1约哈难不信耶利米的话
1ထိုလူများတို့၏ ဘုရားသခင်ထာဝရဘုရားသည် ယေရမိအားဖြင့် မှာတော်မူသမျှသော အမိန့်တော်တို့ကို၊ ယေရမိသည် လူအပေါင်းတို့ အားအကုန်အစင်ကြားပြော သည်ရှိသော်၊
2何沙雅的儿子亚撒利雅,和加利亚的儿子约哈难,以及所有狂傲的人,就对耶利米说:“你在说谎!耶和华我们的 神并没有差遣你来说:‘你们不可去埃及,在那里寄居。’
2ဟောရှဲသားအာဇရိနှင့် ကာရာသား ယေဟ နန်အစရှိသော၊ မာနထောင်လွှားသော သူအပေါင်းတို့က၊ သင်သည် မုသာစကားကိုပြော၏။ အဲဂုတ္တုပြည်သို့သွား၍ မတည်းခိုရဟု ငါတို့၏ ဘုရားသခင် ထာဝရဘုရားသည် သင့်အားဖြင့် မှာထားတော်မမူ။
3只是尼利亚的儿子巴录怂恿你来反对我们,为要把我们交在迦勒底人的手中,好使我们被杀害,或被掳到巴比伦去。”
3ခါလဒဲလူတို့သည် ငါတို့ကိုသတ်၍ ဗာဗုလုန် မြို့သို့ သိမ်းသွားစေမည်အကြောင်း၊ သူတို့လက်သို့ ငါတို့ကိုအပ်လိုသောငှါ၊ နေရိသားဗာရုတ် သည်သင့်ကို နှိုးဆော်တိုက်တွန်း၏ဟု ဆိုကြပြီးလျှင်၊
4于是加利亚的儿子约哈难和众将领,以及众民,都不听从耶和华要他们留在犹大地的命令。
4ကာရာသားယောဟနန်အစရှိသော တပ်မှူး များနှင့် လူများအပေါင်းတို့သည်၊ ယုဒပြည်၌နေရမည် ဟူသော ထာဝရဘုရား၏ အမိန့်တော်ကို နားမထောင်ဘဲ၊
5约哈难带领人民下埃及相反地,加利亚的儿子约哈难和众将领却率领犹大所有余剩的人,就是那些从被赶逐到各国回来住在犹大地的,
5အတိုင်းတိုင်းအပြည်ပြည်သို့ နှင်ထုတ်ခြင်းကို ခံရပြီးမှ ယုဒပြည်၌ နေအံ့သောငှါ၊
6包括男人、女人、孩童和王的众公主,以及护卫长尼布撒拉旦留给沙番的孙子、亚希甘的儿子基大利管理的众人,还有耶利米先知和尼利亚的儿子巴录,
6ပြန်လာသော ယုဒအမျိုးသားအကျန်အကြွင်း၊ ယောက်ျား၊ မိန်းမ၊ သူငယ်၊ မင်းသမီးအစရှိသော ကိုယ်ရံ တော်မှူးနေဗုဇာရဒန်သည် ရှာဖန်၏သားဖြစ်သော အဟိကံ၏သားဂေဒလိ၌အပ်သော လူအပေါင်းတို့ကို၎င်း၊ ပရောဖက်ယေရမိ၊ နေရိသားဗာရုတ်ကို၎င်း၊ ကာရာ သားယောဟနန်နှင့် တပ်မှူးအပေါင်းတို့သည်ယူ၍၊
7把他们都带进埃及地,去到答比匿,没有听从耶和华的话。
7ထာဝရဘုရား၏အမိန့်တော်ကို နားမထောင်ဘဲ၊ အဲဂုတ္တုပြည်သို့ သွား၍တာပနက်မြို့သို့ ရောက်ကြ၏။
8预言巴比伦王攻击埃及在答比匿耶和华的话临到耶利米,说:
8တာပနက်မြို့၌ ထာဝရဘုရား၏ နှုတ်ကပတ် တော်သည် ယေရမိသို့ ရောက်တော်မူသည်ကား၊
9“你要在犹大人眼前亲手拿几块大石头,埋藏在答比匿法老宫殿门前砖窑的灰泥中;
9သင်သည်ကြီးသော ကျောက်တို့ကို ကိုင်ယူ၍၊ တာပနက်မြို့၌ ဖာရောဘုရင်၏အိမ်တော်ဝနားမှာ ရှိသောအုတ်ဖိုမြေ၌၊ ယုဒလူများရှေ့တွင် မြှုပ်ထားလော့။
10然后对他们说:‘万军之耶和华以色列的 神这样说:看哪!我要派人去领我的仆人巴比伦王尼布甲尼撒来;我要在我所埋藏的这些石头上安设他的王位;他必在上面张开他的帐篷。
10သူတို့အားလည်း၊ ဣသရေလအမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော် မူသည်ကား၊ ငါသည်လူကိုစေလွှတ်၍၊ ငါ၏ကွန်ဗာဗုလုန် ရှင်ဘုရင်နေဗုခဒ်နေဇာကိုဆောင်ခဲ့ပြီးလျှင်၊ ငါမြှုပ် ထားသောဤကျောက်တို့အပေါ်မှာ၊ သူ၏ရာဇပလ္လင်ကို ငါတည်မည်။ သူသည်လည်း၊ မိမိထဲတော်ကို ဤကျောက် တို့အပေါ်မှာ ဖြန့်လိမ့်မည်။
11他必来攻打埃及地;那些注定死亡的,必要死亡;那些注定被掳的,必要被掳;那些注定被刀杀的,必被刀杀。
11ထိုမင်းသည် ရောက်လာသောအခါ၊ အဲဂုတ္တု ပြည်ကိုလုပ်ကြံ၍၊ သေတန်သော သူတို့ကို သေခြင်းသို့၎င်း၊ သိမ်းသွားချုပ်ထားတန်သော သူတို့ကို သိမ်းသွားချုပ်ထား ခြင်းသို့၎င်း အပ်လိမ့်မည်။
12他(“他”按照《马索拉抄本》应作“我”;现参照《七十士译本》翻译)必焚烧埃及的神庙,把它们烧毁,并且掳掠;他必得着埃及地,好像牧人披上衣服那么容易;他必安然离开那里。
12အဲဂုတ္တုဘုရားအိမ်တို့ကို ငါမီးရှို့မည်။ သူသည် လည်း၊ ထိုဘုရားတို့ကိုမီးရှို့၍ သိမ်းသွားချုပ်ထားလိမ့် မည်။ သိုးထိန်းသည် မိမိအဝတ်ကို ဝတ်သကဲ့သို့၊ ထိုမင်း သည် အဲဂုတ္တုပြည်ကိုဝတ်၍ ငြိမ်ဝပ်စွာ ထွက်သွား လိမ့်မည်။
13他必打碎埃及地伯.示麦(“伯.示麦”或译:“太阳神庙”)的神柱,放火烧毁埃及神庙。’”
13အဲဂုတ္တုပြည်ဗက်ရှေမက်မြို့၌၊ ရုပ်တုဆင်းတု များကို ချိုးဖျက်၍၊ အဲဂုတ္တုဘုရားအိမ်များကို မီးရှို့လိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။