聖經新譯本 (Simplified)

Myanmar

Psalms

1

1有福的人有福的人:不从恶人的计谋,不站罪人的道路,不坐好讥笑的人的座位。
1မတရားသောသူတို့၏ တိုက်တွန်းခြင်းသို့ မလိုက်၊
2他喜爱的是耶和华的律法,他昼夜默诵的也是耶和华的律法。
2လူဆိုးတို့၏ လမ်းတွင်မရပ်မနေ၊ မထီမဲ့မြင်ပြုသော သူတို့၏ အစည်းအဝေး၌မထိုင်၊ ထာဝရဘုရား၏ တရားတော်၌ မွေ့လျော်၍၊ တရားတော်ကို နေ့ညဉ့်မပြတ် ဆင်ခြင်အောက်မေ့သောသူသည် မင်္ဂလာရှိ၏။
3他像一棵树,栽在溪水旁,按时结果子,叶子总不枯干;他所作的一切,尽都顺利。
3အကြောင်းမူကား၊ ထိုသူသည် မြစ်နားမှာ စိုက်လျက် မိမိအချိန်တန်မှ အသီးကိုသီး၍၊ အရွက်မညှိုး နွမ်းတတ်သော အပင်နှင့်တူ၏။ ပြုလေသမျှတို့၌ အောင်လိမ့်သတည်း။
4恶人却不是这样,他们好像糠秕,被风吹散。
4မတရားသော သူတို့မူကား ထိုကဲ့သို့မဟုတ်။ လေတိုက်၍ လွင့်သောဖွဲနှင့်တူကြ၏။
5因此,在审判的时候,恶人必站立不住;在义人的团体中,罪人也必这样。
5ထိုကြောင့် တရားဆုံးဖြတ်တော်မူရာကာလ၌၊ မတရားသောသူတို့သည် မတည်မနေရကြ။ ဖြောင့်မတ် သော သူတို့၏အပေါင်းအသင်းထဲသို့ လူဆိုးတို့သည် မဝင်ရကြ။
6因为耶和华看顾义人的道路,恶人的道路却必灭亡。
6အကြောင်းမူကား၊ ဖြောင့်မတ်သောသူတို့၏ လမ်းကို ထာဝရဘုရားကျွမ်းတော်မူ၏။ မတရားသော သူတို့၏ လမ်းသည်ဆုံးရှုံးခြင်းသို့ ရောက်ရလိမ့်သတည်း။