1人民沿途埋怨,惹怒耶和华
1တဖန်လူများတို့သည် အလိုတော်မရှိသော မြည်တမ်းခြင်းကို ပြုကြသဖြင့်၊ ထာဝရဘုရားတို့သည် သူတို့ စကားကိုကြား၍ အမျက်ထွက်တော်မူ၏။ ရှို့တော်မူသောမီးသည် သူတို့တွင်လောင်၍ တပ်အစွန်အနား၌ ရှိသော သူအချို့တို့ကို သေစေလေ၏။
2人民向摩西呼求,摩西恳求耶和华,火就熄了,
2လူများတို့သည် မောရှေအား အော်ဟစ်၍၊ မောရှေသည် ထာဝရဘုရားကို ဆုတောင်းသဖြင့် မီးငြိမ်း လေ၏။
3就称那地方作他备拉,因为耶和华的火曾在他们中间焚烧。
3ထာဝရဘုရား၏ မီးသည် သူတို့တွင် လောင် သောကြောင့် ထိုအရပ်ကို တဗေရဟုသောအမည်ဖြင့် မှည့်လေ၏။
4他们中间的闲杂人起了贪欲,甚至连以色列人也哭着说:“谁给我们肉吃呢?
4ဣသရေလအမျိုးသားတို့နှင့် ရောနှောလျက် ပါသော တပါးအမျိုးသားတို့သည် တောင့်တသော စိတ်စွဲ လမ်းကြ၏။ ဣသရေလအမျိုးသားတို့သည်လည်း တဖန်ငိုကြွေးလျက် ငါတို့စားစရာဘို့ အမဲသားကို အဘယ်သူပေးလိမ့်မည်နည်း။
5我们记得在埃及的时候,可以不花钱吃鱼,还有黄瓜、西瓜、韭菜、葱和蒜。
5အဲဂုတ္တုပြည်၌ အလိုအလျောက်စားရသော ငါးသား၊ သခွါးသီး၊ ဖရဲသီး၊ ကြက်သွန်၊ အနီ၊ အဖြူ၊ အရိုင်းအမျိုးမျိုးတို့ကို အောက်မေ့၏။
6现在我们的心都枯干了;除了这吗哪以外,在我们眼前,什么都没有。”
6ယခုမှာ ငါတို့အသက်သည် အားလျော့ပြီ။ ဤမန္နမှတပါး တစုံတခုကိုမျှ မမြင်ရဟုဆိုကြ၏။
7这吗哪仿佛芫荽子,又好像珍珠。
7မန္နသည် နံနံစေ့နှင့်တူ၍ ဗဓေလသစ်စေ့ကဲ့သို့ အဆင်းဖြစ်၏။
8人民走来走去,把吗哪拾起来,或用磨磨碎,或用臼捣碎,或用锅煮,或做成饼,它的滋味好像油饼的滋味。
8လူများတို့သည်လှည့်လည်လျက် မန္နကိုစုသိမ်း၍ ဆုံ၌ကြိတ်ခြင်း၊ ထောင်းခြင်းကိုပြုပြီးမှ အိုးနှင့် ပြုတ်ကြ၏။ မုန့်ပြားကိုလည်း လုပ်ကြ၏။ အရသာသည် မုန့်ဆီကြော် အရသာနှင့်တူ၏။
9夜间露水降在营上的时候,吗哪也随着降下来。
9စားခန်းချရာအရပ်၌ ညဉ့်အခါနှင်းနှင့်အတူ မနက်ကျတတ်၏။
10摩西听见人民都在各人的帐棚门口哀哭,耶和华就大发烈怒,摩西也不高兴。
10ထိုအခါလူများအသီးအသီးတို့သည် မိမိတဲတံခါး ဝ၌ မိမိအိမ်ထောင်နှင့်တကွ ငိုကြွေးကြသည်ကို မောရှေကြားရ၏။ ထာဝရဘုရားသည် ပြင်းစွာ အမျက် ထွက်တော်မူ၏။ အပြစ်ရှိသည်ကို မောရှေသိမြင်လျှင်၊
11摩西对耶和华说:“你为什么苦待你的仆人,为什么我没有在你面前蒙恩呢?竟把管理这人民的重担全放在我身上呢?
