聖經新譯本 (Simplified)

Myanmar

Joshua

7

1亚干犯罪
1သို့ရာတွင် ယုဒအမျိုး၊ ဇေရ၊ ဇာဗဒိ၊ ကာမိတို့မှ ဆင်းသက်သော အာခန်သည်၊ ကျိန်အပ်သောအရာကို သိမ်းယူ၍ ထိုအရာအားဖြင့် ဣသရေလအမျိုးသားတို့ သည် ပြစ်မှားသောအပြစ် ရှိသောကြောင့်၊ ထာဝရဘုရား သည် သူတို့၌ အမျက်ထွက်တော်မူ၏။
2以色列人战败那时,约书亚从耶利哥派人到伯特利东边,靠近伯.亚文的艾城去,吩咐他们说:“你们上去窥探那地。”那些人就上去,窥探艾城。
2ယောရှုသည်လည်း၊ ယေရိခေါမြို့မှ လူတို့ကို စေလွှတ်၍၊ သင်တို့သည် ဗေသလမြို့အရှေ့၊ ဗေသဝင်မြို့ အနားမှာရှိသော အာဣမြို့သို့ သွား၍ ထိုပြည်ကို ကြည့်ရှု ကြလော့ဟု မှာထားသည်အတိုင်း သူတို့သည် သွား၍၊ အာဣမြို့ကို ကြည့်ရှုပြီးလျှင်၊
3他们回来,对约书亚说:“不需要全体人民都上去;只要大约二三千人就可以上去攻打艾城了;不必劳动全体人民都上那里去,因为那里的人很少。”
3ယောရှုထံသို့ ပြန်လာ၍၊ ဤလူတို့ကို အကုန်အ စင် မသွားပါစေနှင့်။ လူနှစ်ထောင် သုံးထောင်လောက် သွား၍ အာဣမြို့ကို လုပ်ကြံပါစေ။ ထိုမြို့သို့ သွားရာတွင် ဤလူအပေါင်းတို့ကို မပင်ပန်းပါစေနှင့်။ မြို့သားတို့သည် မများပါဟု လျှောက်သည်နှင့်အညီ၊
4于是人民中约有三千人上那里去,但他们竟在艾城的人面前逃跑了。
4လူသုံးထောင်ခန့်မျှ ချီသွား၍ အာဣမြို့သားတို့ ရှေ့မှာ ပြေးရကြ၏။
5艾城的人击杀了他们约三十六人;从城门前追赶他们,一直追到示巴琳;在山坡上把他们击溃;人民的心就极其惊怕。
5အာဣမြို့သားတို့သည် လူသုံးဆယ်ခြောက် ယောက်တို့ကို သတ်ကြ၏။ မြို့တံခါးမှသည် ရှေဗရိမ်အ ရပ်တိုင်အောင်လိုက်၍၊ ထိုအရပ်၌ ဆင်းရာတွင် လုပ်ကြံ ကြသောကြောင့်၊ လူများတို့၏ စိတ်နှလုံးသည် အရည်ကျို ၍ ရေကဲ့သို့ ဖြစ်လေ၏။
6约书亚和众长老的求问约书亚就撕裂自己的衣服,和以色列人的长老,在耶和华的约柜前,一同俯伏在地,直到晚上,也把尘土撒在头上。
6ထိုအခါ ယောရှုသည် မိမိအဝတ်ကို ဆုတ်၍ ဣသရေလအမျိုး အသက်ကြီးသူတို့နှင့်တကွ၊ မိမိတို့ခေါင်း ပေါ်၌ မြေမှုန့်ကိုတင်၍ ထာဝရဘုရား၏ သေတ္တာတော် ရှေ့မှာ ညဦးတိုင်အောင် ဝပ်လျက်နေကြ၏။
7约书亚说:“唉!主耶和华啊,你为什么领这人民过约旦河,为要把我们交在亚摩利人的手中,使我们灭亡呢?我们宁愿住在约旦河那边倒好。
7ယောရှုကလည်း၊ အိုအရှင် ထာဝရဘုရား၊ ကိုယ် တော်သည် ဤလူအပေါင်းတို့ကို အာမောရိလူတို့လက်သို့ အပ်၍ ဖျက်ဆီးစေခြင်းငှါ ယော်ဒန်မြစ်တဘက်သို့ အဘယ်ကြောင့် ဆောင်ခဲ့တော်မူသနည်း။ အကျွန်ုပ်တို့ သည် ရောင့်ရဲသောစိတ်ရှိ၍ ယော်ဒန်မြစ်အရှေ့ဘက်၌ နေကြပါစေသော။
8主啊!以色列人既然在仇敌面前转身逃跑,我还有什么可说的呢?
