1所作所谋交托 神就必成立
1စိတ်နှလုံးအကြံအစည်တို့သည် လူနှင့်ဆိုင်ကြ၏။ လျှာနှင့်ပြန်ပြောချက်ကိုကား၊ ထာဝရဘုရားပိုင်တော် မူ၏။
2人看自己一切所行的,都是清洁的;耶和华却衡量人心。
2လူသည် မိမိကျင့်သမျှသော အကျင့်တို့ကို နှစ်သက်တတ်၏။ ထာဝရဘုရားမူကား၊ စိတ်သဘော တို့ကို ချိန်တော်မူ၏။
3当把你所作的交托耶和华,你的计划就必成功。
3ကိုယ်ပြုသောအမှုတို့ကို ထာဝရဘုရား၌ အပ် လော့။ သို့ပြုလျှင် သင်၏အကြံအစည်တို့သည် တည်ကြ လိမ့်မည်။
4耶和华所造的各有目的,连恶人也是为祸患的日子而造的。
4ထာဝရဘုရားသည် ခပ်သိမ်းသောအရာတို့ကို ကိုယ်တော်အဘို့၊ မတရားသောသူတို့ကိုလည်း ဘေးဒဏ် ခံရသော နေ့အဘို့ဖန်ဆင်းတော်မူ၏။
5心里骄傲的人都是耶和华厌恶的;他们必不免受罚。
5မာနကြီးသောသူအပေါင်းတို့ကို ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။ သူတို့သည် အသင်းဖွဲ့သော် လည်း၊ အပြစ်ဒဏ်နှင့် မလွတ်ရကြ။
6因着怜悯和信实,罪孽得到遮盖;因为敬畏耶和华,人可以避开罪恶。
6ကရုဏာတရားနှင့် သစ္စာတရားအားဖြင့် အပြစ်ပြေတတ်၏။ ထာဝရဘုရားကို ကြောက်ရွံ့သော သဘောအားဖြင့် ဒုစရိုက်ကို ရှောင်တတ်၏။
7人所行的,若是蒙耶和华喜悦,耶和华也使他的仇敌与他和好。
7လူကျင့်သောအကျင့်တို့ကို ထာဝရဘုရားသည် နှစ်သက်သောအခါ၊ ထိုသူ၏ရန်သူကိုပင် သူနှင့်သင့်တင့် စေတော်မူ၏။
8收入少而有公义,胜过收入多却毫无正义。
8ဖြောင့်မတ်ခြင်းပါရမီနှင့် ယှဉ်သောဥစ္စာအနည်း ငယ်သည်၊ မတရားသဖြင့်ရသောဥစ္စာ အများထက်သာ၍ ကောင်း၏။
9人心计划自己的道路,他的脚步却由耶和华指引。
9လူသည် မိမိသွားရာလမ်းကို စိတ်ထဲမှာ ကြံစည် ၏။ သို့သော်လည်း သူ၏ခြေရာတို့ကို ထာဝရဘုရား စီရင်တော်မူ၏။
10王的嘴里有 神的判语,审判的时候,他的口必不差错。
10ရှင်ဘုရင်၏ နှုတ်ခမ်းတို့၌ ဗျာဒိတ်တော်ရှိသည် ဖြစ်၍၊ တရားဆုံးဖြတ်ရာအမှု၌ နှုတ်တော်သည် မမှားစေ နှင့်။
11公正的秤和天平都属耶和华,囊中的一切法码都是他所造的。
11မှန်သောအလေးနှင့် မှန်သောချိန်ခွင်သည် ထာဝရဘုရား၏ဥစ္စာဖြစ်၏။ အလေးအိတ်၌ပါသမျှသော အလေးတို့သည် စီရင်တော်မူရာ ဖြစ်ကြ၏။
12作恶是君王所厌恶的,因为王位是靠赖公义建立的。
12ရှင်ဘုရင်ပြုသော ဒုစရိုက်သည် စက်ဆုပ်ရွံရှာ ဘွယ် ဖြစ်၏။ အကြောင်းမူကား၊ ရာဇပလ္လင်သည် ဖြောင့် မတ်ခြင်းအားဖြင့်သာ တည်တတ်၏။
13公义的嘴唇是君王所喜悦的;他喜爱说话正直的人。
13ဖြောင့်မတ်သော နှုတ်ခမ်းတို့သည် ရှင်ဘုရင် နှစ်သက်ရာဖြစ်၏။ မှန်ကန်စွာပြောသောသူကို ရှင်ဘုရင် ချစ်တတ်၏။
14君王的烈怒好像死亡的使者,唯有智慧人能平息君王的怒气。
14ရှင်ဘုရင်၏ အမျက်သည် သေမင်းတမန်ကဲ့သို့ ဖြစ်၏။ သို့သော်လည်း၊ ပညာရှိသောသူသည် အမျက် တော်ကို ဖြေတတ်၏။
15君王脸上欣悦的光采,使人得生命;君王的恩宠好像春日雨云。
15ရှင်ဘုရင် မျက်နှာပွင့်လန်းသောအားဖြင့် အသက်ချမ်းသာရ၏။ ကျေးဇူးတော်သည် နောက်ရွာ သော မိုဃ်းတိမ်ကဲ့သို့ ဖြစ်၏။
16智慧人谨慎言行得智慧胜过得金子,选择哲理,胜过选择银子。
16ရွှေကိုရတတ်ခြင်းထက် ပညာကို ရတတ်ခြင်း သည် အလွန်ကောင်း၏။ ငွေကိုအမြတ်မထား၊ ဥာဏ်နှင့် ပြည့်စုံခြင်းကို အမြတ်ထားစရာအလွန်ကောင်း၏။
