聖經新譯本 (Simplified)

Myanmar

Job

11

1琐法首次发言,责约伯自义
1နေမတ်အမျိုးသား ဇောဖာမြွက်ဆိုသည်ကား၊
2“这许多的话怎可不回答,多嘴多舌的人怎能算为义呢?
2စကားများ၍ အကျိုးရှိသည်မဟုတ်။ နှုတ်သီး ကောင်းသောသူသည် မိမိအပြစ်နှင့် လွတ်ရမည်လော။
3你胡言乱语可使人不作声吗?你嘲笑的时候,无人责备吗?
3သင်ပြောသောမုသာစကားကြောင့် သူတပါးတို့သည် တိတ်ဆိတ်စွာနေရမည်လော။ သင်ကဲ့ရဲ့သောအခါ အဘယ်သူသည် အရှက်မကွဲနေရမည်နည်း။
4你说:‘我的道理纯全,我在你眼前洁净。’
4သင်က၊ ငါ့စကားဖြောင့်၏။ ဘုရားသခင့်ရှေ့တော်၌ ငါသန့်ရှင်း၏ဟု ဆိုမိပြီ။
5但愿 神说话,愿他开口跟你说话,
5ဘုရားသခင်မိန့်တော်မူပါစေ။ သင့်တဘက်၌ နှုတ်တော်ကို ဖွင့်တော်မူပါစေ။
6把智慧的奥秘向你显明,因为真的智慧有两面。你当知道 神已忘记了你一部分的罪孽。
6နက်နဲသော ပညာအရာတည်းဟူသော သင်နားလည်နိုင်သည်ထက်၊ နှစ်ဆသာသောအရာတို့ကို သင့်အားပြတော်မူပါစေ။ ထိုသို့ပြတော်မူလျှင် သင်သည် အပြစ်ခံထိုက်သည်အတိုင်း အပြစ်ပေးတော်မမူကြောင်း ကိုသိရလိမ့်မည်။
7 神洞悉人的罪 神高深莫测之事你怎能查出呢?全能者的终极你怎能洞悉呢?
7သင်သည် ဘုရားသခင်၏ ဇာတိတော်ကို စစ်၍ တွေ့နိုင်သလော။ အနန္တတန်ခိုးရှင်၏ ဇာတိကို စစ်၍ အကုန်အစင် နားလည်နိုင်သလော။
8他的智慧高于诸天,你能作什么呢?比阴间还深,你怎能识透?
8မိုဃ်းကောင်းကင်ကိုမှီသည်ဖြစ်၍ သင်သည်အဘယ်သို့ပြုနိုင်သနည်း။ မရဏာနိုင်ငံထက် နက်သည် ဖြစ်၍ သင်သည်အဘယ်သို့ သိနိုင်သနည်း။
9他的智慧比地长,比海宽。
9အတိုင်းအရှည်သည် မြေကြီးကိုလွန်လျက် သမုဒ္ဒရာထက်သာ၍ ကျယ်ဝန်းလျက်ရှိ၏။
10他若过来把人囚禁,召人受审,谁能阻止他呢?
10ဘုရားသခင်သည် ဘမ်းဆီးချုပ်ထား၍ စစ်ကြောတော်မူလျှင် အဘယ်သူဆီးတားနိုင်သနည်း။
11因为他认识虚谎的人,他看见欺诈,怎能不鉴察?
11ဘုရားသခင်သည် ဆိုးသောသူတို့၏ သဘောကို သိတော်မူ၏။ သူတို့အမှတ်တမဲ့ပြုသော ဒုစရိုက်ကို သိမြင်တော်မူ၏။
12虚妄的人悟出慧心,就像野驴生子为人。
12သို့သော်လည်း ရိုင်းသောမြည်းကလေးသည် လူအဖြစ်သို့ရောက်သောအခါ၊ လူမိုက်သည် ပညာ သတိရလိမ့်မည်။
13劝约伯悔改离罪你若心里归向他,又向他伸手祷告;
13သင်သည် စိတ်နှလုံးကို ပြင်ဆင်၍ လက်တို့ကို ဘုရားသခင်ထံတော်သို့ ဆန့်လျှင်၎င်း၊
14你若远远地除掉你手里的欺诈,不让不义居在你的帐棚里;
14သင်ပြုသော ဒုစရိုက်ကိုပယ်၍ သင့်အိမ်၌ ဆိုးညစ်သောအမှုကို လက်မခံလျှင်၎င်း၊
15那么你必仰面,毫无愧色;你也必坚定稳妥,无所惧怕。
15အညစ်အကြေးနှင့်ကင်းလွတ်သော မျက်နှာကို ပြရလိမ့်မည်။ စိုးရိမ်စရာအကြောင်းမရှိ၊ တည်ကြည် လိမ့်မည်။
16你必忘记你的苦楚,回忆好像逝去的流水,
16ခံပြီးသောဒုက္ခဆင်းရဲကို မေ့လျော့လိမ့်မည်။ လွန်သွားပြီးသော ရေကိုကဲ့သို့ အောက်မေ့လိမ့်မည်။
17你们的人生必明亮如正午,虽然黑暗仍像早晨。
17သင်၏အသက်သည်မွန်းတည့်အရောင်ထက် ထွန်းလင်းလိမ့်မည်။ ယခုမှောင်မိုက်သော်လည်း နံနက် ကဲ့သို့ လင်းလိမ့်မည်။
18因为有指望,你必安稳,你必四处巡查,安然睡觉。
18မြော်လင့်စရာရှိသောကြောင့် မစိုးရိမ်ဘဲနေလိမ့်မည်။ ယခုအရှုံးခံရသော်လည်း လုံခြုံစွာ ငြိမ်ဝပ်လိမ့်မည်။
19你躺卧,不受惊吓,必有很多人求你的情面。
19အိပ်သောအခါ အဘယ်သူမျှ မချောက်မလှန့်ရ။ လူများတို့သည် သင့်ကိုတောင်းပန်ကြလိမ့်မည်။
20但恶人的眼目必昏花,逃亡之路也必断绝,他们的指望就是最后的一口气。”
20ဆိုးသော သူတို့၏မျက်စိသည် အားလျော့လိမ့်မည်။ သူတို့သည် ပြေး၍မလွတ်ရကြ။ သူတို့မြော်လင့် စရာအကြောင်းသည် အခိုးအငွေ့သက်သက်ဖြစ်သည်ဟု မြွက်ဆို၏။