11ဤလူအပေါင်းတို့ကို ထမ်းစေဟု သူတို့ကို ကိုယ်တော်ကျွန်အပေါ်မှာ တင်၍ အဘယ်ကြောင့် အကျွန်ုပ် ကို ညှဉ်းဆဲတော်မူပါသနည်း။ အဘယ်ကြောင့် ရှေ့တော်၌ မျက်နှာမရဘဲ နေရပါသနည်း။
12这人民岂是我怀的胎,岂是我生的吗?你竟对我说:‘把他们抱在怀里,像养育之父抱吃奶的孩子,直抱到你起誓应许给他们们列祖的地方去。’
12သူတို့ဘိုးဘေးများ၌ ကျိန်ဆိုတော်မူသော ပြည်သို့သွား၍၊ အထိန်းသည် နို့စို့သူငယ်ကိုဆောင်သကဲ့သို့ ဤလူတို့ကို ပိုက်ချီလျက်ဆောင်လော့ဟု အကျွန်ုပ်အား မိန့်တော်မူမည်အကြောင်း၊ ဤလူအပေါင်းတို့ကို အကျွန်ုပ် သည် ကိုယ်ဝန်ဆောင်ပါသလော။ ဘွားမြင်ပါသလော။
13我从哪里得肉给这人民吃呢?因为他们都向我哭着说:‘你给我们肉吃吧!’
13ဤလူအပေါင်းတို့အား ကျွေးစရာဘို့ အမဲသားကို အကျွန်ုပ်သည် အဘယ်မှာရနိုင်ပါအံ့နည်း။ သူတို့က အကျွန်ုပ်တို့ စားစရာဘို့ အမဲသားကိုပေးပါဟု ငိုကြွေးလျက် အကျွန်ုပ်ကိုတောင်းကြပါ၏။
14我不能独自担当管理这人民的责任,因为实在太重了。
14ဤလူအပေါင်းတို့ကို အကျွန်ုပ်တယောက်တည်းသာ မဆောင်ရွက်နိုင်ပါ။ ဆောင်ရွက်ရသော ဝန်လည်း လေးလွန်းပါ၏။
15你既然这样待我,如果我在你面前蒙恩,求你把我杀了,免得我看见自己的苦楚。”
15ထိုသို့အကျွန်ုပ်၌ ပြုတော်မူလျှင်၎င်း၊ စိတ်တွေ့တော်မူလျှင်၎င်း၊ အကျွန်ုပ်ကိုအလျင်အမြန် သေစေတော် မူပါ။ ကိုယ်ဆင်းရဲကို ကိုယ်မသိမမြင်ပါစေနှင့်ဟု ဘုရားအား လျှောက်ဆို၏။
16耶和华叫摩西选立七十长老耶和华对摩西说:“你要从以色列的长老中为我召聚七十个人,就是你认识的民间的长老和官长,领他们到会幕那里,叫他们与你一同站在那里。
16ထာဝရဘုရားကလည်း၊ သင်ကျွမ်းကျင်သော ဣသရေလအမျိုးသား အသက်ကြီးခုနစ်ကျိပ်တို့ကို ငါ့ရှေ့မှာ စုဝေးစေပြီးလျှင်၊ ပရိသတ်စည်းဝေးရာ တဲတော် သို့ ခေါ်ခဲ့၍ သင်နှင့်အတူ ရပ်နေကြစေလော့။
17我要在那里降临,与你说话,也要把在你身上的灵,分给他们,他们就与你一同担当管理人民的责任,免得你独自担当。
17ငါသည်လည်း ထိုအရပ်သို့ ဆင်းသက်၍ သင်နှင့်နှုတ်ဆက်မည်။ သင့်အပေါ်မှာ ကျိန်းဝပ်သော ဝိညာဉ်အချို့ကို ငါယူ၍ သူတို့အပေါ်မှာ တင်မည်။ ဤလူ တို့ကို သင်တယောက်တည်းသာ ဆောင်ရွက်ရမည် မဟုတ်၊ ထိုအသက်ကြီးသူတို့သည် ဝိုင်းညီ၍ ဆောင်ရွက် ရကြမည်။
18你要对人民说:‘你们应当自洁,预备明天可以吃肉,因为你们哭着向耶和华说:“谁给我们肉吃呢?”所以耶和华必给你们肉吃。
18သင်သည်လည်း လူများတို့အားဆင့်ဆိုရမည်မှာ၊ နက်ဖြန်နေ့အဘို့ ကိုယ်ကိုသန့်ရှင်းစင်ကြယ်လော့။ အမဲ သားကိုစားရကြမည်။ သင်တို့က အဘယ်သူသည် ငါတို့ အား အမဲသားကို ပေးလိမ့်မည်နည်း။ အဲဂုတ္တုပြည်၌ နေစဉ်၊ ငါတို့သည် ချမ်းသာစွာနေကြ၏ဟု ငိုကြွေးလျက် ပြောဆိုသံကို ထာဝရဘုရားကြားသောကြောင့်၊ အမဲသား ကို ပေးတော်မူသဖြင့် သင်တို့သည် စားရကြမည်။
19你们不是吃一天两天,不是吃五天十天,也不是吃二十天,
19တရက်၊ နှစ်ရက်၊ ငါးရက်၊ ဆယ်ရက်၊ အရက် နှစ်ဆယ်သာ စားရကြမည်မဟုတ်။
20而是吃一个整月,直到肉从你们的鼻孔里喷出来,成为你们厌恶的东西;因为你们轻视了住在你们中间的耶和华,在他面前哭着说:“我们为什么出埃及呢?”’”
