聖經新譯本 (Simplified)

Myanmar

Lamentations

2

1 神惩罚耶路撒冷
1ထာဝရဘုရားသည် ဇိအုန်သတို့သမီးကို အမျက် တော် မိုဃ်းတိမ်ဖြင့် ဖုံးလွှမ်းတော်မူပြီ။ ဣသရေလအမျိုး ၏ ဂုဏ်အသရေကို ကောင်းကင်မှမြေကြီးတိုင်အောင် ချတော်မူပြီ။ အမျက်တော်ထွက်ချိန်၌ ခြေတော်တင် ရာခုံကို မအောက်မေ့ဘဲနေတော်မူပါပြီတကား။
2主吞灭了雅各所有住处,毫不顾惜;他在忿怒中,把犹大居民的坚固城拆毁;他使国家和国中众领袖都倒在地上,受尽羞辱。
2ထာဝရဘုရားသည် သနားခြင်းမရှိဘဲ၊ ယာကုပ် အမျိုး၏နေရာ အရပ်ရှိသမျှတို့ကို မျိုတော်မူပြီ။ အမျက် တော်ထွက်သဖြင့် ယုဒသတို့သမီး၏ရဲတိုက်တို့ကို မြေတိုင် အောင်ဖြိုဖျက်၍၊ နိုင်ငံတော်နှင့်မင်းသားတို့ကို ရှုတ်ချ တော်မူပြီ။
3他在烈怒中砍断以色列所有的角;他从仇敌面前,收回自己的右手。他像吞灭四周物件的火焰,在雅各中间焚烧。
3ပြင်းစွာ အမျက်တော်ထွက်၍၊ ဣသရေလ၏ ဦးချို ရှိသမျှတို့ကို ဖြတ်တော်မူပြီ။ ရန်သူရှေ့မှာ လက်ရုံး တော်ကို ရုပ်သိမ်းတော်မူပြီ။ အရပ်ရပ်လောင်သော မီးတောက်ကဲ့သို့ ယာကုပ်အမျိုးကို လောင်စေတော်မူပြီ။
4他像仇敌拉弓,他的右手已经预备好。他像敌人把一切悦人眼目的都杀灭了;他如火的忿怒倒在锡安居民(“居民”原文作“女子”)的帐棚上。
4ရန်သူကဲ့သို့ လေးကိုတင်လျက်၊ ရန်ဘက်ပြုသော သူကဲ့သို့ လက်ျာလက်ကို ချီကြွလျက်၊ တင့်တယ်ခြင်း အသရေရှိသော သူအပေါင်းတို့ကို သတ်တော်မူပြီ။ ဇိအုန် သတို့သမီး၏နေရာ တဲပေါ်မှာမီးကဲ့သို့သော အမျက် တော်ကို သွန်းလောင်းတော်မူ၏။
5主好像成了仇敌;他吞灭了以色列和她所有的宫殿,毁坏了她的坚固城。他在犹大居民的中间,增添了悲哀和哭号。
5ထာဝရဘုရားသည် ရန်ဘက်ပြု၍၊ ဣသရေလအမျိုးကို၎င်း၊ ဘုံဗိမာန်အပေါင်းတို့ကို၎င်း မျိုတော်မူပြီ။ ရဲတိုက်တို့ကို ဖြိုဖျက်တော်မူပြီ။ ယုဒ သတို့သမီး ငိုကြွေးမြည်တမ်းသောအကြောင်းတို့ကို များပြားစေတော်မူပြီ။
6他把自己的住所破坏,好像园子一样;他毁坏了属他的聚会之处。耶和华使节期和安息日都在锡安被忘记;他在他的盛怒中弃绝了君王和祭司。
6ဝင်းတော်ကို တောင်ယာခြံကဲ့သို့ အမှတ်ပြု၍ ချိုးဖျက်တော်မူပြီ။ မိမိပွဲသဘင်တော်ကို ဖျက်ဆီးတော် မူပြီ။ ဇိအုန်မြို့၌ခံသော ဓမ္မပွဲနေ့၊ ဥပုသ်နေ့တို့ကို ထာဝရ ဘုရား မေ့စေတော်မူပြီ။ အမျက်တော်အရှိန်ပြင်း၍ ရှင်ဘုရင်နှင့်ယဇ်ပုရောဟိတ်ကို မရှုမမှတ်ပြုတော်မူပြီ။
