聖經新譯本 (Simplified)

Myanmar

Psalms

53

1大卫的训诲诗,交给诗班长,调用“麻拉”。愚顽人心里说:“没有 神。”他们都是败坏,行了可憎的不义;没有一个行善的。
1ဘုရားသခင်မရှိဟု မိုက်သောသူသည် ထင်တတ် ၏။ ထိုသို့သော သူတို့သည် ဆေးမြေ့ယိုယွင်း၍ စက်ဆုပ် ဘွယ်သော ဒုစရိုက်ကို ပြုတတ်ကြ၏။ ကောင်းသောအမှု ကို ပြုသော သူတယောက်မျှမရှိ။
2 神从天上察看世人,要看看有明慧的没有,有寻求 神的没有,
2နားလည်သောသူ၊ ဘုရားသခင်ကိုရှာသောသူ တစုံတယောက်ရှိသည် မရှိသည်ကို သိမြင်ခြင်းငှါ ဘုရား သခင်သည် ကောင်းကင်ပေါ်က လူသားတို့ကို ငုံ့၍ ကြည့်ရှုတော်မူ၍၊
3他们各人都偏离了正道,一同变成污秽;没有行善的,连一个也没有。
3လူအပေါင်းတို့သည် ဆုတ်သွားကြပြီ။ တညီ တညွတ်တည်း ဆွေးမြေ့ယိုယွင်းခြင်းရှိကြ၏။ ကောင်း သောအကျင့်ကို ကျင့်သောသူမရှိ။ တတောက်မျှမရှိ။
4作恶的都是无知的吗?他们吞吃我的子民好像吃饭一样,并不求告 神。
4မုန့်ကိုစားသကဲ့သို့ ငါ၏လူတို့ကို ကိုက်စား၍၊ ဘုရားသခင်ကို ပဌနာမပြုသော အဓမ္မလူတို့သည် မသိဘဲနေရကြသလော့။
5他们在无可惊惧的时候,必大大震惊;因为 神把那些扎营攻击你的人的骨头击散了;他们蒙羞受辱,因为 神弃绝了他们。
5သို့ဖြစ်၍ ကြောက်လန့်စရာမရှိသော်လည်း၊ အလွန်ကြောက်လန့်ကြလိမ့်မည်။ အကြောင်းမူကား၊ သင့်ကိုဝန်ရံ၍ တပ်ချသောသူ၏ အရိုးတို့ကို ဘုရားသခင် သည် ဖရိုဖရဲကွဲပြားစေတော်မူမည်။ သူတို့ကို ဘုရား သခင် ရှုတ်ချတော်မူသောကြောင့်၊ သင်သည် သူတို့ကို အရှက်ခွဲရလိမ့်မည်။
6但愿以色列的救恩从锡安而出; 神给他子民带来复兴的时候(“ 神给他子民带来复兴的时候”或译:“ 神把他被掳的子民带回来的时候”),雅各要快乐,以色列要欢喜。
6ဣသရေလအမျိုးကို ကယ်တင်ခြင်း ကျေးဇူး တော်သည် ဇိအုန်းတောင်ပေါ်မှာ ပေါ်ထွန်းပါစေသော။ သိမ်းသွားခြင်းကို ခံရသောလူမျိုးတော်ကို တဖန် ဘုရား သခင်သည် ဆောင်ခဲ့တော်မူသောအခါ၊ ယာကုပ်သည် ဝမ်းမြောက်ခြင်း၊ ဣသရေလသည်လည်း ရွှင်လန်းခြင်း ရှိလိမ့်မည်။