1大卫的金诗,交给诗班长,调用“见证的百合花”,为教导用的,是在大卫与两河之间的亚兰,和琐巴的亚兰争战以后,并在约押归回,在盐谷中击杀了一万二千以东人以后作的。(本篇细字标题在《马索拉抄本》为60:1-2) 神啊!你丢弃了我们,击碎了我们;你曾向我们发怒,现在求你复兴我们。
1အိုဘုရားသခင်၊ ကိုယ်တော်သည် အမျက်ထွက်သဖြင့်၊ အကျွန်ုပ်တို့ကို စွန့်ပစ်၍ အရပ်ရပ်သို့ ကွဲပြားစေတော်မူပြီ။ တဖန် အကျွန်ုပ်တို့ကို အသက်ရှင်စေတော်မူပါ။
2你使地震动、崩裂,求你修补裂缝,因为地正在摇动。
2မြေကြီးကို လှုပ်၍ ခွဲတော်မူပြီ။ ကွဲအက်ရာတို့ကို တဖန် စေ့စပ်စေတော်မူပါ။ တုန်လှုပ်လျက် ရှိပါသေး၏။
3你使你的子民遇见艰苦;你使我们喝那令人东倒西歪的酒。
3ကိုယ်တော်၏လူတို့ကို ခက်ထန်စွာ စီရင်၍၊ မှိုင်တွေခြင်း စပျစ်ရည်ကို တိုက်တော်မူပြီ။
4你为敬畏你的人,竖起旗帜,使他们可以逃到那里,躲避敌人的弓箭(“使他们可以逃到那里,躲避敌人的弓箭”或译:“可以为真理扬起来”)。(细拉)
4ကိုယ်တော်ကို ကြောက်ရွံ့သောသူတို့သည် သစ္စာတရားကြောင့် ထူရသော အလံကို ပေးသနားတော် မူပြီ။
5求你用右手拯救我们,应允我们,好使你所喜爱的人得拯救。
5ချစ်တော်မူသော သူတို့သည် ချမ်းသာရမည်အကြောင်း၊ အကျွန်ုပ်စကားကို နားထောင်၍၊ လက်ျာလက်ရုံးတော်အားဖြင့် ကယ်တင်တော်မူပါ။
6 神在自己的圣所(“ 神在自己的圣所”或译:“ 神指着自己的圣洁”)说:“我必夸胜,我必分开示剑,我必量度疏割谷。
6သန့်ရှင်းခြင်းပါရမီတော်ကို တိုင်တည်၍ ဘုရားသခင်သည် ဗျာဒိတ်ထားတော်မူသောကြောင့်၊ ငါသည် ဝမ်းမြောက်မည်။ ရှေခင်မြို့ကို ပိုင်းခြားမည်။ သုကုတ်လယ်ပြင်ကို တိုင်းထွာမည်။
7基列是我的,玛拿西是我的;以法莲是我的头盔;犹大是我的权杖。
7ဂိလဒ်ပြည်ကို ငါပိုင်ရ၏။ မနာရှေပြည်ကိုလည်း ငါပိုင်ရ၏။ ဧဖရိမ်ပြည်ကား၊ ငါ့ဦးခေါင်း၏အစွမ်း ဖြစ်ရ၏။ ယုဒပြည်ကား၊ ငါ၏ လွှတ်တော်ဖြစ်ရ၏။
8摩押是我的洗脚盆;我要向以东拋鞋;我要因战胜非利士欢呼(本句按照《马索拉抄本》应作“非利士啊,你要因我的缘故欢呼”;现参照叙利亚抄本翻译)。”
8မောဘပြည်ကား၊ ငါ့ရေချိုးအိုးဖြစ်ရ၏။ ဧဒုံပြည်ကား၊ ငါ့ခြေနင်းရာ ဖြစ်ရ၏။ ဖိလိတ္တိပြည်အပေါ်မှာ အောင်သံနှင့် ကြွေးကြော်မည်။
9谁能带我进坚固城?谁能领我到以东地去呢?
9အားကြီးသော မြို့ထဲသို့ ငါ့ကို အဘယ်သူသွင်းပေးမည်နည်း။ ဧဒုံပြည်သို့ ငါကို အဘယ်သူ လမ်းပြမည်နည်း။
10 神啊!你不是把我们丢弃了吗? 神啊!你不和我们的军队一同出战吗?
10အို ဘုရားသခင်၊ အကျွန်ုပ်တို့ကို စွန့်ပစ်တော်မူသော ကိုယ်တော်သည် ပြုတော်မူမည်မဟုတ်လော။ အိုဘုရားသခင်၊ အကျွန်ုပ်တို့ ဗိုလ်ခြေနှင့်အတူ ကြွတော်မမူသော ကိုယ်တော်သည် ပြုတော်မူမည် မဟုတ်လော။
11求你帮助我们抵挡敌人,因为人的援助是没有用的。
11ဒုက္ခနှင့် ကင်းလွတ်စေခြင်းငှါ မစတော်မူပါ။ လူတို့သည် ကယ်တင်ခြင်းငှါ မတတ်နိုင်ကြပါ။
12我们靠着 神奋勇作战,因为他必践踏我们的敌人。
12ဘုရားသခင်အားဖြင့် ငါတို့သည် ရဲရင့်စွာ ပြုကြမည်။ ငါတို့၏ ရန်သူများကို ကိုယ်တော်တိုင် နင်းတော်မူမည်။ ဒါဝိဒ်သည် မေသောပေါတာမိရှုရိလူတို့နှင့် ဇေဘရှုရိရှင်လူတို့ကိုစစ်တိုက်ပြီးမှ၊ ယွာဘသည် ပြန်၍ဧဒုံလူတသောင်း နှစ်ထောင် တို့ကိုဆားချိုင့်၌လုပ်ကြံသောအခါ စပ်ဆိုသောဆာလံ။