဲနေလျှင်၊ နား မထောင်သော လူမျိုးကို ငါသည် ရှင်းရှင်းနှုတ်ပယ် ဖျက် ဆီးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။