聖經新譯本 (Simplified)

Myanmar

Jeremiah

34

1预言西底家被掳,圣城被毁
1ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ မင်းကြီး သည် ဗိုလ်ခြေအပေါင်း၊ အစိုးရတော်မူသမျှသော တိုင်းနိုင်ငံသား၊ လူမျိုးအသီးအသီး အပေါင်းတို့နှင့်တကွ၊ ယေရုရှလင်မြို့ကို၎င်း၊ ထိုမြို့နှင့်ဆိုင်သမျှသော မြို့ရွာ တို့ကို၎င်း တိုက်သောအခါ၊ ထာဝရဘုရား၏ နှုတ်ကပတ် တော်သည် ယေရမိသို့ရောက်၍၊
2“耶和华以色列的 神这样说:‘你去告诉犹大王西底家说:耶和华这样说:看哪!我要把这城交在巴比伦王的手中,他要用火烧城。
2ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ယုဒရှင်ဘုရင် ဇေဒကိကို သွား၍ ပြောရမည်မှာ၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤမြို့ကို ဗာဗုလုန် ရှင်ဘုရင်လက် သို့ ငါအပ်၍၊ သူသည် မီးရှို့လိမ့်မည်။
3你必逃不出他的手,必被拿住,交在他的手中。你必亲眼看见巴比伦王,他必亲口和你说话;你也必到巴比伦去。’
3သင်သည် ထိုမင်းလက်နှင့်မလွတ်ရ။ စင်စစ် သင့်ကိုဘမ်းဆီး၍ ထိုမင်းလက်သို့ အပ်ကြလိမ့်မည်။ သင်သည် ဗာဗုလုန်ရှင်ဘုရင်ကို မျက်နှာချင်းဆိုင်၍ တယောက်နှင့်တယောက် စကားပြောရလိမ့်မည်။ ဗာဗုလုန်မြို့သို့လည်း သွားရလိမ့်မည်။
4但犹大王西底家啊,你还要听耶和华的话!耶和华论到你这样说:‘你必不会死在刀下;
4သို့ရာတွင်၊ ယုဒရှင်ဘုရင် ဇေဒကိမင်းကြီး၊ ထာဝရဘုရား၏ စကားတော်ကို နားထောင်လော့။ မင်းကြီးကို ရည်မှတ်၍ ထာဝရဘုရား မိန့်တော်မူသည် ကား၊ သင်သည် ထားဖြင့်အသေမခံရ။
5你必平平安安死去。人怎样为你的列祖,就是在你以前的君王,焚烧香料,也必照样为你焚烧香料;人必为你哀悼,说:“哀哉,主上!”’这话是我说的。”这是耶和华的宣告。
5ငြိမ်ဝပ်စွာသေ၍ သင့်ရှေ့မှာ စိုးစံသော ဘိုးတော်ဘေးတော်တို့အဘို့ ပြုဘူးသည်နည်းတူ၊ သင့် အဘို့ နံ့သာပေါင်းကို မီးရှို့လျက်၊ ဩ သခင်ဟူ၍ ငိုကြွေး မြည်တမ်းကြလိမ့်မည်။ ငါပြောထားပြီဟု ထာဝရဘုရား မိန့်တော်မူ၏။
6于是耶利米先知在耶路撒冷把这一切话都告诉了犹大王西底家。
6ဗာဗုလုန် ရှင်ဘုရင်၏ ဗိုလ်ခြေတို့သည် ယေရု ရှလင်မြို့ကို၎င်း၊
7那时,巴比伦王的军队正在攻打耶路撒冷和犹大剩下的城镇,就是拉吉和亚西加,因为在犹大的各城中,只剩下这两座坚固的城了。
7ယုဒပြည်၌ ခိုင်ခံ့၍ ကျန်ကြွင်းသောမြို့၊ လာခိရှ မြို့၊ အဇေကာမြို့တည်းဟူသော ယုဒပြည်၌ ကျန်ကြွင်း သော မြို့တို့ကို၎င်း တိုက်သောအခါ၊ ပရောဖက် ယေရမိ သည် ထိုစကားအလုံးစုံတို့ကို ယုဒရှင်ဘုရင် ဇေဒကိအား ဆင့်ဆိုလေ၏။