7主丢弃了自己的祭坛,厌弃了自己的圣所。他把宫殿的围墙,交付在仇敌的手里;他们在耶和华的殿中喧嚷,好像庆祝节日一样。
7ထာဝရဘုရားသည် မိမိယဇ်ပလ္လင်တော်ကို ပယ်တော်မူပြီ။ မိမိသန့်ရှင်းရာဌာနတော်ကို စက်ဆုပ် တော်မူပြီ။ ဘုံဗိမာန်တော်ကို ရန်သူလက်သို့ အပ်တော် မူသဖြင့်၊ ပွဲသဘင်ခံသောနေ့၌ အသံပြုသကဲ့သို့၊ ရန်သူတို့ သည်ထာဝရဘုရား၏ အိမ်တော်၌အသံပြုကြပြီ။
8耶和华定意要拆毁锡安居民(“居民”原文作“女子”)的城墙;他拉了准绳,决不停手,务要把它吞灭。他使堡垒和城墙都悲哀,一同受痛苦。
8ထာဝရဘုရားသည် ဇိအုန်သတို့သမီး၏မြို့ရိုးကို ဖြိုဖျက်မည်ဟု အကြံတော်ရှိသည်အတိုင်း၊ ကြိုးကိုတန်း၍ အစဉ်မပြတ် ဖြိုဖျက်တော်မူသဖြင့်၊ အတွင်းမြို့ရိုးနှင့် ပြင်မြို့ရိုးတို့သည် အတူညည်းတွား၍ ငိုကြွေးမြည်တမ်းရ မည် အကြောင်းပြုတော်မူပြီ။
9锡安的众城门已经陷入地里;耶和华把锡安的门闩都毁坏折断了。锡安的君王和领袖都身在列国中;锡安再没有律法了;它的众先知也得不到从耶和华而来的异象。
9မြို့တံခါးရွက်တို့သည် မြေ၌မြှုပ်လျက်ရှိကြ၏။ ကန့်လန့်ကျင်တို့ကို ချိုးဖဲ့တော်မူပြီ။ ရှင်ဘုရင်နှင့် မင်းသားတို့သည် သာသနာပလူတို့တွင် နေရကြ၏။ တရားတော်မရှိ။ ပရောဖက်တို့သည် ထာဝရဘုရား၏ ဗျာဒိတ်တော်ကို မခံမရကြ။
10锡安居民(“居民”原文作“女子”)的长老都坐在地上,默默无声;他们把尘灰撒在头上,腰束麻布。耶路撒冷的处女都垂头至地。
10ဇိအုန်သတို့သမီး၏ အသက်ကြီးသူတို့သည် မြေမှုန့်ကိုမိမိတို့ ခေါင်းပေါ်မှာပစ်တင်လျက်၊ လျှော်တေ အဝတ်ကို ဝတ်စည်းလျက်၊ မြေပေါ်မှာထိုင်၍ တိတ်ဆိတ် စွာ နေကြ၏။ ယေရုရှလင်မြို့သူကညာတို့သည် ခေါင်း ကိုငိုက်ဆိုက်ညွှတ်လျက်နေကြ၏။
11我的眼睛因流泪而失明,我的心肠激动,我的肝胆倾倒在地,都因我的子民(“我的子民”原文作“我子民的女子”)遭毁灭,孩童和婴儿在城里的街上昏倒。
11ငါ၏လူမျိုးသတို့သမီးပျက်စီးသောကြောင့်၊ ငါသည် မျက်ရည်ကျ၍မျက်စိပျက်လေပြီ။ ဝမ်း၌ဆူလှိုက် ခြင်းရှိ၍ အသည်းလည်းမြေပေါ်မှာ သွန်းလျက်ရှိ၏။ အကြောင်းမူကား၊ သူငယ်နှင့်နို့စို့ကလေးတို့သည် မြို့လမ်း၌အား ပျက်လျက်နေကြ၏။
12他们像被刺伤的人昏倒在城里街上的时候,他们在母亲的怀里快要丧命的时候,他们就问母亲:“五谷和酒在哪里呢?”
