聖經新譯本 (Simplified)

Myanmar

Proverbs

9

1愚蒙人当转向智慧
1ဥာဏ်ပညာသည်အိမ်တိုင်ခုနစ်တိုင်ကိုခုတ်၍၊ မိမိနေရာအိမ်ကို ဆောက်လေပြီ။
2它宰杀牲口,调配美酒,摆设筵席。
2သူ၏အကောင်များကိုသတ်၍၊ စပျစ်ရည်ကို ဘော်ပြီးမှ စားပွဲကို ခင်းလေပြီ။
3它差派几个使女出去,自己又在城里的高处呼喊:
3ကျွန်မတို့ကိုစေလွှတ်၍၊ မြို့တွင် အမြင့်ဆုံးသော အရပ်တို့၌ ကြွေးကြော်လေသည်ကား၊
4“谁是愚蒙人,可以到这里来!”又对无知的人说:
4ဥာဏ်တိမ်သောသူသည် ဤအရပ်သို့ဝင်စေ။ အိုပညာမရှိသောသူ၊
5“你们都来,吃我的饼,喝我调配的酒。
5လာလော့။ ငါ့မုန့်ကိုစားလော့။ ငါဘော်သော စပျစ်ရည်ကို သောက်လော့။
6愚蒙人哪!你们要丢弃愚蒙,就可以存活,并且要走在智慧的道路上。”
6မိုက်သောသူကို ရှောင်၍ အသက်ချမ်း သာရ လော့။ ပညာလမ်းသို့လိုက်လော့ဟုဆိုသတည်း။
7纠正好讥笑人的,必自招耻辱;责备恶人的,必遭受羞辱。
7မထီမဲ့မြင်ပြုသောသူကို ဆုံးမသောသူသည် အရှက်ကွဲခြင်းကို၎င်း၊ လူဆိုးကိုအပြစ်ပြသော သူသည် ကဲ့ရဲ့ခြင်းကို၎င်း ခံရလိမ့်မည်။
8你不要责备好讥笑人的,免得他恨你;要责备智慧人,他必爱你。
8မထီမဲ့မြင်ပြုသော သူကိုမဆုံးမနှင့်။ သင့်ကို မုန်းလိမ့်မည်။ ပညာရှိကိုအပြစ်ပြလော့။ သူသည် သင့်ကို ချစ်လိမ့်မည်။
9教导智慧人,他就越有智慧;指教义人,他就增加学问。
9ပညာရှိသော သူကိုဆုံးမလျှင်၊ သူသည် သာ၍ ပညာရှိလိမ့်မည်။ ဖြောင့်မတ်သောသူကို သွန်သင်လျှင်၊ သူသည် သိပ္ပံအတတ်တိုးပွါးလိမ့်မည်။
10敬畏耶和华是智慧的开端,认识至圣者就是聪明。
10ထာဝရဘုရားကို ကြောက်ရွံ့သော သဘော သည် ပညာ၏မူလအမြစ် ဖြစ်၏။ သန့်ရှင်းတော်မူသော ဘုရားကိုသိကျွမ်းသော သဘောသည် ဥာဏ်ဖြစ်၏။
11因为借着我,你的日子就必增多,你一生的年岁也必加添。
11အကြောင်းမူကား၊ ငါ့ကိုအမှီပြု၍၊ သင်၏ နေ့ရက်ကာလနှင့် အသတ်အပိုင်းအခြား နှစ်ပေါင်း ကာလ တိုးပွါးလိမ့်မည်။
12如果你有智慧,你的智慧必使你得益;如果你讥笑人,你就必独自担当一切后果。
12သင်သည်ပညာရှိလျှင်၊ ကိုယ်တိုင်အကျိုးကို ခံရ လိမ့်မည်။ မထီမဲ့ပြုလျှင် ကိုယ်တိုင်သာအပြစ်ကို ခံရလိမ့် မည်။
13愚昧的妇人喧哗不停,她是愚蒙,一无所知。
13မိုက်သောမိန်းမသည် စကားသံကျယ်၍ ဥာဏ် တိမ်သဖြင့် အလျှင်းမသိတတ်။
14她坐在自己的家门口,坐在城中高处的座位上,
14မိမိအိမ်တံခါးနားတွင် မြို့မြင့်ရာအရပ် အနေအထိုင်ပေါ်မှာ ထိုင်လျက်၊
15向过路的人呼叫,就是向往前直行的人呼叫:
15လမ်း၌တည့်တည့် ခရီးသွားသော သူတို့ကို ခေါ်၍၊
16“谁是愚蒙人,可以到这里来!”又对无知的人说:
16ဥာဏ်တိမ်သော သူသည် ဤအရပ်သို့ဝင်စေ။ အိုပညာမရှိသောသူ၊
17“偷来的水是甜的,在暗中吃的饼是美味的。”
17ခိုးသောရေသည် ချို၏။ တိတ်ဆိတ်စွာစား သောမုန့်လည်း မြိန်သည်ဟု ဆိုတတ်၏။
18人却不知道她那里充满阴魂,她的客人是在阴间的深处。
18ထိုအရပ်၌ သင်္ချိုင်းသားရှိကြောင်း၊ ထိုမိန်းမ၏ ဧည့်သည်တို့သည် မရဏနိုင်ငံအနက်ဆုံး၌နေကြောင်း ကို ထိုယောက်ျားသည်မသိမမှတ်။