聖經新譯本 (Simplified)

Myanmar

Psalms

67

1诗歌一首,交给诗班长,用丝弦的乐器伴奏。愿 神恩待我们,赐福给我们,愿他用脸光照我们,(细拉)
1ဘုရားသခင်သည် အကျွန်ုပ်တို့ကို သနားခြင်း ကရုဏာစိတ်တော်ရှိသဖြင့်၊ ကောင်းကြီးပေး၍ မျက်နှာတော်၏အလင်းကို လွှတ်တော်မူပါစေသော။
2好使全地得知你的道路,万国得知你的救恩。
2ထိုသို့သောအားဖြင့် မြေကြီးသားတို့သည် အမှုတော်တို့ကို သိ၍၊ ခပ်သိမ်းသော လူမျိုးတို့သည် ကယ်တင်တော်မူခြင်း ကျေးဇူးကို ခံရကြပါစေသော။
3 神啊!愿众民都称谢你,愿万民都称谢你。
3အို ဘုရားသခင်၊ လူများတို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါစေသော။ လူများအပေါင်းတို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါစေသော။
4愿万族都快乐欢呼,因为你按正直统管众民,并引导地上的万族。(细拉)
4လူအမျိုးမျိုးတို့သည် ဝမ်းမြောက်၍ ရွှင်လန်းစွာ သီချင်းဆိုကြပါစေသော။ အကြောင်းမူကား၊ ကိုယ်တော်သည် လူတို့ကို ဖြောင့်မတ်စွာ တရားစီရင်၍၊ မြေကြီးပေါ်မှာ ရှိသော လူမျိုးတို့ကို ချမ်းသာပေးတော်မူမည်။
5 神啊!愿众民都称谢你,愿万民都称谢你。
5အို ဘုရားသခင်၊ လူများတို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါစေသော။ လူများအပေါင်းတို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါစေသော။
6地生出土产; 神,就是我们的 神,要赐福给我们。
6မြေသည် မိမိဘဏ္ဍာကို ပေး၍၊ ဘုရားသခင်တည်းဟူသော ငါတို့၏ဘုရားသခင်သည် ငါတို့ကို ကောင်းကြီးပေးတော်မူ၏။
7 神要赐福给我们,全地都要敬畏他。
7ဘုရားသခင်သည် ငါတို့ကို ကောင်းကြီးပေးတော်မူဦးမည်။ မြေကြီးစွန်းအပေါင်းတို့သည်လည်း၊ ဘုရားသခင်ကို ကြောက်ရွံ့ကြလိမ့်မည်။