20သင်တို့နှာခေါင်းထဲက အမဲသားထွက်၍ ရွံစရာ ဖြစ်သည်တိုင်အောင် တလပတ်လုံး စားရကြမည်။ အကြောင်းမူကား၊ သင်တို့တွင်ရှိတော်မူသော ထာဝရ ဘုရားကို၊ သင်တို့သည် မထီမဲ့မြင်ပြုလျက်၊ ငါတို့သည် အဲဂုတ္တုပြည်မှ အဘယ်ကြောင့် ထွက်လာရာကြသနည်းဟု ရှေ့တော်၌ ငိုကြွေးလျက် ပြောဆိုကြပြီ တကားဟု မောရှေအား မိန့်တော်မူ၏။
21摩西说:“这与我同住的人,能行的男人就有六十万,你还说:‘我要给他们肉吃,使他们可以吃一个整月。’
21မောရှေကလည်း၊ အကျွန်ုပ်နှင့် ဆိုင်သော လူယောက်ျားအပေါင်း ခြောက်သိန်းရှိကြသည်ဖြစ်၍ ကိုယ်တော်က တလစားစရာဘို့ သူတို့အား အမဲသားကို ငါပေးမည်ဟု မိန့်တော်မူပါသည်တကား၊
22难道把羊群和牛群都给他们宰了,就够他们吃吗?或是把海里所有的鱼都给他们聚了来,就够他们吃吗?”
22သူတို့ကို ဝစွာကျွေးခြင်းငှါ၊ သိုးဆိတ်နွားစုတို့ကို သတ်ရပါမည်လော။ သို့မဟုတ် ဝစွာကျွေးခြင်းငှါ၊ ပင်လယ်ငါးရှိသမျှ တို့ကိုစုဝေးရပါမည်လောဟု လျှောက် လျှင်၊
23耶和华对摩西说:“耶和华的手臂缩短了吗?现在你要看看我的话应验不应验。”
23ထာဝရဘုရားက ထာဝရဘုရား လက်တို သလော။ ငါ့စကား တည်မည် မတည်မည်ကို သင်သိလိမ့် မည်ဟု မောရှေအား မိန့်တော်မူ၏။
24于是摩西出来,把耶和华的话告诉人民,又从民间的长老中召聚了七十个人来,使他们站在会幕的周围。
24မောရှေသည် ထွက်၍ ထာဝရဘုရား၏ စကား တော်ကို လူများတို့အား ဆင့်ဆိုပြီးလျှင် အမျိုးသား၊ အသက်ကြီးသူခုနစ်ကျိပ်တို့ကို စုဝေးစေ၍၊ ပရိသတ် စည်းဝေးရာ တဲတော်ပတ်လည်၌ ထားလေ၏။
25耶和华在云中降临,对摩西说话,把摩西身上的灵,分给那七十个长老;灵停在他们身上的时候,他们就说预言,以后却没有再说。
25ထာဝရဘုရားသည် မိုဃ်းတိမ်ဖြင့် ဆင်းသက်၍ မောရှေနှင့် နှုတ်ဆက်တော်မူ၏။ မောရှေအပေါ်မှာ ကျိန်းဝပ်သော ဝိညာဉ်အချို့ကို ယူ၍ အသက်ကြီးသူ ခုနစ်ကျိပ်တို့အပေါ်မှာ တင်တော်မူသဖြင့်၊ထိုဝိညာဉ်သည် သူတို့အပေါ်မှာ ကျိန်းဝပ်သောအခါ၊ သူတို့သည် ပရောဖက်ပြု၍ မပြတ်မစဲဟောကြ၏။
26那时还有两个人留在营里;一个名叫伊利达,一个名叫米达;灵也停在他们身上。他们原是在被录取的人中,却没有到会幕那里去;他们就在营里说预言。
