1耶稣复活(太28:1-8;路24:1-10;约20:1-10)
1ဥပုသ်နေ့လွန်မှ မာဂဒလမာရိ၊ ယာကုပ်၏အမိဖြစ်သော မာရိနှင့် ရှာလုံတို့သည်သွား၍၊ အလောင်း တော်ကို လိမ်းခြင်းငှါ နံ့သာမျိုးကိုဝယ်ပြီးလျှင်၊
2礼拜日的大清早,出太阳的时候,她们就来到坟墓那里,
2ခုနစ်ရက်တွင် ပဌမနေ့ရက်နံနက်စောစော၊ နေထွက်သောအချိန်၌ သင်္ချိုင်းတော်သို့သွားကြ၏။
3彼此说:“谁可以给我们辊开墓门的石头呢?”
3ထိုမိန်းမတို့က၊ တွင်းဝ၌ ပိတ်သောကျောက်ကို အဘယ်သူလှိမ့်လှန်၍ ပေးမည်နည်းဟု အချင်းချင်း ပြောဆိုပြီးမှ ကြည့်ရှုလျှင်၊ ထိုကျောက်သည် လှိမ့်လှန်လျက်ရှိသည်ကို မြင်ကြ၏။
4原来那块石头非常大,她们抬头一看,却见石头已经辊开了。
4ထိုကျောက်ကားအလွန်ကြီးသောကျောက် ဖြစ်သတည်း။
5她们进了坟墓,看见一位身穿白袍的青年,坐在右边,就非常惊恐。
5မိန်းမတို့သည် တွင်းထဲသို့ဝင်ကြပြီးလျှင်၊ လုလင်တယောက်သည် ဖြူစင်ရှည်လျားသောအင်္ကျီကို ဝတ် လျက်လက်ျာဘက်၌ ထိုင်သည်ကိုမြင်၍ ထိတ်လန့် မိန်းမောခြင်းသို့ ရောက်ကြ၏။
6那青年对她们说:“不要惊慌!你们寻找那钉十字架的拿撒勒人耶稣,他不在这里,已经复活了;请看他们安放他的地方。
6ထိုသူကလည်း၊ ထိတ်လန့်မိန်းမောခြင်းမရှိကြနှင့်။ လက်ဝါးကပ်တိုင်မှာ သတ်သောနာဇရက်မြို့သား ယေရှုကို သင်တို့ရှာကြ၏။ ထိုသူသည် ထမြောက်တော်မူပြီ။ ဤအရပ်၌မရှိ။ အလောင်းတော် ထားရာအရပ် ကိုကြည့်ကြလော့။
7你们去告诉他的门徒和彼得:他要比你们先到加利利去,你们在那里必定看见他,正如他从前告诉你们的。”
7သင်တို့ရှေ့ဂါလိလဲပြည်သို့ ကြွတော်မူကြောင်းကို၊ ပေတရုမှစ၍ တပည့်တော်တို့အား သွား၍ပြောကြ လော့။ အထက်ကမိန့်တော်မူသည်အတိုင်း၊ ထိုပြည်၌ သင်တို့သည် ကိုယ်တော်ကိုတွေ့မြင်ရကြလိမ့်မည်ဟု ပြော ဆို၏။
8因为惊恐战栗,她们一从坟墓出来就逃跑;由于害怕,她们什么也没有告诉人。(有些抄本无第9至20节)
8ထိုမိန်းမတို့သည်လည်း၊ သင်္ချိုင်းတော်မှထွက်၍ တုန်လှုပ်လျက်၊ မိန်းမောတွေဝေလျက် ပြေးကြ၏၊ ကြောက်လန့်သောကြောင့် အဘယ်သူကိုမျှ မပြောမဆိုကြ။
9主向抹大拉的马利亚显现(约20:11-18)礼拜日的清早,耶稣复活了,先向抹大拉的马利亚显现,耶稣曾经从她身上赶出七个鬼。
9ကိုယ်တော်သည် ခုနစ်ရက်တွင် ပဌမနေ့ရက် စောစောအချိန်၌ထမြောက်ပြီးမှ၊ အထက်က နတ်ဆိုး ခုနစ်ယောက်ကို နှင်ထုတ်တော်မူသော မာဂဒလမာရိအား ရှေ့ဦးစွာကိုယ်ကိုပြတော်မူ၏။
10她就去告诉那些向来和耶稣在一起的人,那时他们正在悲哀哭泣。
10မာရိလည်းသွား၍ ကိုယ်တော်နှင့် ပေါင်းဘော်သောသူတို့သည် ညည်းတွားငိုကြွေးလျက် နေကြစဉ် တွင်၊ သူတို့အားထိုသိတင်းကို ကြားပြောလေ၏။
11他们听见耶稣活了,又被马利亚看见了,却不相信。