12သူတို့ကလည်း၊ ဆန်စပါးနှင့်စပျစ်ရည်သည် အဘယ်မှာရှိသနည်းဟု၊ ရန်သူညှဉ်းဆဲသော သူကဲ့သို့ မြို့လမ်း၌အားပျက်လျက်၊ အမိရင်ခွင်၌ မိမိအသက်ကို သွန်းလျက်၊ အဓိက မေးတတ်ကြသည်တကား။
13耶路撒冷的居民哪,我怎样向你说明呢?用什么与你比较呢?锡安的居民哪,我们用什么跟你相比,好安慰你呢?你的裂口像海那样大,谁能医治你呢?
13အိုယေရုရှလင်သတို့သမီး၊ သင်၏အမှု၌ အဘယ်သက်သေကို ငါပြရမည်နည်း။ အိုဇိအုန်သတို့ သမီးကညာ၊ သင့်ကိုနှစ်သိမ့်စေခြင်းငှါ၊ သင်နှင့်အဘယ် သူကို ငါခိုင်းနှိုင်းရမည်နည်း။ သင်၏ပြိုပျက်ရာသည် သမုဒ္ဒရာကဲ့သို့ ကျယ်သောကြောင့် အဘယ်သူ ပြုပြင်နိုင် သနည်း။
14你的假先知为了你所见的异象,尽是虚谎和愚昧;他们没有显露你的罪孽,使你的命运得以挽回;他们为你所得的默示,全是虚谎,是引人走错路的。
14သင်၏ပရောဖက်တို့သည် အချည်းနှီးသော အရာ၊ မိုက်သောအရာတို့ကို သင်အဘို့မြင်ကြပြီ။ သိမ်းသွားချုပ်ထားသော အမှုကိုပြေစေခြင်းငှါ၊ သင်၏ အပြစ်ကိုမဘော်မပြဘဲ မှားသောရူပါရုံ၊ လမ်းလွဲစရာ အရာကို သင့်အဘို့မြင်ကြပြီ။
15所有过路的人,都拍掌嘲笑你;他们嗤笑耶路撒冷的居民,并摇头说:“被人称为最完美,为全地所喜悦的,就是这城吗?”
15လမ်း၌ ရှောက်သွားသမျှသောသူတို့က၊ ဂုဏ်သရေအထွဋ်၊ မြေ တပြင်လုံး ရွှင်လန်းရာဘွဲ့ရှိသော မြို့ကားဤမြို့လောဟု၊ ယေရုရှလင်သတို့သမီးကို လက်ခုပ်တီးလျက်၊ ကဲ့ရဲ့သံကိုပြုလျက်၊ ခေါင်းကို ညှိတ်လျက် မေးတတ်ကြ၏။
16你所有的仇敌都张开口攻击你,他们嗤笑你,又咬牙切齿,说:“我们吞灭它了!这真是我们期待的日子!我们等到了!亲眼看见了!”
