聖經新譯本 (Simplified)

Myanmar

Jeremiah

46

1预言法老必挫败
1တပါးအမျိုးကိုရည်မှတ်၍ ပရောဖက်ယေရမိသို့ ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော် တည်းဟူသော၊
2以下的话是关于埃及,论到埃及王法老尼哥的军队,这军队在犹大王约西亚的儿子约雅敬第四年,被巴比伦王尼布甲尼撒在靠近幼发拉底河的迦基米施击败。
2ယုဒရှင်ဘုရင်ယောရှိသားယောယကိမ်မင်း နန်းစံ လေးနှစ်တွင်၊ ကာခေမိတ်အရပ်၊ ဥဖရတ်မြစ်နား၌ တပ်ချ၍၊ ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာ လုပ်ကြံသော အဲဂုတ္တုရှင်ဘုရင် ဖာရော နေခေါ်၏ စစ်သူရဲ၊ အဲဂုတ္တုပြည်သားတို့ကို ရည်မှတ်သော နှုတ်ကပတ် တော်ဟူမူကား၊
3“要准备好大小的盾牌,踏上战场。
3ဒိုင်းလွှားတို့ကို ပြင်ဆင်၍၊ စစ်တိုက်ခြင်းငှါ ချဉ်းကပ်ကြလော့။
4要装备马匹,骑上战马;站好岗位,戴上头盔;磨快枪矛,穿上铁甲。
4မြင်းစီးသူရဲများတို့၊ မြင်းကို ကကြိုးတန်ဆာ ဆင်၍စီးပြီးလျှင်၊ သံခမောက်လုံးကို ဆောင်းလျက် ထွက်ကြလော့။ လှံတို့ကိုပွတ်ကြလော့။ သံချပ်အင်္ကျီတို့ကို ဝတ်ကြလော့။
5但为什么我看见他们惊惶,转身退后呢?他们的勇士被击败了,他们急速奔逃,不敢回转。四围都是惊慌。”这是耶和华的宣告。
5သူတို့သည်ကြောက်ရွံ့၍ ဆုတ်သွားကြသည်ကို အဘယ်ကြောင့် ငါမြင်ရသနည်း။ အားကြီးသော သူတို့ သည် ရှုံးသဖြင့် ပြန်၍မကြည့်ဝံ့။ အလျင်အမြန်ပြေးကြ ၏။ ပတ်လည်အရပ်၌ ဘေးရှိသည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
6“快跑的跑不掉,勇士也不能逃脱;他们在北方、在幼发拉底河边,都绊跌仆到。
6လျင်မြန်သောသူကို မပြေးစေနှင့်။ အားကြီး သော သူကိုမလွတ်စေနှင့်။ ဥဖရတ်မြစ်နား၊ မြောက် မျက်နှာ၌ ထိမိ၍လဲကြလိမ့်မည်။
7那像尼罗河上涨,像江河的水翻腾的是谁呢?
7နိလမြစ်ထသကဲ့သို့၎င်း၊ မြစ်ရေစီးသကဲ့သို့၎င်း တက်လာသော ဤသူကား အဘယ်သူနည်း။
8埃及像尼罗河上涨,像江河的水翻腾;它说:‘我要上涨,淹盖大地;我要毁灭城镇和城里的居民。’
8အဲဂုတ္တုပြည်သည် နိလမြစ်ထသကဲ့သို့၎င်း၊ မြစ်ရေစီးသကဲ့သို့၎င်း တက်လာလျက်၊ ငါသည် ထ၍ မြေကြီးကို လွှမ်းမိုးမည်။ မြို့နှင့်တကွမြို့ သားတို့ကို ဖျက်ဆီးမည်ဟု ပြောဆို၏။
9马匹啊,上前吧!战车啊,狂奔吧!勇士啊,就是紧握盾牌的古实人和弗人,以及拉弓的吕底亚人哪,上阵吧!