11ကိုယ်တော်သည် အသက်ရှင်တော်မူသည်ကို၎င်း၊ မာရိသည် ကိုယ်တော်ကိုမြင်ရသည်ကို၎င်း၊ သူတို့ သည်ကြားလျှင် မယုံကြ။
12向两个门徒显现(路24:13-35)这事以后,门徒中有两个人往乡下去,正走路的时候,耶稣用另外的形象,向他们显现,
12ထိုနောက် တပည့်တော်နှစ်ယောက်တို့သည် တောရွာသို့သွားစဉ်တွင် ကိုယ်တော်သည်ခြားနားသော အရောင်ကိုဆောင်လျက် ကိုယ်ကိုပြတော်မူ၏။
13他们就去告诉其他的人,那些人也不相信。
13သူတို့သည်ပြန်လာ၍ အခြားသောတပည့်တော်တို့အား ထိုသိတင်းကို ကြားပြောသော်လည်း မယုံဘဲ နေကြ၏။
14吩咐门徒往普天下传福音(太28:16-20;路24:36-49;约20:19-23;徒1:6-8)后来,十一个门徒吃饭的时候,耶稣向他们显现,责备他们的不信和心硬,因为他们不信那些在他复活以后见过他的人。
14ထိုနောက် တကျိပ်တပါးသောသူတို့သည် စားပွဲ၌ လျောင်းကြစဉ်တွင် ကိုယ်တော်ကိုပြတော်မူ၍၊ ထ မြောက်လျက်ရှိသော ကိုယ်တော်ကိုမြက်သောသူတို့၏ စကားကိုမယုံသောကြောင့် သူတို့မယုံတတ်သောစိတ်၊ ခိုင်မာသောစိတ်ကို ဆုံးမ၍ အပြစ်တင်တော်မူပြီးမှ၊
15他又对他们说:“你们到全世界去,向所有的人传福音。
15သင်တို့သည် လောကီနိုင်ငံအရပ်ရပ် ရှိသမျှသို့သွား၍၊ ဝေနေယျသတ္တဝါအပေါင်းတို့အား ဗဝံဂေလိတ ရာကို ဟောကြလော့။
16信而受洗的必定得救,不信的必被定罪。
16ယုံကြည်၍ ဗတ္တိဇံကိုခံသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတံ့။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရလတံ့။
17信的人必有神迹随着他们,就是奉我的名赶鬼,用新方言说话,
17ယုံကြည်သောသူတို့၌ ဖြစ်အံ့သော နိမိတ်လက္ခဏာဟူမူကား၊ ငါ၏နာမကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်ကြလတံ့။ ထူးခြားသောဘာသာစကားမျိုးတို့ကို ပြောကြလတံ့။
18用手握蛇,喝了什么毒物也不受害,手按病人就必好了。”
18မြွေတို့ကို ဘမ်းကိုင်ကြလတံ့။ သေစေတတ်သော အဆိပ်အတောက်ကို သောက်စားလျှင် ဘေးဥပဒ် နှင့် ကင်းလွတ်ကြလတံ့။ မကျန်းမမာသောသူတို့အပေါ်မှာ လက်ကိုတင်၍ ချမ်းသာပေးကြလတံ့ဟု မိန့်တော်မူ ၏။
19耶稣升天(路24:50-53;徒1:9-11)主耶稣向门徒讲完了话,就被接到天上,坐在 神的右边。
19ထိုသို့သခင်ဘုရားသည် တပည့်တော်တို့အား မိန့်တော်မူပြီးမှ၊ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူ၍၊ ဘုရားသခင်၏ လက်ျာတော်ဘက်၌ ထိုင်နေတော်မူ၏။
20门徒出去,到处传扬福音,主和他们同工,借着相随的神迹,证实所传的道。(有少数抄本有〔较短的结语〕:9“那些妇女把耶稣所吩咐的一切都告诉彼得和他的同伴。10这些事以后,耶稣借着他们亲自把那神圣不朽、永远救恩的信息从东到西传扬出去。阿们。”放在第8节之后;另有少数抄本把它放在第20节之后。)
20တပည့်တော်တို့သည်လည်း ထွက်သွား၍၊ သခင်ဘုရားသည် မစတော်မူသည်နှင့်၎င်း၊ ခပ်သိမ်းသော အရပ်တို့၌ တရားဟောကြ၏။