16သင်၏ရန်သူအပေါင်းတို့သည် သင့်တဘက်၌ နှုတ်ကို ဖွင့်ကြ၏။ ငါတို့သည် သူ့ကိုမျိုပြီ။ အကယ်စင်စစ် ဤသည်နေ့ကား၊ ငါတို့မြော်လင့်ခဲ့ ပြီးသောနေ့ဖြစ်၏။ ငါတို့တွေ့မြင်ရပြီဟု ကဲ့ရဲ့သံကိုပြုလျက်၊ အံသွားကို ခဲကြိတ်လျက် ဆိုကြ၏။
17耶和华作成了他定意去作的,成就了他的话,就是他昔日所宣告的,他把你拆毁,并不怜惜,他使仇敌因胜过你而高兴,他高举你敌人的角。
17ထာဝရဘုရားသည် ကြံစည်သောအမှုကို ပြုတော်မူပြီ။ ရှေးကာလ၌ မိန့်တော်မူသော စကား တော်ကို ပြည့်စုံစေတော်မူပြီ။ မနှမြောဘဲဖြိုဖျက်တော် မူပြီ။ ရန်သူသည် သင်၏အပေါ် မှာဝမ်းမြောက်ရသော အခွင့်ကို ပေး၍၊ ရန်သူ၏ဦးချိုကို ချီးမြှင့်တော်မူပြီ။
18锡安居民(“居民”原文作“女子”)的城墙啊,你要一心向主哀求;愿你的眼泪像江河般涌流,昼夜不息;愿你得不着歇息,愿你眼中的瞳人不能休息。
18သူတို့သည်စိတ်နှလုံးထဲက ထာဝရဘုရားကို အော်ဟစ်ကြ၏။ အိုဇိအုန်သတို့သမီး၏မြို့ရိုး၊ သင်၏ မျက်ရည်သည် မြစ်ရေစီးသကဲ့သို့ နေ့ညဉ့်မပြတ်စီးစေ လော့။ ကိုယ်ကိုမငြိမ်းစေနှင့်။ သင်၏မျက်ဆန်ကိုလည်း မငြိမ်းစေနှင့်။
19夜里每到交更的时分,你要起来呼喊;在主面前你要倾心如水!你的孩童在各街头上因饥饿而昏倒,你要为他们的性命向主举手祷告。
19ညဦးယံအချိန်၌ ထ၍အော်ဟစ်လော့။ ထာဝရ ဘုရား၏မျက်နှာတော်ရှေ့မှာ သင်၏နှလုံးကို ရေကဲ့သို့ သွန်းလောင်းလော့။ ငတ်မွတ်၍ ခပ်သိမ်းသော လမ်းဝမှာ အားပျက်လျက်နေသော သင်၏သူငယ်တို့ကို အသက် ချမ်းသာစေခြင်းငှါ၊ အထံတော်သို့ သင်၏လက်ကို ချီဆန့်လော့။
20“耶和华啊,求你观看!求你鉴察!你曾这样对待过谁呢?难道妇人应该吃掉自己所生的,就是自己所抚养的婴孩吗?难道祭司和先知应该在主的圣所里被杀害吗?”
20အိုထာဝရဘုရား၊ ကိုယ်တော်သည် အဘယ်သူ၌ ဤသို့စီရင်တော်မူသည်ကို ကြည့်ရှုဆင်ခြင်တော်မူပါ။ မိန်းမသည် မိမိရင်သွေး၊ မိမိချီပိုက်သော သားကို စားရပါ မည်လော။ ယဇ်ပုရောဟိတ်နှင့် ပရောဖက်သည် ထာဝရ ဘုရား၏ သန့်ရှင်းရာဌာနတော်၌ အသေသတ်ခြင်းကို ခံရပါမည်လော။
21少年人和老年人都在街上倒卧在地死了;我的年轻男女都倒毙于刀下;在你忿怒的日子,你杀了他们,你屠杀了他们,毫不怜惜。
21လူအကြီးအငယ်တို့သည် လမ်း၌မြေပေါ်မှာ တုံးလုံးနေရကြပါ၏။ အကျွန်ုပ်၏လူပျိုနှင့်အပျိုတို့သည် ထားဖြင့်သေရကြပါပြီ။ ကိုယ်တော်သည် အမျက်တော် ထွက်သောနေ့၌၊ သူတို့ကို မသနားဘဲကွပ်မျက်တော်မူပြီ။
22耶路撒冷的哀祷你从四围招聚惊吓我的,好像招聚人过节的日子一样。在耶和华忿怒的日子,没有人可以逃脱,可以生存。我所抚育、所养大的,我的仇敌都灭尽了。
22ပွဲသဘင်နေ့၌ လူတို့ကို ခေါ်ဘိတ်သကဲ့သို့၊ အကျွန်ုပ်ပတ်လည်၌ ကြောက်မက်ဘွယ်သော အရာတို့ကို ခေါ်ဘိတ်တော်မူပြီ။ ထာဝရဘုရား အမျက်တော် ထွက် သောနေ့၌ အဘယ်သူမျှမလွတ်၊ မကျန်ကြွင်းရပါ။ အကျွန်ုပ်ချီပိုက်ကျွေးမွေးသော သူတို့ကို အကျွန်ုပ်၏ ရန်သူသည် ဖျက်ဆီးပါပြီ။