聖經新譯本 (Simplified)

Myanmar

Judges

13

1以色列人违背 神的恶果
1တဖန် ဣသရေလအမျိုးသားတို့သည်၊ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြုသောကြောင့်၊ ထာဝရဘုရားသည် သူတို့ကို ဖိလိတ္တိလူတို့လက်သို့ အနှစ်လေးဆယ်ပတ်လုံးအပ်တော်မူ၏။
2预告参孙出生那时有一个琐拉人,是属于但支派的,名叫玛挪亚;他的妻子不能生育,没有孩子。
2ဒန်အမျိုး၊ ဇောရာမြို့သား မာနော်အမည်ရှိသော သူတယောက်ရှိ၏။ သူ၏မယားသည် မြုံသော ကြောင့် သားမဘွား။
3耶和华的使者向那妇人显现,对她说:“你向来不能生育,没有孩子,现在你必要怀孕,生一个儿子。
3ထာဝရဘုရား၏ကောင်းကင်တမန်သည် ထိုမိန်းမအား ကိုယ်ထင်ရှား၍၊ သင်သည် မြုံသောကြောင့် သားမဘွားသော်လည်း၊ ယခု ပဋိသန္ဓေယူ၍ သားယောက်ျားကို ဘွားမြင်လိမ့်မည်။
4现在你要谨慎,清酒或烈酒都不可喝,各样不洁的东西也不可吃。
4သို့ဖြစ်၍ သတိပြုလော့။ စပျစ်ရည်ကို မသောက်နှင့်။ သေရည်သေရက်ကို မသောက်နှင့်။ မစင်ကြယ်သော အစာကို မစားနှင့်။
5看哪!你必怀孕,生一个儿子;不可用剃刀剃他的头,这孩子从在母腹开始就归 神作拿细耳人;他必拯救以色列人脱离非利士人的手。”
5အကြောင်းမူကား၊ ပဋိသန္ဓေယူ၍ ဘွားမြင်လတံ့သော သားယောက်ျားသည် ဆံပင်ရိတ်ခြင်းကို မခံဘဲ၊ အမိဝမ်းထဲမှစ၍ ဘုရားသခင်၏ နာဇရိလူဖြစ်ရလိမ့်မည်။ သူသည်လည်း ဣသရေလအမျိုးကို ဖိလိတ္တိလူတို့လက်မှ ကယ်နှုတ်စပြုလိမ့်မည်ဟု ဆို၏။
6妇人就回去,告诉她的丈夫说:“有一位神人到我这里来,他的容貌像 神使者的容貌,非常可畏,我没有问他从哪里来,他也没有告诉我他的名字。
6ထိုမိန်းမသည်လည်း မိမိခင်ပွန်းထံသို့ သွား၍ ဘုရားသခင်၏ ကောင်းကင်တမန်မျက်နှာကဲ့သို့ ကြောက်မက်ဘွယ်သော မျက်နှာရှိသော ဘုရားသခင်၏ လူတယောက်သည် အကျွန်ုပ်ဆီသို့ လာ၏။ အဘယ်ကလာသနည်းဟု အကျွန်ုပ်လည်း မမေး။ သူသည်လည်း မိမိအမည်ကို မပြော။
7他对我说:‘你必要怀孕,生一个儿子;现在清酒或烈酒你都不可喝,各样不洁的东西你也不可吃,因为这孩子从在母腹开始,一直到死,都必归耶和华作拿细耳人。’”
7သူကလည်း၊ သင်သည် ပဋိသန္ဓေယူ၍ သားယောက်ျားကို ဘွားမြင်လိမ့်မည်။ စပျစ်ရည်ကို မသောက်နှင့်။ သေရည်သေရက်ကို မသောက်နှင့်။ မစင်ကြယ်သော အစာကို မစားနှင့်။ အကြောင်းမူကား၊ ထိုသူငယ်သည် အမိဝမ်းထဲမှစ၍ သေသောနေ့တိုင်အောင် ဘုရားသခင်၏ နာဇရိလူဖြစ်ရလိမ့်မည်ဟု အကျွန်ုပ်အား မိန့်မြွက်ကြောင်းကို ပြောဆိုလေ၏။
8玛挪亚就恳求耶和华,说:“啊,主啊,求你叫你派来的神人再到我们这里吧!好指教我们要怎样对待将要生下来的孩子。”