9မြင်းများတို့၊ တက်ကြလော့။ ရထားများတို့၊ ဟုန်းဟုန်းမြည်ကြလော့။ သူရဲများတည်းဟူသော၊ ဒိုင်းလွှားကို ကိုင်တတ်သော ကုရှအမျိုး၊ ဖုတအမျိုးသား၊ လေးကိုကိုင်၍ ပစ်တတ်သောလုဒိအမျိုးသားတို့သည် ထွက်သွားကြစေ။
10那是主万军之耶和华的日子,是报仇的日子,他要向自己的敌人报仇;刀剑必吞噬、饱餐他们的肉,痛饮他们的血。因为在北方,靠近幼发拉底河之地,主万军之耶和华要屠宰敌人像杀祭牲一样。
10ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ ရန်သူတို့ကို ဒဏ်ပေးရသောနေ့၊ အမျက်တော်ကို ဖြေရသောနေ့ရက်ဖြစ်သည်နှင့် အညီ၊ ထားတော်သည် ကိုက်စား၍ဝလိမ့်မည်။ သူတို့အသွေးနှင့် ယစ်မူးလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရားအဘို့၊ မြောက်မျက်နှာ၌ ဥဖရတ်မြစ်နားမှာ ယဇ်ပူဇော်စရာ အကြောင်ရှိ၏။
11埃及的人民哪,上基列去取乳香吧!你虽多用药物都是无效,你必不得医治。
11အိုအဲဂုတ္တုသတို့သမီးကညာ၊ ဂိလဒ်ပြည်သို့ သွား၍ဗာလစံစေးကို ယူလော့။ သင်သည်များစွာသော ဆေးကိုအချည်းနှီးသုံးတတ်၏။ သင်၏အနာ မပျောက် နိုင်ရာ။
12列国听见你的羞耻,大地满了你的哀号;因为勇士和勇士相碰,双方一同仆倒。”
12သင်သည် အရှက်ကွဲကြောင်းကို လူမျိုးတို့သည် ကြားကြပြီ။ သင် မြည်တမ်းသော အသံသည်းမြေတပြင် လုံး၌ နှံ့ပြားပြီး။ သူရချင်းတယောက်နှင့် တယောက် ထိခိုက်၍၊ နှစ်ယောက်တို့သည်လဲကြပြီဟု မိန့်တော်မူ၏။
13预言巴比伦王必来攻打埃及以下是耶和华对耶利米先知所说的话,论到巴比伦王尼布甲尼撒要来攻打埃及地。
13အဲဂုတ္တုပြည်ကိုလုပ်ကြံခြင်းငှါ ဗာဗုလုန် ရှင်ဘုရင်နေဗုဒဒ်နေဇာလာမည်အကြောင်းကြောင့်၊ ထာဝရဘုရားသည် ပရောဖက်ယေရမိအား မိန့်တော်မူ သော စကားဟူမူကား၊
14“你们要在埃及传扬,在密夺宣告,在挪弗和答比匿宣扬,说:‘要站好岗位,作好准备,因为刀剑要吞灭你周围的人!’
14သင့်ပတ်လည်၌နေသောသူတို့ကို ထားတော် သည် ကိုက်စားပြီ။ ကိုယ်ကိုပြင်ဆင်၍ မြဲမြံစွာ နေလော့ ဟု အဲဂုတ္တုပြည်၌ကြွေးကြော်ကြလော့။ မိဂဒေါလမြို့၌ သိတင်းကြားကြလော့။ နောဖမြို့၊ တာပနက်မြို့၌လည်း ကြားပြောကြလော့။
15你的壮士为什么俯伏?他们站立不住(“你的壮士为什么俯伏?他们站立不住”或可参照《七十士译本》译作“为什么亚比士神逃跑?你的牛神站立不住”),是因耶和华把他们推倒了。
15သင်၏သူရဲသည် အဘယ်ကြောင့် ရှုံးသနည်း။ ထာဝရဘုရားတွန်းချတော်မူသောကြောင့်၊ သူသည် မရပ် မနေနိုင်ရာ။
16他使众人绊跌,倒在一起;他们说:‘起来!我们要回到我们本族,和我们出生之地那里去,躲避欺压者的刀剑。’
16လူများတို့သည် ထိမိ၍တယောက်အပေါ်မှာ တယောက်လဲစေခြင်းငှါ ပြုတော်မူသည်ဖြစ်၍၊ သူတို့က၊ ထကြကုန်အံ့။ ညှဉ်းဆဲတတ်သော ထားကြောင့် ကိုယ် အမျိုး၊ ကိုယ်နေရင်းပြည်သို့ပြန်ကြကုန်အံ့ဟု ပြောဆို ကြ၏။
17他们在那里喊叫:‘埃及王法老不过是喧哗的声音;他已失去机会。’”
17ရောက်ပြီးမှ အဲဂုတ္တု ရှင်ဘုရင်ဖာရောမင်းသည် ဆုံးရှုံးပြီ။ စည်းဝေးရသောအချိန်ကို လွန်စေပြီဟု ဟစ်ကြ၏။
18名叫万军之耶和华的王宣告说:“我指着我的永生起誓,必有一位要来,像群山中的他泊山,像海边的迦密山一样。
18ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားဟု ဘွဲ့နာမရှိသော ရှင်ဘုရင်မိန့်တော်မူသည်ကား၊ ငါသည် အသက်ရှင်သည်ဖြစ်၍၊ တောင်တို့တွင် တာဗော်တောင် ကဲ့သို့၎င်း၊ ပင်လယ်နားမှာကရမေလတောင်ကဲ့သို့ ၎င်း ထိုမင်းသည် လာလိမ့်မည်။
19住在埃及的人民哪!要为自己预备被掳时所需的器物;因为挪弗必成为荒场,必被烧毁,无人居住。