26ထိုလူစု၌ ပါသောသူ ဧလဒဒ်နှင့် မေဒဒ်တို့သည် စာရင်းဝင်သော်လည်း၊ တဲတော်သို့မသွားဘဲ တပ်ထဲမှာ နေရစ်စဉ်တွင် သူတို့အပေါ်မှာ ထိုဝိညာဉ်ကျိန်းဝပ်သဖြင့် သူတို့သည်လည်း ပရောဖက်ပြု၍ တပ်ထဲမှာ ဟောကြ၏။
27有个少年人跑来,告诉摩西:“伊利达和米达在营中说预言。”
27လုလင်တယောက်သည်လည်း မောရှေထံသို့ ပြေး၍၊ ဧလဒဒ်နှင့် မေဒဒ်တို့သည် တပ်ထဲမှာ ပရောဖက် ပြု၍ဟောပါ၏ဟု လျှောက်လျှင်၊
28摩西的侍从,嫩的儿子约书亚,就是摩西所拣选的,回答说:“我主,摩西,请你制止他们。”
28မောရှေ၏ လက်ထောက်ဖြစ်သော လုလင်နုန် သား ယောရှုက၊ သခင်မောရှေ၊ သူတို့ကို ဆီးတားတော်မူ ပါဟုဆိုသော်၊
29摩西对他说:“你为我的缘故嫉妒吗?但愿耶和华的人民都是先知,但愿耶和华把他的灵降在他们身上。”
29မောရှေက၊ သင်သည် ငါ့အတွက် ငြူစူသော စိတ်ရှိသလော။ ထာဝရဘုရား၏ လူအပေါင်းတို့သည် ပရောဖက်ဖြစ်ကြပါစေသော။ ထာဝရဘုရားသည် ဝိညာဉ်တော်ကို သူတို့အပေါ်မှာ တင်တော်မူပါစေသောဟု ဆိုပြီးမှ၊
30于是摩西和以色列的长老,都回营去了。
30ဣသရေလ အမျိုးသားအသက်ကြီးသူတို့နှင့် အတူ တပ်ထဲသို့ ပြန်သွားလေ၏။
31有风从耶和华那里吹起,把鹌鹑由海面刮来,散落在营地;鹌鹑在营的四周,这边约有一天的路程,那边约有一天的路程,离地面约有一公尺。
31ထိုအခါ ထာဝရဘုရားသည် လေကိုစေလွှတ်၍၊ ငုံးများကို ပင်လယ်မှ ဆောင်ခဲ့သဖြင့်၊ တပ်ပတ်လည် တရက်ခရီးစီတိုင်တိုင်ကွာသော အရပ်တို့၌၊ မြေပေါ်မှာ ဒုနှစ်တောင်ခန့်မျှ ဆင်းစေတော်မူ၏။
32耶和华降下鹌鹑人民起来,那一天终日终夜,并次日一整天,都在捕捉鹌鹑,最少的也捕捉了约二千公升;他们都摆在营地的四周。
32လူများတို့သည် တနေ့လုံး၊ တညဉ့်လုံး၊ နက်ဖြန် လည်း တနေ့လုံးထ၍ ငုံးများကို စုသိမ်းကြ၏။ နည်းနည်း သိမ်းသော သူသည် ဆယ်ဟောမဲကို သိမ်းရ၏။ တပ်ပတ် လည်အရပ်ရပ်၌ ဖြန့်ထားကြ၏။
33肉在他们牙齿之间,还没有嚼烂,耶和华的怒气就向人民发作,用极重的灾祸击打他们。
33သို့ရာတွင် ငုံးသားကို ကိုက်၍ မဝါးမှီ၊ ထာဝရ ဘုရားသည် သူတို့ကို အမျက်တော်ထွက်၍ အလွန်ပြင်း သော ဘေးနှင့်ဒဏ်ခတ်တော်မူ၏။
34于是那地方名叫基博罗.哈他瓦,因为他们在那里埋葬起了贪欲的人。
34တောင့်တသောသူတို့ကို သင်္ဂြိုဟ်ရာထိုအရပ်ကို ကိဗြုတ်သတ္တဝါဟူသော အမည်ဖြင့် မှည့်လေ၏။
35人民从基博罗.哈他瓦起行,到哈洗录去,就住在哈洗录。
35လူများတို့သည် ကိဗြုဟ်ဟတ္တဝါအရပ်မှ ထွက် ပြီးလျှင်၊ ဟာဇရုတ်အရပ်သို့ ရောက်၍နေကြ၏။