1准绳的异象
1တဖန် ငါမျှော်ကြည့်၍၊ တိုင်းစရာကြိုးကို ကိုင် သော လူတဦးကို မြင်လျှင်၊
2我问他:“你到哪里去?”他对我说:“我要去量度耶路撒冷,看看有多宽,有多长。”
2အဘယ်အရပ်သို့ သွားမည်နည်းဟု ထိုသူအား မေးသော်၊ ယေရုရှလင်မြို့ အလျားအနံကို သိလို၍ မြို့ကို တိုင်းခြင်းငှါ သွားသည်ဟု ပြန်ပြော၏။
3那与我说话的天使离去的时候,另有一位天使迎着他来,
3ငါနှင့်ပြောဆိုသော ကောင်းကင်တမန်သည် ထွက်သွားသော်၊ အခြားသော ကောင်းကင်တမန်သည် ကြိုဆိုလျက်၊
4对他说:“你快跑去告诉那年轻人:‘耶路撒冷必有人居住,像没有城墙规限的田野,因为城中的人和牲畜很多。
4သင်သည် ပြေး၍ ထိုလုလင်ကို ဆင့်ဆိုရမည်မှာ၊ ယေရုရှလင်မြို့သား လူသတ္တဝါတိရစ္ဆာန်တို့သည် အလွန် များသောကြောင့် ရွာတို့၌ နေရကြလိမ့်မည်။
5耶和华说:我要作耶路撒冷四围的火墙和城中的荣耀。’”
5ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် မြို့ကို ကာသောမီးမြို့ရိုးဖြစ်မည်။ မြို့အလယ်၌လည်း ငါသည် မြို့၏ဘုန်းအသရေဖြစ်မည်။
6呼召人民回归故土“嗨!嗨!你们要从北方之地逃走(这是耶和华的宣告),因为我过去曾把你们分散在天的四方。”这是耶和华的宣告。
6အချင်းတို့၊ အချင်းတို့၊ မြောက်မျက်နှာအရပ်မှ ပြေးလာကြလော့ဟု၊ ထာဝရဘုရား မိန့်တော်မူ၏။ မိုဃ်း ကောင်းကင်အောက်လေးမျက်နှာတို့၌ သင်တို့ကို ငါနှံ့ပြား စေပြီဟု၊ ထာဝရဘုရားမိန့်တော်မူ၏။
7耶和华说:“嗨!与巴比伦的居民同住的锡安的人民哪!逃跑吧!”
7ဗာဗုလုန်မြို့သမီးထံမှာနေသော အချင်းဇိအုန် သတို့သမီး၊ အလွတ်ပြေးလော့။
8万军之耶和华这样说,得了荣耀之后,他差遣我去攻击那些劫掠你们的列国,因为凡触摸你们的,就是触摸他眼中的瞳人。
8ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင်တို့ကို ဖျက်ဆီးသောလူမျိုးတို့ ရှိရာ သို့ ဘုန်းထင်ရှားပြီးမှ ငါ့ကို စေလွှတ်တော်မူ၏။ သင်တို့ ကို ထိသောသူသည် မျက်ဆန်တော်ကို ထိသောသူဖြစ်၏။
9看哪!我要向他们挥动我的手,他们就必成了自己奴仆的掠物。这样,你们就知道万军之耶和华差遣了我。
9သူတို့ကို ငါတိုက်၍ သူတို့၏ ကျွန်များသည် လုယူဖျက်ဆီးကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ငါ့ကို စေလွှတ်တော်မူသည်ကို သင်တို့ သိရကြလိမ့်မည်။
10“锡安的居民(“居民”原文作“女子”)哪!你们要欢呼快乐,因为我要来住在你们中间。”这是耶和华的宣告。
10အို ဇိအုန်သတို့သမီး၊ သီချင်းဆို၍ ရွှင်လန်း လော့။ ငါလာ၍ သင့်အလယ်၌နေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
11到那日,许多国家要归附耶和华,作他的(“他的”原文作“我的”)子民,他要(“他要”原文作“我要”)住在你们中间。你们就知道万军之耶和华差遣了我到你们那里去。
11ထိုကာလ၌ လူမျိုးအများတို့သည် ထာဝရဘုရား ဘက်သို့ ဝင်စား၍ ငါ၏လူဖြစ်ကြလိမ့်မည်။ သင့်အလယ် ၌ ငါနေမည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား သည် ငါ့ကို သင့်ဆီသို့ စေလွှတ်တော်မူသည်ကို သင်သိရ လိမ့်မည်။
12耶和华必再得着犹大作他在圣地的业分,他必再拣选耶路撒冷。
12ထာဝရဘုရားသည် သန့်ရှင်းသော ပြည်၌ မိမိ အဘို့ ယုဒပြည်ကို အမွေခံ၍ တဖန် ယေရုရှလင်မြို့ကို ရွေးချယ်တော်မူလိမ့်မည်။
13全人类都当在耶和华面前肃静,因为他从自己圣洁的居所被激动起来了。
13အိုလူသတ္တဝါအပေါင်းတို့၊ ထာဝရဘုရား ရှေ့ တော်၌ ငြိမ်ဝပ်စွာနေကြလော့။ သန့်ရှင်းသော ကျိန်းဝပ် ရာဌာနတော်၌ ထတော်မူပြီ။