8君民立约释放奴仆西底家王和在耶路撒冷的众民立了约,要向奴仆宣告自由。人人都要释放自己的希伯来奴婢;谁也不可使自己的一位犹大兄弟作奴仆。(这事以后,从耶和华那里有话临到耶利米。)
8ယေရုရှလင်မြို့သားအပေါင်းတို့သည် အသီး အသီးစေစားသော ယုဒညီအစ်ကိုချင်း၊
9
9အစေခံရသော ဟေဗြဲအမျိုးကျွန်ယောက်ျား မိန်းမတို့ကို နောက်တဖန် မစေစားဘဲလွှတ်စေခြင်းငှါ၊ ဇေဒကိမင်းကြီးသည် လွှတ်ခြင်းတရားကို စီရင်မည်ဟု ဝန်ခံပြီးသည်နောက်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ယေရမိသို့ရောက်လာ၏။
10所有立了约的领袖和众民都同意释放各人自己的奴婢,谁也不再使他们作奴仆。他们都同意了,并且把奴婢释放了。
10အကြောင်းမူကား၊ ဝန်ခံသောမှူးမတ်၊ ဆင်းရဲ သားအပေါင်းတို့သည် အသီးအသီး စေစားသော ကျွန် ယောက်ျား မိန်းမတို့ကို နောက်တဖန် မစေစားဘဲ လွှတ် မည်ဟု ကြားသောအခါ၊ နားထောင်၍ လွှတ်လိုက်ကြ၏။
11但后来他们反悔,把他们释放了的奴婢叫回来,强迫他们再作奴婢。
11နောက်တဖန် ပြောင်းလဲ၍ ယခင်လွှတ်ပြီးသော ကျွန်ယောက်ျား မိန်းမတို့ကို ခေါ်ပြန်၍ အစေကျွန်ခံစေ ကြ၏။
12背约必受惩罚于是耶和华有话临到耶利米,说:
12ထိုကြောင့်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ယေရမိသို့ ရောက်၍၊
13“耶和华以色列的 神这样说:‘我把你们的列祖从埃及地为奴之家领出来的那日子,就和他们立了约,说:
13ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ ဘိုးဘေးများကို ကျွန်ခံ နေရာ အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သောအခါ၊
14“一个希伯来兄弟卖了身给你,服事了你六年,到第七年,你们各人就应释放他,容他自由离去。”但你们的列祖不听从我,毫不在意。
14သင်တို့သည် အသီးအသီးဝယ်သော ညီအစ်ကို ချင်း ဟေဗြဲအမျိုးသားတို့ကို ခုနစ်နှစ်စေ့လျှင် လွှတ်ရ မည်။ ခြောက်နှစ်ပတ်လုံး သင်တို့၌ အစေကျွန်ခံပြီးမှ၊ လွတ်သော အခွင့်ကိုပေးရမည်ဟု ပညတ်သော်လည်း၊ သင်တို့ ဘိုးဘေးများတို့သည် ငါ့စကားကို နားမထောင်၊ နားကို ပိတ်လျက်နေကြ၏။
15现今你们悔改,行我眼中看为正的事,各人向自己的同胞宣告自由,并且在称为我名下的殿中,在我面前立了约。
15သင်တို့သည် ယခုမှာပြောင်းလဲ၍၊ အသီးအသီး အိမ်နီးချင်းတို့ အား လွတ်ရသော အခွင့်ကို ထင်ရှားစွာ စီရင်သဖြင့်၊ ငါ့ရှေ့၌ တရားသော အမှုကို ပြုလျက်၊ ငါ့နာမဖြင့် သမုတ်သော ဗိမာန်တော်၌ ငါ့ရှေ့မှာ ဝန်ခံ ခြင်း ပဋိညာဉ်ကိုပြုကြသော်လည်း၊
16你们却又反悔,亵渎我的名;各人把得了释放随意离去的奴婢叫回来,强迫他们再作奴婢。’