17正直人的大道远离罪恶;谨守自己道路的,保全自己的性命。
17ဖြောင့်မတ်သော သူလိုက်သောလမ်းမူကား၊ ဒုစရိုက်ကိုရှောင်ခြင်းတည်း။ ထိုလမ်းမှ မလွှဲဘဲ အမြဲလိုက် သောသူသည် မိမိအသက်ဝိညာဉ်ကို စောင့်တတ်၏။
18在灭亡以先,必有骄傲;在跌倒以前,心中高傲。
18မာနသည်ပျက်စီးခြင်းအရင်၊ ထောင်လွှားသော သဘောသည် ရှုတ်ချခြင်း အရင်၌ နေရာကျတတ်၏။
19存谦卑的心与穷乏人在一起,胜过与骄傲人同分战利品。
19စိတ်နှိမ့်ချသောသူတို့နှင့် ပေါင်းဘော်၍ စိတ် နှိမ့်ချခြင်းသည်၊ မာနကြီးသော သူတို့နှင့် ဆက်ဆံ၍ လုယူ သောဥစ္စာကို ဝေမျှခြင်းထက် သာ၍ကောင်း၏။
20留心听训言的必定得益;倚靠耶和华的是有福的人。
20ပညာနှင့်အမှုစောင့်သောသူသည် အကျိုးကို ရလိမ့်မည်။ ထာဝရဘုရားကို ခိုလှုံသောသူသည်လည်း မင်္ဂလာရှိ၏။
21心中有智慧的必称为聪明人;动听的话能增加说服力。
21လိမ္မာသော စိတ်သဘောရှိသောသူသည် ပညာ သတိရှိသည်ဟု ကျောက်စောရာသို့ရောက်တတ်၏။ ချိုသောစကားကို ပြောတတ်သော နှုတ်သတ္တိသည်လည်း ပညာအတတ်ကိုတိုးပွါးစေတတ်၏။
22明慧人的明慧是他生命的泉源;愚妄人的惩罚就是愚妄。
22ဥာဏ်ပညာကိုရသော သူသည် အသက်စမ်းရေ တွင်းကိုရ၏။ မိုက်သောသူတို့၏ သွန်သင်ခြင်းမူကား၊ မိုက်ခြင်းဖြစ်၏။
23智慧人的心教导自己的口,使自己口中的话增加说服力。
23ပညာရှိသော သူ၏နှလုံးသည် သူ၏နှုတ်ကို သွန် သင်၍၊ သူ၏နှုတ်ခမ်းတို့၌ ပညာအတတ်ကို ထပ်လောင်း တတ်၏။
24恩慈的话好像蜂巢中的蜂蜜,使人心里甘甜,骨头健壮。
24သာယာသောစကားတို့သည် ပျားလပို့ကဲ့သို့ ဖြစ်၍၊ စိတ်ဝိညာဉ်၌ ချိုမြိန်လျက်၊ ကိုယ်အရိုးကို ကျန်းမာ စေလျက်ရှိကြ၏။
25有一条路,人以为是正路,走到尽头却是死亡之路。
25လူထင်သည်အတိုင်း မှန်သောလက္ခဏာရှိသော် လည်း၊ အဆုံး၌ သေခြင်းသို့ ပို့သောလမ်းတမျိုးရှိ၏။
26劳力的人身体的需要促使他劳力;因为他的饥饿催逼着他。
26အလုပ်လုပ်သောသူသည်၊ မိမိပစပ်တောင်း သောကြောင့်၊ မိမိအဘို့ လုပ်တတ်၏။
27无赖之徒挖出邪恶,他口里的话好像灼热的火。
27အဓမ္မလူသည် မကောင်းသော အမှုကိုကြိုးစား ၍ ကြံစည်တတ်၏။ သူ၏နှုတ်ခမ်း၌ လောင်သောမီးကဲ့သို့ ရှိ၏။
28乖谬的人散播纷争,搬弄是非的离间亲密的朋友。
28သဘောကောက်သောသူသည် ရန်မျိုးစေ့ကို ကြဲတတ်၏။ ကုန်းတိုက်သော သူသည်လည်း၊ မိတ်ဆွေ တို့ကို ကွဲပြားစေတတ်၏။
29强暴的人引诱邻舍,领他走邪恶的道路。
29ကြမ်းကြုတ်သော သူသည် အိမ်နီးချင်းကို ချော့မော့၍၊ မကောင်းသောလမ်းထဲသို့ သွေးဆောင် တတ်၏။
30眯着眼睛的,图谋乖谬的事;紧抿着嘴唇的,作成恶事。
30ကောက်သောအကြံကို ကြံစည်ခြင်းငှါ မျက်စိ မှိတ်၍၊ နှုတ်ခမ်းတို့ကို လှုပ်သဖြင့်၊ ဆိုးယုတ်သောအမှုကို ပြီးစီးတတ်၏။
31白发是荣耀的冠冕,在公义的路上,必能得着。
31ဖြူသောဆံပင်သည် ဖြောင့်မတ်ခြင်း တရား လမ်း၌ တည်လျှင်၊ ဘုန်းကြီးသောသရဖူဖြစ်၏။
32不轻易动怒的,胜过勇士;克服己心的,胜过把城攻取的人。
32စိတ်ရှည်သောသူသည် ခွန်အားကြီးသောသူ ထက်၎င်း၊ မိမိစိတ်ကိုချုပ်တည်းသောသူသည် မြို့ကို တိုက်ယူသောသူထက်၎င်းသာ၍ ကောင်း၏။
33签拋在人的怀中,一切决断却在于耶和华。
33စာရေးတံတို့ကို အိတ်ထဲ၌ လောင်းလျက်ရှိရာ တွင်၊ ခွဲဝေစီရင်ခြင်းအမှုကို ထာဝရဘုရားပိုင်တော်မူ၏။