1大卫的诗,交给诗班长,调用“舍尼”。耶和华啊!求你施行拯救,因为虔诚人没有了,在世人中的信实人也不见了。
1အိုထာဝရဘုရား၊ ကယ်တင်တော်မူပါ။ သူတော် ကောင်းမျိုးသည် ပြတ်၍ သစ္စာရှိသောလူမျိုးသည် လူသားတို့တွင် ကွယ်ပျောက်ပါ၏။
2他们彼此说谎,用谄媚的嘴唇说话,口是心非。
2အိမ်နီးချင်းတို့သည် တဦးကိုတဦး မုသာသုံး၍ ချော့မော့သော နှုတ်ခမ်း၊ နှစ်ခွသော စိတ်နှင့်ပြောတတ် ကြပါ၏။
3愿耶和华剪除一切说谄媚话的嘴唇,和说夸大话的舌头。
3ငါတို့သည် ကိုယ်လျှာအားဖြင့် နိုင်မည်။
4他们曾说:“我们必能以舌头取胜;我们的嘴唇是自己的,谁能作我们的主呢?”
4ကိုယ်နှုတ်ခမ်းသည် ကိုယ်အမှုကို စောင့်လိမ့် မည်။ ငါတို့၏သခင်ကား အဘယ်သူနည်းဟု ပြောဆို သော သူတို့၏ ချော့မော့သော နှုတ်ခမ်းနှင့် ဝါကြွားသော လျှာရှိသမျှတို့ကို ထာဝရဘုရားသည် ဖြတ်တော်မူမည်။
5耶和华说:“因为困苦人的冤屈和贫穷人的叹息,我现在要起来,把他们安置在他们渴望的稳妥之中。”
5ဆင်းရဲသောသူသည် ခံရသောညှဉ်းဆဲခြင်း၊ ငတ်မွတ်သောသူ၏ ငိုကြွေးခြင်းကြောင့် ယခုငါထမည်။ ကဲ့ရဲ့ခြင်းကိုခံရသော သူအား ချမ်းသာပေးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
6耶和华的言语是纯净的言语,好像银子在泥炉中炼过,精炼过七次一样。
6ထာဝရဘုရား မိန့်တော်မူချက်တို့သည် သန့်ရှင်း ခြင်းရှိ၍ မြေနှင့် ကင်းစင်စေခြင်းငှါ၊ မိုက်၌ခုနစ်ကြိမ် စစ်သော ငွေကဲ့သို့ဖြစ်ကြ၏။
7耶和华啊!求你保守我们(“我们”有古抄本作“他们”),保护我们(“我们”有古抄本作“他们”)永远脱离这世代的人。
7အိုထာဝရဘုရား၊ ကိုယ်တော်သည် ထိုသူတို့ကို ဤလူမျိုးမှ အစဉ်ကာကွယ်စောင့်မတော်မူမည်။
8恶人到处横行,邪恶在世人中被高举。
8ဆိုးယုတ်သောသူတို့သည် ချီးမြှောက်ခြင်းသို့ ရောက်သည် ကာလ၊ မတရားသောသူတို့သည် အရပ်ရပ် လှည့်လည်ရသော အခွင့်ရှိကြ၏။