8အိုဘုရားရှင်၊ ဣသရေလအမျိုးသားတို့သည် ရန်သူတို့ရှေ့မှာ ကျောကိုလှည့်ရကြသည်ဖြစ်၍ အကျွန်ုပ် သည် အဘယ်သို့ ပြောရပါမည်နည်း။
9迦南人和这地所有的居民听见了,就必围困我们,把我们的名字从这世上剪除,那时你为你的大名要怎样行呢?”
9ခါနနိလူ အစရှိသော ဤပြည်သူပြည်သား အပေါင်းတို့သည် ထိုသိတင်းကို ကြားလျှင်၊ အကျွန်ုပ်တို့ကို ဝိုင်း၍ အကျွန်ုပ်တို့၏နာမည်ကို မြေကြီးမှ ပယ်ရှင်းကြပါ လိမ့်မည်။ ကိုယ်တော်သည် ကြီးမြတ်သောနာမတော်အဘို့ အလိုငှါ အဘယ်သို့ ပြုတော်မူမည်နည်းဟု လျှောက်ဆို၏။
10耶和华的回答耶和华对约书亚说:“你起来,为什么这样脸伏在地呢?
10ထာဝရဘုရားကလည်း၊ ထလော့။ အဘယ် ကြောင့် ဝပ်၍နေသနည်း။
11以色列人犯了罪,违背了我吩咐他们的约定,因为他们取了那当毁灭的物,他们偷窃,并且说谎,又把那当毁灭的物放在自己的物件中。
11ဣသရေလအမျိုးသည် ပြစ်မှားပြီ။ ငါမှာထား သော ပဋိညာဉ်တရားကို ဖျက်လေပြီ။ ကျိန်အပ်သောအ ရာကို ခိုးယူ၍ ပရိယာယ်ပြုသဖြင့် မိမိဥစ္စာထဲမှာ ထား လေပြီ။
12所以,以色列人在他们的仇敌面前站立不住,在他们的仇敌面前转身逃跑,因为他们成了当毁灭的。如果你们不把那当毁灭的物从你们中间除掉,我就必不再与你们同在了。
12ထိုသို့ ဣသရေလအမျိုးသားတို့သည် ကျိန်အပ် သောသူဖြစ်သောကြောင့်၊ ရန်သူတို့ရှေ့မှာ မခံမရပ်နိုင်၊ ကျောကို လှည့်ရကြ၏။ ကျိန်အပ်သောသူကို သင်တို့အထဲ က မပယ်မရှင်းလျှင် သင်တို့နှင့်အတူ ငါမနေ။
13你起来,要人民自洁,对他们说:‘你们要自洁,预备明天;因为耶和华以色列的 神这样说:以色列啊!你们中间有那当毁灭的物;除非你们把那当毁灭的物从你们中间除去,你们在仇敌的面前就不能站立得住。
13ထ၍ လူများတို့ကို သန့်ရှင်းစေလော့။ နက်ဖြန် နေ့အဘို့ ကိုယ်ကိုကိုယ် သန့်ရှင်းစေကြဟု ဆင့်ဆိုလော့။ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော် မူသည်ကား၊ အိုဣသရေလအမျိုး၊ ကျိန်အပ်သောအရာ သည် သင်တို့အထဲ၌ ရှိ၏။ ထိုအရာကို သင်တို့အထဲက မပယ်မရှင်းမှီတိုင်အောင် ရန်သူတို့ရှေ့မှာ မခံမရပ်နိုင်ကြ။
14到了早晨,你们要按着支派前来,耶和华抽签抽中的支派,要按着宗族前来;耶和华抽签抽中的宗族,要按着家庭前来;耶和华抽签抽中的家庭,男丁要一个一个前来。
