聖經新譯本 (Simplified)

Myanmar

Mark

11

1骑驴进耶路撒冷(太21:1-9;路19:28-38;约12:12-15)
1ယေရုရှလင်မြို့နှင့် အနီးသံလွင်တောင်ခြေရင်း၌ ဗက်သနိရွာသို့ရောက်ကြသေအခါ တပည့်တော်နှစ် ယောက်တို့ကို စေလွှတ်တောမမူ၍၊
2对他们说:“你们往对面的村子里去,一进去,就会看见一头小驴拴在那里,是没有人骑过的,把它解开牵来。
2သင်တို့ရှေ့၌ ရှိသောရွာသို့သွားကြ။ ထိုရွာသို့ရောက်လျှင် အဘယ်သူမျှမစီးဘူသော မြည်းကလေး ချည်နှောင်လျက်ရှိသည်ကို သင်တို့သည် ချက်ခြင်းတွေ့လိမ့်မည်။ မြည်းကြိုးကို ဖြည်၍ဆောင်ခံကြ။
3如果有人问你们:‘为什么这样作?’你们就说:‘主需要它,并且很快会送还到这里来。’”
3သူတပါးက၊ အဘယ်ကြောင့် ဤသို့ပြုသနည်းဟု သင်တို့အားဆိုလျှင်၊ သခင်အလိုရှိသည်ဟု ပြန်ပြော ကြလော့။ ထိုသို့ပြောလျှင် သူတို့သည် ချက်ခြင်းပေးလိုက်မည်ဟု မှာထားတော်မူ၏။
4门徒去了,就发现一头小驴,拴在门外的街上,就把它解开。
4တပည့်တော်တို့သည်သွား၍ လမ်း၌တံခါးပြင်မှာ ချည်ထားသောမြည်းကလေးကို တွေ့ပြီးလျှင် မြည်း ကြိုးကို ဖြည်ကြ၏။
5站在那里的人有的问他们说:“你们为什么解它?”
5ထိုအရပ်၌ ရပ်နေသောလူအချို့တို့က၊ အဘယ်ကြောင့် မြည်းကြိုးကိုဖြည်သနည်းဟုဆိုလျှင်၊
6门徒照着耶稣所说的话回答他们,那些人就让他们牵走了。
6ယေရှုမှာထားတော်မူသည်အတိုင်း တပည့်တော်တို့သည် ပြန်ပြောပြီးမှ ထိုသူတို့သည် အခွင့်ပေးကြ၏။
7门徒把小驴牵到耶稣那里,把自己的衣服搭在上面,耶稣就骑了上去。
7ယေရှုထံတော်သို့ မြည်းကလေးကိုဆောင်ခဲ့၍ မိမိတို့အဝတ်ကို မြည်းကျောပေါ်မှာ တင်ကြပြီးလျှင် ကိုယ်တော်သည် စီးတော်မူ၏။
8许多人把衣服铺在路上,还有人从田野里砍了些树枝也铺在路上。
8လူအများတို့သည် မိမိတို့အဝတ်ကိုလမ်း၌ ခင်းကြ၏။ အချို့တို့သည် သစ်ကိုင်းသစ်ခတ်များကို ခုတ်၍ လမ်း၌ ခင်းကြ၏။
9前行后随的人都喊着说:“‘和散那’,奉主名来的是应当称颂的!
9ရှေ့နောက်လိုက်သွားသောသူတို့က၊ ဟောရှဏ္ဏဖြစ်စေသတည်း။ ထာဝရဘုရား၏အခွင့်နှင့် ကြွတော်မူ သောသူသည် မင်္ဂလာရှိစေသတည်း။
10那将要来临的,我们祖先大卫的国是应当称颂的!高天之上当唱‘和散那’!”