8ထိုအခါ မာနော်က၊ အိုဘုရားရှင်၊ အကျွန်ုပ်တို့သည် ဘွားမြင်လတံ့သော သူငယ်၌ အဘယ်သို့ ပြုရမည်ကို ဘုရားသခင်၏ တမန်တော်သည် တဖန်လာ၍ သွန်သင်စေတော်မူပါဟု ထာဝရဘုရား အား တောင်းလျှောက်သော်၊
9 神听了玛挪亚的声音。妇人正坐在田间的时候, 神的使者又来到她那里,她的丈夫玛挪亚却没有与她在一起。
9ထာဝရဘုရားသည် မာနော်စကားကို နားထောင်တော်မူ၍၊ ဘုရားသခင်၏ ကောင်းကင်တမန်သည် လယ်လုပ်ရာအရပ်၌ ထိုင်လျက်ရှိသော ထိုမိန်းမဆီသို့ လာပြန်၏။ ထိုအခါ ခင်ပွန်းမာနော်မရှိ။
10妇人急忙跑去告诉丈夫,对他说:“那天到我这里来的那人,又向我显现了。”
10မိန်းမသည် မိမိခင်ပွန်းထံသို့ အလျင်အမြန်ပြေး၍၊ တနေ့ကလာသောသူသည် ယခုလာရောက်ပြီဟု ကြားပြောလျှင်၊
11玛挪亚起来,跟着他的妻子出去,来到那人跟前,问他:“你就是向这个妇人说过话的人吗?”他回答:“我就是。”
11မာနော်သည် ထ၍ မယားနှင့်အတူ ထိုသူထံသို့ သွားပြီးလျှင်၊ သင်သည် ဤမိန်းမအား ပြောသော သူမှန်သလောဟု မေးသော်၊ မှန်သည်ဟု ဆို၏။
12玛挪亚说:“你的话应验的时候,这孩子的生活方式怎样?他要作什么呢?”
12မာနော်ကလည်း၊ ကိုယ်တော်၏စကားပြည့်စုံပါစေသော။ သူငယ်သည် အဘယ်သို့သောသူ ဖြစ်ပါလိမ့်မည်နည်း။ သူ၌ အဘယ်သို့ ပြုရပါမည်နည်းဟု မေးသော်၊
13耶和华的使者对玛挪亚说:“我对妇人所说的一切话,她都要谨守。
13ထာဝရဘုရား၏ ကောင်းကင်တမန်က၊ ငါပြောသမျှကို မိန်းမရှောင်ရမည်။
14从葡萄树所产的,她都不可吃;清酒或烈酒,她都不可喝;各样不洁的东西,她也不可吃;我吩咐她的,她都要谨守。”
14စပျစ်ပင်မှ ဖြစ်သမျှကို မစားရ။ စပျစ်ရည်မှစ၍ သေရည်သေရက်ကို မသောက်ရ။ မစင်ကြယ်သော အရာကို မစားရ။ ငါမှာထားသမျှအတိုင်း စောင့်ရှောက်ရမည်ဟု မာနော်အား ပြောဆို၏။
15玛挪亚对耶和华的使者说:“请留下,好让我为你预备一只山羊羔。”
15မာနော်ကလည်း၊ ကိုယ်တော်အဘို့ ဆိတ်သငယ်ကို မပြင်ဆင်မှီတိုင်အောင် ကိုယ်တော်ကို ဆီးတားပါရစေဟု ထာဝရဘုရား၏ကောင်းကင်တမန်အား ဆိုလျှင်၊
16耶和华的使者对玛挪亚说:“你虽然要我留下,我却不吃你的食物;如果你预备燔祭,就当献给耶和华。”原来玛挪亚还不知道他是耶和华的使者。
16ထာဝရဘုရား၏ ကောင်းကင်တမန်က၊ ငါ့ကို ဆီးတားသော်လည်း သင်၏စားစရာကို ငါမစား။ မီးရှို့ရာယဇ်ကို ပူဇော်လိုလျှင် ထာဝရဘုရားအား ပူဇော်ရမည်ဟု မာနော်အား ဆိုပြန်၏။ သူသည် ထာဝရဘုရား၏ ကောင်းကင်တမန်ဖြစ်သည်ကို မာနော် မသိသေး။
17玛挪亚问耶和华的使者:“你叫什么名字?到你的话应验的时候,我们好把尊荣归你。”