14နက်ဖြန်နံနက်၌ သင်တို့သည် အမျိုးအနွယ်အ လိုက် ချဉ်းကပ်ရကြမည်။ ထာဝရဘုရား မှတ်တော်မူ သော အမျိုးသည်၊ အဆွေအမျိုးအလိုက် ချဉ်းကပ်ရကြ မည်။ ထာဝရဘုရား မှတ်တော်မူသောအမျိုးသည်၊ အိမ်ထောင်စုံနှင့် ချဉ်းကပ်ရကြမည်။ ထာဝရ ဘုရား မှတ်တော်မူသော အိမ်ထောင်သည် လူအသီးသီး ချဉ်းကပ်ရကြမည်။
15如果那藏有当毁灭的物的人被抽签抽中了,他和他所有的一切都要用火焚烧;因为他违背了耶和华的约,又因为他在以色列中作了愚昧的事。’”
15ကျိန်အပ်သော အရာပါလျက် မှတ်တော်မူသော သူမှစ၍၊ သူ၌ရှိသမျှတို့ကို မီးရှို့ရကြမည်။ အကြောင်းမူ ကား၊ သူသည် ထာဝရဘုရား၏ ပဋိညာဉ်တရားကို ဖျက် ၍ ဣသရေလအမျိုး၌ အဓမ္မအမှုကို ပြုလေပြီဟု ယောရှု အား မိန့်တော်မူ၏။
16抽签抽中亚干约书亚清早起来,要以色列人按着支派前来;结果,犹大支派被抽签抽中了;
16နံနက်စောစော ယောရှုသည် ထ၍ ဣသရေလ လူတို့ကို အမျိုးအနွယ်အလိုက် ဆောင်ခဲ့သဖြင့် ယုဒအမျိုး ကို မှတ်တော်မူ၏။
17他要犹大宗族前来,结果,谢拉的家族被抽签抽中了;他要谢拉家族的男丁一个一个前来,结果,撒底被抽签抽中了;
17ယုဒအမျိုးကို ဆောင်ခဲ့သဖြင့်၊ ဇေရိအဆွေအ မျိုးကို မှတ်တော်မူ၏။ ဇေရိအဆွေအမျိုး အိမ်ထောင်စုံ အသီးအသီးတို့ကို ဆောင်ခဲ့သဖြင့် ဇာဗဒိအိမ်ထောင်ကို မှတ်တော်မူ၏။
18他要撒底家中的男丁一个一个前来,结果,亚干被抽签抽中了,亚干是迦米的儿子、撒底的孙子、谢拉的曾孙,是属于犹大支派的。
18ထိုအိမ်ထောင် လူအသီးအသီးတို့ကို ဆောင်ခဲ့သ ဖြင့် ယုဒအမျိုး၊ ဇေရ၊ ဇာဗဒိ၊ ကာမိတို့မှ ဆင်းသက်သော အာခန်ကို မှတ်တော်မူ၏။
19约书亚对亚干说:“我儿,我劝你把荣耀归给耶和华以色列的 神,向他认罪,告诉我你作了什么事,不可向我隐瞒。”
19ယောရှုကလည်း၊ ငါ့သား၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားကို ချီးမွမ်း၍ ရှေ့တော်၌ ကိုယ်အပြစ်ကို ဘော်ပြတောင်းပန်ပါလော့။ သင်ပြုသောအမှုကို ငါ့အားပြောပါလော့။ ဝှက်၍မထား ပါနှင့်ဟု အာခန်အားဆိုလျှင်၊
20亚干认罪与受罚亚干回答约书亚,说:“我实在得罪了耶和华以色列的 神;我作过的事是这样的。
20အာခန်က၊ ဟုတ်ပါ၏။ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားကို ကျွန်တော်ပြစ်မှားပါပြီ။ ကျွန်တော်ပြုမိသောအမှု ဟူမူကား၊
