1诗一首。你们要向耶和华唱新歌,因为他行了奇妙的事;他的右手和他的圣臂,为他施行拯救。
1ထာဝရဘုရားအား အသစ်သောသီချင်းကို ဆိုကြလော့။ အံ့ဘွယ်သော အမှုတို့ကို ပြုတော်မူပြီ။ လက်ျာလက်တောနှင့် သန့်ရှင်းသော လက်ရုံ့းတော်သည် ကိုယ်တော်အဘို့ ကယ်တင်ခြင်း၊ အမှုကို ပြုလေပြီ။
2耶和华显明了他的救恩,在列国眼前显示了他的公义。
2ထာဝရဘုရားသည် ကယ်တင်တော်မူခြင်း ကျေးဇူးကို ထင်ရှားစေ၍၊ ဖြောင့်မတ်တော်မူခြင်း တရား ကိုလည်း တပါးအမျိုးသားတို့အား ဘော်ပြတော်မူပြီ။
3他记念他向以色列家所应许的慈爱和信实,地的四极都看见我们 神的救恩。
3ဣသရေလအမျိုးသားတို့၌ ကရုဏာတော်နှင့် သစ္စာတော်ကို အောက်မေ့တော်မူပြီ။ ငါတို့ဘုရားသခင် ၏ ကယ်တင်တော်မူခြင်းကျေးဇူးကို မြေကြီးစွန်းအပေါင်း တို့သည် မြင်ရကြပြီ။
4全地都要向耶和华欢呼,要发声欢唱,要歌颂。
4မြေကြီးသားအပေါင်းတို့၊ ထာဝရဘုရားအား ကြွေးကြော်ကြလော့။ အသံဗလံကို ပြု၍ ရွှင်လန်းစွာ သီချင်းဆိုလျက် ချီးမွမ်းကြလော့။
5要弹琴歌颂耶和华,要用琴和歌声歌颂他;
5စောင်းတီး၍ထာဝရဘုရားအားသီချင်းဆိုကြလော့။ စောင်းတီး၍ တုရိယာ သံကို ပြုကြလော့။
6要用号筒和号角的声音,在大君王耶和华面前欢呼。
6တံပိုးနှဲခရာကိုမှုတ်၍၊ ရှင်ဘုရင်တည်းဟူသော ထာဝရဘုရားရှေ့တော်၌ ကြွေးကြော်ကြလော့။
7愿海和海中充满的,都翻腾响闹,愿世界和住在世上的也都发声;
7ထာဝရဘုရားရှေ့တော်၌၊ ပင်လယ်နှင့်ပင်လယ် တန်ဆာသည် အသံဗလံကို ပြုစေ။ လောကဓာတ်နှင့် လောကသားတို့သည် ထိုနည်းတူ၊
8愿江河拍手,愿群山一起欢呼;
8မြစ်တို့သည် လက်ခုပ်တီး၍၊ တောင်ရှိသမျှ တို့သည်လည်း ရွှင်လန်းကြစေ။
9它们都要在耶和华面前欢呼,因为他来是要审判全地,他要按着公义审判世界,凭着公正审判万民。
9အကြောင်းမူကား၊ မြေကြီးသားတို့ကို တရား စီရင်ခြင်းငှါ ကြွလာတော်မူ၏။ လောကာသားတို့ကို ဖြောင့်မတ်စွာ စီရင်၍၊ လူများကို ဟုတ်မှန်ခြင်းတရား အတိုင်း စီရင်ဆုံးဖြတ်တော်မူလတံ့။