1大卫的诗。耶和华是我的牧人,我必不会缺乏。(本节在《马索拉抄本》包括细字标题)
1ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော် မူ၏။ ငါသည် ဆင်းရဲမခံရ။
2他使我躺卧在青草地上,领我到安静的水边。
2စိမ်းလန်းသော ကျက်စားရာအရပ်၌ ငါ့ကို အိပ်စေတော်မူ၏။ သာယာသောမြစ်နားသို့ လမ်းပြ တော်မူ၏။
3他使我的灵魂苏醒;为了自己的名,他引导我走义路。
3ငါ့ဝိညာဉ်ကိုအားဖြည့်၍၊ နာမတော်အဘို့ အလိုငှါ တရားလမ်းထဲ၌ သွေးဆောင်တော်မူ၏။
4我虽然行过死荫的山谷,也不怕遭受伤害,因为你与我同在;你的杖你的竿都安慰我。
4အကယ်၍ သေမင်း၏အရိပ်လွှမ်းမိုးသော ချိုင့် ထဲသို့ ရောက်သွားရသော်လည်း ဘေးအန္တရာယ်ကို မကြောက်ပါ။ အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူ ရှိတော်မူသည်ဖြစ်၍၊ လှံတံတော်နှင့် တောင်ဝေးတော်သည် အကျွန်ုပ်ကို ချမ်းသာစေပါ၏။
5在我敌人面前,你为我摆设筵席;你用油膏了我的头,使我的杯满溢。
5အကျွန်ုပ်၏ ရန်သူတို့ရှေ့မှာ အကျွန်ုပ်အဘို့ စားပွဲကိုခင်းတော်မူ၏။ အကျွန်ုပ်ခေါင်းကိုဆီနှင့် လိမ်း တော်မူ၏။ အကျွန်ုပ်ခွက်ဖလားသည် လျှံလျက်ရှိပါ၏။
6我一生的日子,必有恩惠慈爱紧随着我;我也要住在耶和华的殿中,直到永远。
6အကယ်စင်စစ်အကျွန်ုပ်သည် ကျေးဇူးနှင့် ကရုဏာကို တသက်လုံးခံစားရ၍၊ ထာဝရဘုရား၏ အိမ်တော်မှာ အစဉ်အမြဲနေရပါလိမ့်မည်။