21我在战利品中,看见了一件美丽的示拿衣服、二千二百八十克银子,和一条重五百七十克的金条;我因贪爱这些物件,就把它们拿去了;现在埋藏在我帐棚的地里,银子在底下。”
21လုယူသော ဥစ္စာတို့တွင် မြတ်သောဗာဗုလုန် ဝတ်လုံ၊ ငွေနှစ်ပိဿာ၊ ရွှေတုံးအကျပ်ငါးဆယ်ကို ကျွန် တော်မြင်သဖြင့်၊ တပ်မက်၍ သိမ်းယူမိပါပြီ။ ကျွန်တော် တဲအတွင်း မြေ၌မြှုပ်လျက် ငွေသည် အောက်ဆုံးရှိပါ သည်ဟု ယောရှုအား ပြန်လျှောက်လေ၏။
22约书亚就派人跑到亚干的帐棚里,果然见到东西埋藏在那里,银子在底下。
22ထိုအခါ ယောရှုစေလွှတ်သောသူတို့သည် တဲသို့ ပြေး၍ ထိုဥစ္စာသည် တဲအတွင်း မြေ၌မြှုပ်လျက်၊ ငွေသည် အောက်ဆုံးရှိသည်ကို တွေ့သော်၊
23他们就把东西从帐棚中拿出来,带到约书亚和以色列人那里,摆在耶和华面前。
23တဲထဲကထုတ်၍ ယောရှုထံ ဣသရေလအမျိုး သားများရှေ့သို့ ဆောင်သွားသဖြင့်၊ ထာဝရဘုရားရှေ့ တော်၌ ထားကြ၏။
24约书亚和全体以色列人一起把谢拉的曾孙亚干和那银子、那件衣服、那金条,以及亚干的儿女、牛、驴、羊、帐棚和他所有的一切,都带上亚割谷去。
24ယောရှုနှင့် ဣသရေလအမျိုးသားအပေါင်းတို့ သည်၊ ဇေရသာအာခန်မှစ၍ ထိုငွေ၊ ဝတ်လုံ၊ ရွှေတုံး၊ သားသမီး၊ သိုးနွားမြည်း၊ တဲနှင့်တကွ သူ၌ရှိသမျှတို့ကို အာခေါ်ချိုင့်သို့ ဆောင်သွားပြီးမှ၊
25约书亚说:“你为什么给我们招惹灾祸呢?今天耶和华必使你遭受灾祸。”于是全体以色列人用石头把他打死。他们用石头打死他们以后,就把一切用火烧了。
25ယောရှုက၊ ငါတို့ကို အဘယ်ကြောင့် နှောင့်ရှက် သနည်း။ ယနေ့ ထာဝရဘုရားသည် သင့်ကို နှောင့်ရှက် တော်မူမည်ဟု ဆိုသဖြင့်၊ ဣသရေလအမျိုးသား အပေါင်း တို့သည် ကျောက်ခဲနှင့် ပစ်ကြ၏။ ကျောက်ခဲနှင့် ပစ်ကြ ပြီးမှ၊ မီးရှို့ကြ၏။
26众人又在亚干身上堆起了一大堆石头,这堆石头一直存到今日;于是耶和华就回心转意,不发烈怒。因此那地方名叫亚割谷,直到今日。
26သူ့အပေါ်၌ များစွာသော ကျောက်တို့ကို ပုံထား ကြ၍ ယနေ့တိုင်အောင်ရှိ၏။ ထာဝရဘုရားသည်လည်း အမျက်တော်အရှိန်ကို ငြိမ်းစေတော်မူ၏။ ထိုအမှုကို အစွဲ ပြု၍ ထိုချိုင့်ကို ယနေ့တိုင်အောင် အာခေါ်ချိုင့်ဟု ခေါ် ဝေါ်ကြသတည်း။