聖經新譯本 (Simplified)

Myanmar

Psalms

57

1大卫的金诗,交给诗班长,调用“休要毁坏”,是大卫躲在山洞里逃避扫罗时作的。 神啊,求你恩待我!求你恩待我!因为我投靠你;我要投靠在你翅膀的荫下,直到灾害过去。
1အိုဘုရားသခင်၊ အကျွန်ုပ်ကို သနားတော်မူပါ။ သနားတော်မူပါ။ ဘေးမလွန်မှီတိုင်အောင် အကျွန်ုပ်၏ ဝိညာဉ်သည် ကိုယ်တော်ကို ခိုလှုံပါ၏။ အတောင်တော် အရိပ်၌ ခိုလှုံပါ၏။
2我要向至高的 神呼求,就是向为我成就他旨意的 神呼求。
2ငါသည်အမြင့်ဆုံးသော ဘုရားသခင်၊ ငါ့အမှုကို ပြီးစီးစေတော်မူသော ဘုရားသခင်ကို အော်ဟစ်မည်။
3 神从天上施恩拯救我,斥责那践踏我的人;(细拉) 神必向我发出他的慈爱和信实。
3ကောင်းကင်ကလက်တော်ကို ဆန့်တော်မူမည်။ ငါ့ကို ကိုက်စားအံ့သောသူကို အရှက်ခွဲသဖြင့်၊ ငါ့ကို ကယ်တင်တော်မူမည်။ ကရုဏာတော်နှင့်သစ္စာတော်ကို ဘုရားသခင် စေလွှတ်တော်မူမည်။
4我躺卧在狮子中间,就是在那些想吞灭人的世人中间;他们的牙齿是枪和箭,他们的舌头是快刀。
4ငါ့ဝိညာဉ်သည် ခြင်္သေ့စုထဲမှာ နေရ၏။ ဒေါသ မီးလောင်လျက်ရှိသော လူသားတို့တွင် ငါအိပ်ရ၏။ သူတို့ သွားတို့သည် လှံနှင့်မြှားဖြစ်ကြ၏။ သတို့လျှာသည်လည်း ထက်သောသန်လျှက် ဖြစ်၏။
5 神啊!愿你被尊崇,过于诸天;愿你的荣耀遍及全地。
5အိုဘုရားသခင်၊ ကောင်းကင်မြင့်သည်ထက် ကိုယ်တော်ကြီးမြင့်တော်မူစေသတည်း။ မြေကြီးတပြင်လုံး ကို ဘုန်းတော်လွှမ်းမိုးပါစေသတည်း။
6他们为我的脚设下了网罗,使我低头屈服;他们在我面前挖了坑,自己反掉进坑中。(细拉)
6သူတို့သည် ငါသွားရာလမ်း၌ ကျော့ကွင်းကို ပြင်ဆင်ကြပြီ။ ငါ့ဝိညာဉ်သည် နှိမ့်ချလျက်ရှိ၏။ ငါ့ရှေ့၌ တွင်းကို တူးကြပြီးမှ ကိုယ်တူးသော တွင်းထဲသို့ ကိုယ်ကျ ကြပြီ။
7 神啊!我的心坚定,我的心坚定;我要歌唱,我要颂赞。
7အိုဘုရားသခင်၊ အကျွန်ုပ်နှလုံးသည် တည် ကြည်ပါ၏။ အကျွန်ုပ်နှလုံးသည် တည်ကြပါ၏။ သီချင်း ဆိုပါမည်။ ချီးမွမ်းထောမနာပြုပါမည်။
8我的灵(“灵”或译:“荣耀”或“肝”;与16:9,30:12,108:1同)啊!你要醒过来。琴和瑟啊!你们都要醒过来。我也要唤醒黎明。
8အိုငါ့ဝိညာဉ်၊ နိုးလော့။ တယောနှင့်စောင့်တို့ နိုးကြလော့။ ငါလည်း စောစောနိုးမည်။
9主啊!我要在万民中称谢你,在万族中歌颂你。
9အိုထာဝရဘုရား၊ ပရိသတ်အလယ်၌ ကိုယ် တော်ကို ချီးမွမ်းပါမည်။ လူမျိုးတို့တွင် ကိုယ်တော်အား ထောမနာသီးချင်းဆိုပါမည်။
10因为你的慈爱伟大,高及诸天,你的信实上达云霄。
10အကြောင်းမူကား၊ ကရုဏာတော်သည် ကောင်း ကင်သို့၎င်း၊ သစ္စာတော်သည် မိုဃ်းတိမ်သို့၎င်း မှီပါ၏။
11 神啊!愿你被尊崇,过于诸天;愿你的荣耀遍及全地。
11အိုဘုရားသခင်၊ ကောင်းကင်မြင့်သည်ထက် ကိုယ်တော်ကြီးမြင့်တော်မူစေသတည်း။ မြေကြီးတပြင်လုံး ကို ဘုန်းတော်လွှမ်းမိုးပါစေသတည်း။ ဒါဝိဒ်သည်ဥမင်၌ ရှောလုထံမှထွက်ပြေးသောအခါ စပ်ဆိုသောဆာလ။