1大卫的诗,是在逃避他儿子押沙龙时作的。(除特别注明外,诗篇开首细字的标题在《马索拉抄本》都属于第1节,原文的第2节即是译文的第1节,依次类推。)耶和华啊!我的仇敌竟然这么多。起来攻击我的竟然那么多。
1အိုထာဝရဘုရား၊ အကျွန်ုပ်၏ရန်သူတို့သည်၊ အလွန်တိုးပွါး၍၊ အကျွန်ုပ်တဘက်၌ ထသောသူတို့သည် များကြပါ၏။
2有很多人议论我说:“他从 神那里得不到救助。”(细拉)
2သူသည်ဘုရားသခင်ကို အမှီပြု၍ချမ်းသာမရဟု အကျွန်ုပ်ကို ရည်ဆောင်၍ ပြောသောသူ အများ ရှိကြပါ၏။
3耶和华啊!你却是我周围的盾牌,是我的荣耀,是使我抬起头来的。
3သို့သော်လည်း၊ အိုထာဝရဘုရား၊ ကိုယ်တော် သည် အကျွန်ုပ်၏အကွယ်အကာဖြစ်တော်မူ၏။ အကျွန်ုပ် ၏ ဘုန်းလည်းဖြစ်တော်မူ၏။ အကျွန်ုပ်၏ဦးခေါင်းကို ချီကြွသော သူလည်းဖြစ်တော်မူ၏။
4我发声向耶和华呼求的时候,他就从他的圣山上回答我。(细拉)
4ငါသည် ထာဝရဘုရားထံသို့ အသံကိုလွှင့်၍ အော်ဟစ်သောအခါ၊ သန့်ရှင်းသော တောင်တော်ပေါ်မှာ နားထောင်တော်မူ၏။
5我躺下,我睡觉,我醒来,都因耶和华在扶持着我。
5ထာဝရဘုရားသည် ငါ့ကိုမစတော်မူသော ကြောင့်၊ ငါသည် အိပ်၍ ပျော်ခြင်းအခွင့်နှင့် နိုးခြင်း အခွင့်ရှိ၏။
6虽有千万人包围攻击我,我也不怕。
6ငါ့ကိုရန်ဘက်ပြု၍ ဝန်းရံသော သူအထောင် အသောင်းကို ငါမကြောက်ဘဲနေမည်။
7耶和华啊!求你起来;我的 神啊!求你拯救我,你击打了我所有仇敌的脸颊,打碎了恶人的牙齿。
7အိုထာဝရဘုရားထတော်မူပါ။ အကျွန်ုပ်၏ ဘုရားသခင်၊ အကျွန်ုပ်ကို ကယ်မတော်မူပါ။ ကိုယ်တော် သည် အကျွန်ုပ်၏ ရန်သူတို့၏ ပါးရိုးကိုရိုက်၍၊ မတရား သောသူတို့၏ သွားကိုချိုးတော်မူ၏။
8救恩属于耶和华,愿你赐福给你的子民。(细拉)
8ထာဝရဘုရား၏ ကျေးဇူးတော်ကြောင့် ချမ်း သာရပါ၏။ ပေးတော်မူသော ကောင်းကြီးမင်္ဂလာသည် ကိုယ်တော်၏ လူစုအပေါ်သို့ သက်ရောက်ပါစေသော။ ဒါဝိဒ်သည်သားတော်အဗရှလုံရှေ့မှ ပြေးသောအခါ စပ်ဆိုသောဆာလံ။