聖經新譯本 (Simplified)

Myanmar

Zechariah

10

1向耶和华求恩──甘霖
1နောက်မိုဃ်းရွာရာကာလတွင် မိုဃ်းရွာစေမည် အကြောင်း၊ ထာဝရဘုရားထံတော်၌ ဆုတောင်းကြလော့။ ထာဝရဘုရားသည် လျှပ်စစ်ကိုပြင်ဆင်၍ များစွာ မိုဃ်း ရွာစေသဖြင့်၊ ခပ်သိမ်းသောလူတို့အဘို့ လယ်ပြင်၌ အပင် ပေါက်စေတော်မူမည်။
2因为偶像所说的是空言,占卜者所见的是虚谎,他们所说的是假梦,只给人空洞的安慰。因此,众人都如羊没有牧人,流离困苦。
2တေရပ်ရုပ်တုတို့သည် အနတ္တစကားကို ပြောကြ၏။ ပရောဖက်လုပ်သော သူတို့သည် မုသာ ရူပါရုံကိုမြင်၍၊ မမှန်သော အိပ်မက်ကို ဟောပြောကြ၏။ အချည်းနှီးနှစ်သိမ့်စေကြ၏။ ထိုကြောင့်၊ သိုးစုကဲ့သို့ လည် သွား၍ သိုးထိန်းမရှိသောကြောင့် ဆင်းရဲခံရကြ၏။
3“我的怒气要向这些牧人发作,我要惩罚那些公山羊。(因为万军之耶和华眷顾他的羊群犹大家,使他们像战场上雄赳赳的战马。)
3သိုးထိန်းတို့ကို ငါအမျက်ထွက်၍၊ ဆိတ်ထီးတို့ကို စစ်ကြောသဖြင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားသည် မိမိသိုးစုယုဒအမျိုးကို အကြည့်အရှုကြွလာ ၍၊ ဘုန်းတော်ကို ဆောင်သော စစ်တိုက်မြင်းကဲ့သို့ ဖြစ်စေ တော်မူမည်။
4房角石、帐棚桩、作战的弓和所有的统治者,都从犹大而出。
4ထိုအမျိုးထဲက တိုက်ထောင့်အမြစ်ကျောက်၊ တံစို့၊ စစ်တိုက်လေး၊ မင်းဖြစ်သော လူအပေါင်းတို့သည် ထွက်ကြလိမ့်မည်။
5他们必像勇士,在战场上把仇敌践踏在街上的泥土中,他们必争战,因为耶和华与他们同在,他们必使敌方的骑士羞愧。
5သူတို့သည် စစ်တိုက်ရာတွင် လမ်း၌ရှိသော ရွှံ့ ကိုနင်းသော စစ်သူရဲကဲ့သို့ ဖြစ်ကြလိမ့်မည်။ ထာဝရ ဘုရား၏ ကျေးဇူးတော်ကို ခံရသောကြောင့်၊ စစ်တိုက်၍ မြင်းစီးသူရဲတို့ကို အရှက်ခွဲကြလိမ့်မည်။
6主必拯救他的子民我要使犹大家强盛起来,我必拯救约瑟家。我要使他们归回,因为我怜悯他们;他们好像未遭我弃绝一样,因为我是耶和华他们的 神,我必应允他们。
6ယုဒအမျိုးကိုလည်း ငါခိုင်ခံ့စေမည်။ ယောသပ် အမျိုးကိုလည်း ငါကယ်တင်မည်။ သူတို့ကို သနားစုံမက် သောကြောင့် နေရာချမည်။ သူတို့သည် နှင်ထုတ်ခြင်းကို မခံဘူးသကဲ့သို့ ဖြစ်ကြလိမ့်မည်။ ငါသည် သူတို့၏ဘုရား သခင်ထာဝရဘုရားဖြစ်၍ သူတို့စကားကို နားထောင် မည်။
7以法莲人必像勇士,他们心中快乐,好像饮了酒一样;他们的子孙看见了,也必快乐;他们的心必因耶和华欢乐。
7ဧဖရိမ်အမျိုးသားတို့သည် သူရဲကဲ့သို့ ဖြစ်၍၊ စပျစ်ရည်နှင့်ဝသကဲ့သို့ ဝမ်းမြောက်ကြလိမ့်မည်။ သား မြေးတို့သည် မြင်လျက် ဝမ်းမြောက်၍၊ ထာဝရဘုရားကို အမှီပြုလျက် ရွှင်လန်းကြလိမ့်မည်။
8我要向他们吹哨子,招聚他们,因为我救赎了他们。他们的人数要增多,像从前一样。
8သူတို့ကို ငါနှိုးဆော်၍ စုဝေးစေမည်။ သူတို့သည် ငါ၏ရွေးနှုတ်ခြင်းကို ခံရသောအားဖြင့်၊ အရင်များပြား သကဲ့သို့ တဖန် များပြားကြလိမ့်မည်။
9虽然我把他们散播在万民中,他们仍要在远方记念我;他们与他们的子孙都要存活,并且归回。
9သူတို့ကို တပါးအမျိုးသားတို့တွင် မျိုးစေ့ကဲ့သို့ ငါကြဲသဖြင့်၊ ဝေးသောပြည်၌ ငါ့ကိုအောက်မေ့၍၊ သား မြေးတို့နှင့်တကွ အသက်ရှင်လျက် ပြန်လာကြလိမ့်မည်။
10我要使他们从埃及地归回,从亚述地招聚他们,带他们到基列地和黎巴嫩山,却仍不够容纳他们。
10သူတို့ကို အဲဂုတ္တုပြည်မှ တဖန် ငါဆောင်ခဲ့ဦး မည်။ အာရှုရိပြည်မှ ခေါ်၍ စုဝေးစေမည်။ ဂိလဒ်ပြည် နှင့် လေဗနုန်ပြည်သို့ တဖန် ငါဆောင်ခဲ့သဖြင့်၊ သူတို့ နေစရာဘို့ မြေမလောက်နိုင်။
11他必经过苦难的海,击打海中的波浪,尼罗河的深处也都要干涸;亚述的骄傲必降为卑;埃及的权势要过去。
11ပင်လယ်အလယ်၌ ရှောက်သွား၍ ညှဉ်းဆဲ လျက်၊ ပင်လယ်တံပိုးများကို ဒဏ်ခတ်တော်မူမည်။ မြစ်၌ နက်နဲသောအရပ်ရှိသမျှတို့လည်း ခန်းခြောက်ကြလိမ့် မည်။ အာရှုရိပြည်၏မာနကို နှိမ့်ချ၍၊ အဲဂုတ္တုမင်း၏ အာဏာသည်လည်း ကွယ်ပျောက်လိမ့်မည်။
12我必使我的子民因耶和华而强盛,他们要奉耶和华的名行事为人。”这是耶和华的宣告。
12သူတို့ကို ထာဝရဘုရားအားဖြင့် ငါခိုင်ခံ့စေမည်။ နာမတော်ကို အမှီပြုလျက် လှည့်လည်၍ သွားကြလိမ့်မည် ဟု ထာဝရဘုရား မိန့်တော်မူ၏။