17မာနော်ကလည်း ကိုယ်တော်စကား ပြည့်စုံသောအခါ၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကိုချီးမွမ်းရမည် အကြောင်း၊ ကိုယ်တော်၏အမည်ကား အဘယ်သို့နည်းဟု ထာဝရဘုရား၏ကောင်းကင်တမန် အား မေးသော်၊
18耶和华的使者对他说:“你为什么问我的名字呢?我的名是奇妙的。”
18ထာဝရဘုရား၏ ကောင်းကင်တမန်က၊ အံ့ဩဘွယ်ဖြစ်သော ငါ့အမည်ကို အဘယ်ကြောင့် မေးသနည်းဟု ဆို၏။
19玛挪亚取了一只山羊羔和素祭,在磐石上献与那行奇事的耶和华;玛挪亚和他的妻子一直在观看。
19မာနော်သည် ဆိတ်သငယ်နှင့် ဘောဇဉ်ပူဇော်သက္ကာကို ယူ၍ ကျောက်ပေါ်မှာ ထာဝရဘုရားအား ပူဇော်လေ၏။ ထိုအခါ မာနော်လင်မယားတို့သည် ကြည့်၍ မြင်ရသော အံ့ဩဘွယ်ဟူမူကား၊
20火焰从祭坛上往天升起的时候,耶和华的使者在祭坛上的火焰中也升上去了;玛挪亚和他的妻子看见了,就俯伏在地。
20မီးလျှံသည် ယဇ်ပလ္လင်ပေါ်က မိုဃ်းကောင်းကင်သို့ တက်စဉ်တွင်၊ ထာဝရဘုရား၏ ကောင်းကင်တမန် သည် ယဇ်ပလ္လင်မီးလျှံ၌ တက်လေ၏။ မာနော်လင်မယားတို့သည် ကြည့်၍မြင်လျှင် မြေပေါ်မှာ ပြပ်ဝပ်လျက်နေကြ၏။
21耶和华的使者没有再向玛挪亚和他的妻子显现,那时玛挪亚才知道他是耶和华的使者。
21ထာဝရဘုရား၏ကောင်းကင်တမန်သည်၊ မာနော်လင်မယားတို့အား တဖန်မပေါ်လာ။ ထိုအခါ မာနော်သည် ထာဝရဘုရား၏ ကောင်းကင်တမန်ဖြစ်သည်ကို သိ၏။
22玛挪亚对他的妻子说:“我们必定要死,因为我们看见了 神。”
22မာနော်ကလည်း၊ ငါတို့သည် ဘုရားသခင်ကို မြင်သောကြောင့်၊ ဆက်ဆက်သေတော့မည်ဟု မယားအား ပြောသော်၊
23他的妻子却对他说:“如果耶和华有意要杀我们,就必不从我们的手里接纳燔祭和素祭,也必不会把这一切事指示我们,更不会在这个时候向我们宣布这些事啊。”
23မယားက၊ ထာဝရဘုရားသည် ငါတို့ကို သတ်ခြင်းငှါ အလိုတော်ရှိလျှင်၊ မီးရှို့ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာကို ငါတို့လက်မှ ခံယူတော်မမူ။ ဤအခြင်းအရာအလုံးစုံတို့ကိုလည်း ပြတော်မမူ။ ယခုအခါ၌ ဤသို့သော စကားကိုလည်း မိန့်တော်မမူဟု ပြန်ပြော၏။
24后来那妇人生了一个儿子,她就给他起名叫参孙;孩子渐渐长大了,耶和华赐福给他。
24ထိုမိန်းမသည် သားယောက်ျားကို ဘွားမြင်၍၊ ရှံဆုန်အမည်ဖြင့် မှည့်၏။ သူငယ်သည် ကြီးပွား၍ ထာဝရဘုရားကောင်းကြီးပေးတော်မူ၏။
25在玛哈尼.但(“玛哈尼.但”意即“但的军营”),就是在琐拉和以实陶中间,耶和华的灵开始感动参孙。
25ထာဝရဘုရား၏ဝိညာဉ်တော်သည်၊ ဇောရာမြို့နှင့် ဧရှတောလမြို့စပ်ကြား၊ ဒန်အမျိုးတပ်၌ တခါတလေ နှိုးဆော်စပြုတော်မူ၏။