19နေရာကျသော အဲဂုတ္တုသတို့သမီး၊ နေရာ ပြောင်းစရာဘို့ ကိုယ်အသုံးအဆောင်များကို ပြင်လော့။ အကြောင်းမူကား၊ နေဖမြို့သည် နေသောသူမရှိအောင် သုတ်သင်ဖျက်ဆီးခြင်းကို ခံရမည်။
20埃及是一头肥美的母牛,但北方的牛虫已经来到它身上(“它身上”有古卷作“来到了”)。
20အဲဂုတ္တုပြည်သည်အဆင်းလှသော နွားမဖြစ်၏။ သို့ရာတွင်၊ မြောက်မျက်နှာဘက်က နှောင့်ရှက်ခြင်း အကြောင်းပေါ်လာ၏။
21它中间的雇佣兵像棚里的肥牛犊,他们一同转身逃跑,没有一个站立得住;因为他们遭灾的日子、受惩罚的时候,已经临到他们身上。
21သူငှါးတို့သည် သူ၏အလယ်၌ ဆူအောင် ကျွေးသောနွားကဲ့သို့ ဖြစ်သော်လည်း၊ ပျက်စီးခြင်းနေ့၊ ဆုံးမခြင်းကိုခံရသော အချိန်ရောက်သောကြောင့်၊ သူတို့ သည် မရပ်မနေ၊ ကျောကိုလှည့်၍ တညီတညွတ်တည်း ပြေးသွားကြ၏။
22它逃走的声音像蛇行的响声,因为敌人要成队而来,像砍伐树木的,拿着斧子前来攻击它。
22သစ်ခုတ်သောသူကဲ့သို့ ပုဆိန်ပါလျက်၊ လူအလုံး အရင်းနှင့်တကွ ချီလာကြသောအခါ၊ သူ၏စကားသံ သည် မြွေမြည်သံကဲ့သို့ ဖြစ်လိမ့်မည်။
23他们要砍伐它的森林。这是耶和华的宣告;它的森林虽然茂密难以通过,但敌人比蝗虫还多,无法数算。
23ထိုတောသည် အလွန်ရှုပ်သော်လည်း၊ သူတို့ သည် ကျိုင်းကောင်ထက်မက မရေတွက်နိုင်အောင် များသောကြောင့် ခုတ်လှဲကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
24埃及的人民必蒙羞受辱,必交在北方的民族的手中。”
24အဲဂုတ္တုသတို့သမီးသည် မိန်းမောတွေဝေလျက် ရှိ၏။ မြောက်မျက်နှာပြည်သားတို့ လက်သို့ရောက်လေပြီ။
25万军之耶和华以色列的 神说:“看哪!我必惩罚挪的亚扪神、法老和那些倚靠法老的人。
25ဣသရေလအမျိုး၏ဘုရားသခင်ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ နောမြို့၌ရှိသော အမ္မုန်ဘုရားနှင့် ဖာရောဘုရင်မှစ၍ အဲဂုတ္တုပြည်သားဘုရားများ၊ ရှင်ဘုရင်များတည်း ဟူသော၊ ဖာရောဘုရင်အစရှိသော၊ ထိုဘုရင်ကို ကိုးစား သော သူတို့ကို ငါဆုံးမမည်။
26我必把他们交在那些寻索他们性命的人的手里,就是交在巴比伦王尼布甲尼撒和他的臣仆的手中。但以后,埃及必再有人居住,像从前一样。”这是耶和华的宣告。
26သူတို့အသက်ကို ရှာသောသူတည်းဟူသော ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာမင်းနှင့်သူ၏ ကျွန်တို့ လက်သို့ သူတို့ကို ငါအပ်မည်။ ထိုနောက်မှတဖန် အဲဂုတ္တု ပြည်သည်အရင်ကဲ့သို့ စည်ပင်လိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
27 神必拯救他的子民“至于你,我的仆人雅各啊!你不要惧怕。以色列啊!你不要惊慌。因为我必从远方拯救你回来,从被掳之地必拯救你的后裔脱离他们被掳之地。雅各必归回,得享平静安逸,没有人可以使他害怕。
27အိုငါ့ကျွန်ယာကုပ်၊ မကြောက်နှင့်။ အို ဣသရေလအမျိုး၊ စိတ်မပျက်နှင့်။ သင့်ကိုဝေးသောအရပ်မှ၎င်း၊ သင်၏အမျိုးသားတို့ကို သိမ်းသွားရာ ပြည်မှ၎င်း ငါနှုတ် ယူဆောင်ခဲ့သဖြင့်၊ ယာကုပ်အမျိုးသည်ပြန်လာ၍၊ ချောက်လှန့်သောသူမရှိ၊ ငြိမ်ဝပ်ချမ်းသာစွာ နေရ လိမ့်မည်။
28我的仆人雅各啊!你不要惧怕。因为我与你同在;我要消灭我赶逐你去的列国。却必不消灭你。我要按公正惩治你,决不能免你受罚。”这是耶和华的宣告。
28ငါ့ကျွန်ယာကုပ်မကြောက်နှင့်။ သင်နှင့်အတူ ငါရှိ၏။ သင့်ကို ငါနှင်ထုတ်သော တိုင်းနိုင်ငံရှိသမျှတို့ကို ငါသည်ဆုံးမစေသော်လည်း၊ သင့်ကို မဆုံးစေ။ သို့ရာတွင်၊ ရှင်းရှင်းအပြစ်မလွှတ်ဘဲ အတော်အတန် ဆုံးမမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။