1比勒达第三次发言
1တဖန် ရှုအာအမျိုးသား ဗိလဒဒ်မြွက်ဆိုသည် ကား၊
2“ 神有治理之权,威严可畏,他在高天之处施行和平。
2ဘုရားသခင်သည် အာဏာတော်နှင့်၎င်း၊ ကြောက်ရွံ့ရိုသေဘွယ်သော ဂုဏ်တော်နှင့်၎င်း ပြည့်စုံ၍၊ မြင့်သောဌာနတော်၌ ငြိမ်သက်ခြင်းကို ပြုစုတော်မူ၏။
3他的天军怎能数算?他的光一发谁不被照耀呢?
3ဗိုလ်ခြေတော်တို့ကို ရေတွက်နိုင်သလော။ အလင်းတော်သည် အဘယ်သူကိုမလင်းဘဲ နေသနည်း။
4这样在 神面前,人怎能称为义呢?妇人所生的,怎能算为洁净呢?
4သို့ဖြစ်၍ လူသည် ဘုရားသခင်ရှေ့တော်၌ ကုသိုလ်ကို အဘယ်သို့ရနိုင်သနည်း။ လူမိန်းမဘွားမြင် သောသူသည် အဘယ်သို့ သန့်ရှင်းနိုင်သနည်း။
5在 神的眼中,月亮都不明亮,星星也不皎洁,
5လသော်လည်း အလင်းမရှိ။ ကြယ်သော်လည်း ရှေ့တော်၌ မဖြူစင်။
6更何况如虫的人,像蛆的世人呢!”
6ထိုမျှမက၊ တီကောင်ဖြစ်သောလူ၊ ပိုးရွဖြစ်သောလူသားကို အဘယ်ဆိုဘွယ်ရာ ရှိသနည်းဟု မြွက်ဆို၏။