10ထာဝရဘုရား၏အခွင့်နှင့် ယခုတည်လုသော ငါတို့အဘဒါဝိဒ်၏နိုင်ငံတော်သည် မင်္ဂလာရှိစေ သတည်း။ ကောင်းကင်ဘဝဂ်ဝယ် ဟောရှဏ္ဏဖြစ်စေသတည်းဟု ကြွေးကြော်ကြ၏။
11耶稣到了耶路撒冷,进入圣殿,察看了一切,因为时候已经不早,就和十二门徒出城往伯大尼去。
11ယေရှုသည် ယေရုရှလင်မြို့သို့၎င်း၊ ဗိမာန်တော်သို့၎င်း ဝင်၍အရာရာတို့ကို ကြည့်ရှုတော်မူပြီးလျှင် မိုဃ်းချုပ်သောကြောင့် တကျိပ်နှစ်ပါးသောသူတို့နှင့်တကွ ဗေသနိရွာသို့ ထွက်ကြွတော်မူ၏။
12咒诅无花果树(太21:18-19)第二天他们从伯大尼出来,耶稣饿了。
12နက်ဖြန်နေ့၌ ဗေသနိရွာမှပြန်ကြစဉ်တွင် ဆာမွတ်တော်မူ၏။
13他远远看见一棵长满了叶子的无花果树,就走过去,看看是否可以在树上找到什么。到了树下,除了叶子什么也找不着,因为这不是收无花果的时候。
13အရွက်နှင့်ပြည့်စုံသော သင်္ဘောသဖန်းပင်ကိုအဝေးကမြင်လျှင်။ သင်္ဘောသဖန်းသီးဆွတ်ချိန်ကာလ မ ရောက်သေးသောကြောင့်၊ ထိုအပင်၌ အသီးကိုတွေ့ကောင်းတွေ့လိမ့်မည်ဟု ကြွသွား၍ရောက်သောအခါ၊ အရွက်ကိုသာ တွေ့တော်မူသည်ရှိသော်၊
14耶稣对树说:“永远再没有人吃你的果子了!”他的门徒也听见了。
14ယခုမှစ၍အစဉ်မပြတ် သင်၏အသီးကို အဘယ်သူမျှမစားစေနှင့်မိန့်တော်မူ၏။ တပည့်တော် တို့သည် လည်း ကြားကြ၏။
15洁净圣殿(太21:12-17、20-22;路19:45-47;约2:13-16)他们来到耶路撒冷。耶稣进了圣殿,就把殿里作买卖的人赶走,又推倒找换银钱的人的桌子,和卖鸽子的人的凳子;
15ယေရုရှလင်မြို့သို့ ရောက်သောအခါ ယေရှုသည် ဗိမာန်တော်သို့ ဝင်တော်မူပြီးလျှင်၊ ဗိမာန်တော်၌ ရောင်းဝယ်သောသူတို့ကို နှင်ထုတ်၍ ပွဲစားခုံတို့ကို၎င်း၊ ချိုးငှက်ရောင်းသောသူတို့၏ ထိုင်ရာကို၎င်း တွန်းလှဲ တော်မူ၍၊
16不许人拿着器皿穿过圣殿。
16ဗိမာန်တော်ထဲ၌ အဆောက်အဦးကို အဘယ်သူမျှ မဆောင်မရွက်ရမည်အကြောင်း မြစ်တားတော် မူလျက်၊
17他又教训众人说:“经上不是写着‘我的殿要称为万国祷告的殿’吗?你们竟把它弄成贼窝了。”
17ငါ့အိမ်ကို လူအမျိုးမျိုး ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ကြလတံ့ဟု ကျမ်းစာ၌လာသည်မဟုတ်လော။ သို့သော်လည်း သင်တို့သည် ထိုအိမ်ကို ထားပြတွင်းဖြစ်စေကြပြီးတကားဟူ၍ ဆုံးမဩဝါဒပေးတော်မူ၏။
18祭司长和经学家听见了,就想办法怎样除掉耶稣,却又怕他,因为群众都希奇他的教训。
18ကျမ်းပြုဆရာနှင့် ယဇ်ပုရောဟိတ်အကြီးတို့သည်ကြားလျှင်၊ ကိုယ်တော်ကို သတ်ရသောအခွင့်ကို ရှာကြံကြ၏။ လူအပေါင်းတို့သည် ဆုံးမဩဝါဒပေးတော်မူခြင်းကို အံ့ဩမိန်းမောသောကြောင့်၊ ထိုသူတို့သည် ကိုယ်တော်ကို ကြောက်ရွံ့ကြ၏။
19到了晚上,他们就到城外去。
19ညအချိန်ရောက်သောအခါ မြို့ပြင်သို့ထွက်တော်မူ၏။
20早晨,他们经过的时候,看见那棵无花果树连根都枯萎了。
20နံနက်အချိန်တွင် လမ်း၌သွားကြစဉ်၊ သင်္ဘောသဖန်းပင်သည် အမြစ်မှစ၍သွေ့ခြောက်လျက်ရှိသည်ကို မြင်ကြ၏။
21彼得想起来就对耶稣说:“拉比,请看,你所咒诅的无花果树,已经枯萎了。”
21ပေတရုသည် သတိရလျှင်၊ အရှင်ဘုရားကြည့်တော်မူပါ။ ကျိန်းတော်မူသော သင်္ဘောသဖန်းပင်သည် သွေ့ခြောက်ပါပြီတကားဟု လျှောက်လေ၏။
