1大卫的诗,交给诗班长,用“迦特”的乐器。耶和华我们的主啊!你的名在全地是多么威严,你把你的荣美彰显在天上。
1အိုအကျွန်ုပ်တို့၏ ဘုရားရှင်ထာဝရဘုရား၊ နာမ တော်သည် မြေကြီးတပြင်လုံး၌ အလွန်ကြီးမြတ်တော်မူ ၏။ ဘုန်းအာနုဘော်တော်သည် မိုဃ်းကောင်းကင်ပေါ်မှာ တည်လျက်ရှိပါ၏။
2因你仇敌的缘故,你从小孩和婴儿的口中,得着了赞美(“得着了赞美”或译:“建立了能力”),使仇敌和报仇的无话可说。
2ကိုယ်တော်၏ရန်သူတို့ကို ရည်ဆောင်၍ ရန်သူ ကို၎င်း၊ အငြိုးထားသောသူကို၎င်း၊ တိတ်ဆိတ်စွာနေစေ ခြင်းငှါ၊ နို့စို့သူငယ်တို့၏နှုတ်ထဲမှ အစွမ်းသတ္တိကို စီရင် တော်မူ၏။
3我观看你手所造的天,和你所安放的月亮和星星。
3လက်ညှိုးတော်အလုပ်တည်းဟူသော ကိုယ်တော် ၏ မိုဃ်းကောင်းကင်ကို၎င်း၊ ပြင်ဆင်တော်မူသောလနှင့် ကြယ်များကို၎င်း၊ အကျွန်ုပ်ဆင်ခြင်သော်၊
4啊!人算什么,你竟记念他?世人算什么,你竟眷顾他?
4လူသည် အဘယ်သို့သော သူဖြစ်၍၊ ကိုယ်တော် သည် အောက်မေ့တော်မူရသနည်း။ လူသားသည် အဘယ်သို့သော သူဖြစ်၍ အကြည့်အရှု ကြွလာတော်မူရ သနည်း။ သူ့ကို ကောင်းကင်တမန်တို့အောက်၌ အနည်း ငယ်နှိမ့်တော်မူပြီ။
5你使他比天使(“天使”或译:“ 神”)低微一点,却赐给他荣耀尊贵作冠冕。
5သူ၏ခေါင်းကို ဘုန်းအသရေနှင့် ပတ်ရစ်တော် မူပြီ။
6你叫他管理你手所造的,把万物都放在他的脚下,
6ဖန်ဆင်းတော်မူသော အရာများကိုအုပ်စိုးစေ၍၊ သိုးနွားအစရှိသော မြေတိရစ္ဆာန်မိုဃ်းကောင်းကင်ငှက်၊
7就是所有的牛羊、田间的走兽、
7ပင်လယ်ငါးနှင့်ပင်လယ်လမ်း၌ သွားတတ်သောတိရစ္ဆာန် မှစ၍၊
8空中的飞鸟、海里的鱼,和海里游行的水族。
8ခပ်သိမ်းသောအရာတို့ကို သူ၏ခြေအောက်၌ ချထားတော်မူပြီ။
9耶和华我们的主啊!你的名在全地是多么威严。
9အိုအကျွန်ုပ်တို့၏ ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်၏နာမသည် မြေကြီးတပြင်လုံး၌ အလွန်ကြီး မြတ်တော်မူသတည်း။