16တဖန်ပြောင်းလဲ၍ ငါ၏နာမကို ရှုတ်ချလျက်၊ အသီးအသီး ရှင်းရှင်းလွှတ်ဘူးသော ကျွန်ယောက်ျား မိန်းမတို့ကို ခေါ်ပြန်၍ အစေကျွန်ခံစေကြပြီတကား။
17“所以,耶和华这样说:‘你们各人没有听从我,向兄弟、同胞宣告自由;看哪!我现在向你们宣告自由,容让你们遭受刀剑、瘟疫和饥荒,使你们成为地上万国所惊惧的。’这是耶和华的宣告。
17ထိုကြောင့်၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် အသီးအသီး ညီအစ်ကိုချင်း၊ အိမ်နီးချင်းတို့ အား လွတ်ရသောအခွင့်ကို ထင်ရှားစွာ မစီရင်၊ ငါ့စကား ကို နားမထောင်သောကြောင့်၊ ထာဝရဘုရား မိန့်တော်မူ သည်ကား၊ ငါသည် သင်တို့အဘို့၊ ထားဘေး၊ ကာလနာ ဘေး၊ မွတ်သိပ်ခြင်းဘေးတို့အား လွတ်သောအခွင့်ကို ထင်ရှားစွာ စီရင်၍၊ အတိုင်းတိုင်းအပြည်ပြည်တို့၌ အနှောင့်အရှက်ခံစေမည်။
18‘我必把那些违犯我的约的人交出去;他们没有履行在我面前和我立约的誓言,就是他们把牛犊劈开两半,并且从两半中间走过去时立下的。
18နွားသငယ်ကို ထက်ခြမ်းခွဲ၍၊ အလယ်သို့ ရှောက်သွားလျက်၊ ငါ့ရှေ့မှာပြုသော ဝန်ခံခြင်းပဋိညာဉ် စကားအတိုင်းမကျင့်၊ ငါ၏ပဋိညာဉ်ကို ဖျက်သော သူတည်းဟူသော၊
19那些从牛犊两半中间走过去的人,就是犹大的领袖、耶路撒冷的领袖、宫中的臣宰、祭司和这地的众民。
19ယုဒမင်း၊ ယေရုရှလင်မင်း၊ မှူးမတ်၊ ယဇ်ပုရော ဟိတ် အစရှိသော၊ နွားသငယ်ထက်ခြမ်းအလယ်သို့ ရှောက်သွားသော ပြည်သူပြည်သားအပေါင်းတို့ကို၊
20我必把他们交在他们仇敌的手中,和那些寻索他们性命的人的手中;他们的尸体必给空中的飞鸟和地上的走兽作食物。
20သူတို့ရန်သူများလက်သို့၎င်း၊ သတ်ချင်သော သူများလက်သို့၎င်း ငါအပ်မည်။ သူတို့အသေကောင် များတို့သည် မိုဃ်းကောင်းကင်ငှက်နှင့် တောသားရဲများ စားစရာဘို့ဖြစ်ကြလိမ့်မည်။
21我也必把犹大王西底家和众领袖交在他们仇敌的手中,和那些寻索他们性命的人的手中,以及那些从你们面前暂时撤退的巴比伦王的军队的手中。
21ယုဒရှင်ဘုရင် ဇေဒကိမှစ၍ မှူးတော်မတ်တော် တို့ကို သူတို့ရန်သူများလက်သို့၎င်း၊ သတ်ချင်သောလူများ လက်သို့၎င်း၊ ယခုလွှဲသွားသောဗာဗုလုန်ရှင်ဘုရင်၏ ဗိုလ်ခြေများလက်သို့၎င်း ငါအပ်မည်။
22看哪!我必下令,使他们回到这城来;他们必攻打、夺取这城,用火焚烧;我必使犹大的城镇都荒凉,没有人居住。’”这是耶和华的宣告。
22ငါသည် အမိန့်တော်ပေး၍ သူတို့ကို ဤမြို့သို့ ပြန်လာစေမည်။ သူတို့သည် တိုက်ယူ၍မီးရှို့ကြလိမ့်မည်။ ငါသည်လည်း၊ ယုဒမြို့ရွာတို့ကို လူတို့ဆိတ်ညံရာအရပ် ဖြစ်စေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။