22耶稣回答他们:“你们对 神要有信心(“你们对 神要有信心”有些抄本作“如果你们对 神有信心”)。
22ယေရှုကလည်း၊ သင်တို့သည်ဘုရားသခင်ကို ယုံကြည်ခြင်းရှိကြလော့။
23我实在告诉你们,无论什么人对这座山说‘移开,投到海里’,只要他心里不怀疑,相信他所说的一定能够成就,就必给他成就。
23ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ယုံမှားသောစိတ်နှင့်ကင်း၍ မိမိဆိုသည်အတိုင်းဖြစ်မည်ဟု ယုံ ကြည်လျက်။ ထိုတောင်ကို နေရာမှရွေ့လော့၊ ပင်လယ်၌ ကျလော့ဟုဆိုလျှင်၊ ထိုသူဆိုသည်အတိုင်း၊ ဖြစ်လိမ့် မည်။
24所以我告诉你们,凡是你们祷告祈求的,只要相信能够得到,就必得到。
24ထိုကြောင့်ငါဆိုသည်ကား၊ သင်တို့သည် ကျေးဇူးကိုရမည်ဟု ယုံကြည်သောစိတ်နှင့် ဆုတောင်းသမျှ တို့ကို ရကြလိမ့်မည်။
25你们站着祷告的时候,如果有谁得罪了你们,就该饶恕他,好使你们的天父也饶恕你们的过犯。”
25သင်တို့သည် ဆုတောင်းသောအခါ သူတပါး၌အပြစ်တင်ခွင့်ရှိလျှင်၊ သူ့အပြစ်ကိုလွှတ်ကြလော့။ လွှတ်လျှင် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူမည်။
26(有些抄本有第26节:“如果你们不饶恕人,你们的天父也必不饶恕你们的过犯。”)
26သင်တို့သည် သူ့အပြစ်ကို မလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ ရှိတော်မူသောသင်တို့အဘသည် သင်တို့၏ အပြစ်ကို လွှတ်တော်မမူဟု မိန့်တော်မူ၏။
27质问耶稣凭什么权柄作事(太21:23-27;路20:1-8)他们又来到耶路撒冷。耶稣在殿里行走的时候,祭司长、经学家和长老来到他跟前,
27ယေရုရှလင်မြို့သို့ တဖန်ရောက်ကြပြီးမှ ဗိမာန်တော်တွင် စင်္ကြံသွားတော်မူစဉ်၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာ၊ လူအကြီးအကဲတို့သည် အထံတော်သို့ချဉ်းကပ်၍၊
28问他:“你凭什么权柄作这些事?谁给你权柄作这些事?”
28ကိုယ်တော်သည် ဤအမှုများကို အဘယ်အခွင့်နှင့်ပြုသနည်း။ ဤသို့ပြုသောအခွင့်ကို အဘယ်သူပေး သနည်းဟု မေးလျှောက်ကြသော်၊
29耶稣对他们说:“我要问你们一句话,你们回答了我,我就告诉你们我凭什么权柄作这些事。
29ယေရှုက၊ ငါသည်တစုံတခုကိုမေးဦးမည်။ သင်တို့ဖြေကြလော့။ ဖြေလျှင်ဤအမှုများကို အဘယ်အခွင့် နှင့် ငါပြုသည်ကို ငါပြောမည်။
30约翰的洗礼是从天上来的,还是从人来的呢?你们回答我吧。”
30ယောဟန်၏ ဗတ္တိဇံတရားသည် ဘုရားကဖြစ်သလော။ လူကဖြစ်သလော။ ဤအမေးကို ဖြေကြလော့ ဟု မိန့်တော်မူ၏။
31他们就彼此议论:“如果我们说‘是从天上来的’,他就会说‘那你们为什么不信他呢?’
31ထိုသူတို့သည် အချင်းချင်းဆင်ခြင်ကြ၍၊ ဘုရားကဖြစ်သည်ဟု ငါတို့ဖြေလျှင်၊ သင်တို့သည်ယောဟန် ကို အဘယ်ကြောင့်မယုံသနည်းဟု သူမေးလေဦးမည်။
32如果我们说‘是从人来的’......”他们害怕群众,因为众人都认为约翰的确是先知。
32လူကဖြစ်သည်ဟု ငါတို့ဖြေလျှင်၊ လူများကိုကြောက်ရ၏။ ယောဟန်သည် ပရောဖက် အမှန်ဖြစ်သည် ကို လူအပေါင်းတို့သည် အယူရှိကြ၏ဟု အချင်းချင်းဆင်ခြင်ပြီးမှ၊
33于是他们回答耶稣:“我们不知道。”耶稣对他们说:“我也不告诉你们我凭什么权柄作这些事。”
33အကျွန်ုပ်တို့မသိပါဟု ယေရှုအားပြန်ပြောကြ၏။ ယေရှုကလည်း၊ ထိုအတူ ဤအမှုများကို အဘယ် အခွင့်နှင့် ငါပြုသည်ကို ငါမပြောဟု မိန့်တော်မူ၏။