1四辆马车的异象
1တဖန် ငါမျှော်ကြည့်၍၊ ကြေးဝါဖြင့် ပြီးသော တောင်နှစ်လုံးကြားမှ ရထားလေးစီးထွက်လာ၏။
2第一辆战车套着红马,第二辆套着黑马,
2ပဌမရထား၌ မြင်းနီ၊ ဒုတိယရထား၌ မြင်းနက်၊
3第三辆套着白马,第四辆套着有斑点的马;这些马都很雄壮。
3တတိယရထား၌မြင်းဖြူ၊ စတုတ္ထရထား၌ ခွန် အားကြီးသော မြင်းကျားတို့သည် ကလျက်ရှိကြ၏။
4于是我问那与我说话的天使:“我主啊,这些是什么意思?”
4အကျွန်ုပ်သခင်၊ ထိုရထားတို့ကား အဘယ်သို့ နည်းဟု ငါနှင့်ပြောဆိုသော ကောင်းကင်တမန်အား ငါမေးသော်၊
5天使回答我:“这些是天的四风(“风”或译:“灵”),是从侍立在全地之主面前出来的。”
5ကောင်းကင်တမန်က၊ ထိုရထားတို့သည်၊ မြေကြီးတပြင်လုံးကို အစိုးပိုင်တော်မူသော အရှင်၏ရှေ့ တော်၌ ရပ်နေရာမှ ထွက်သွားသော မိုဃ်းကောင်းကင် လေ လေးပါးဖြစ်၏။
6套着黑马的车出来,往北方之地去;套着白马的车出来,跟在它们后面(“跟在它们后面”或译:“往西方去”);套着有斑点的马的车出来,往南方之地去。
6ကသော မြင်းနက်တို့သည် မြောက်ပြည်သို့ သွား ကြ၏။ မြင်းဖြူတို့သည် မြင်းနက်နောက်သို့ လိုက်ကြ၏။ မြင်းကျားတို့သည် တောင်ပြည်သို့ သွားကြ၏ဟု ဆို၏။
7这些雄壮的马出来,切望在全地走遍各处;天使说:“你们去吧,只管在全地走遍各处。”它们就在全地走遍各处。
7ခွန်အားကြီးသော မြင်းတို့သည် ထွက်၍၊ မြေ ကြီးပေါ်မှာ တောင်မြောက်သို့ လှည့်လည်ခြင်းငှါ အား ထုတ်ကြ၏။ ကောင်းကင်တမန်ကလည်း၊ သွား၍ မြေကြီး ပေါ်မှာ တောင်မြောက်သို့ လှည်လည်ကြလော့ ဟုဆိုသည် အတိုင်း၊ သူတို့သည် မြေကြီးပေါ်မှာ တောင်မြောက်သို့ လှည့်လည်ကြ၏။
8他又呼唤我,对我说:“你看,那些出来往北方之地去的,已经在北方之地使我心灵的忿怒平息下来。”
8ကောင်းကင်တမန်သည်လည်း ငါ့ကို ခေါ်၍၊ ကြည့်လော့။ မြောက်ပြည်သို့ သွားသော မြင်းတို့သည် ငါ့အမျက်ကို မြောက်ပြည်၌ တည်စေကြပြီဟု ဆို၏။
9把金冠冕戴在约书亚头上耶和华的话临到我,说:
9တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာသည်ကား၊
10“你要从黑玳、多比雅和耶大雅手中收取被掳的人奉献的金银;他们已经从巴比伦回来了。你要即日去,进入西番雅的儿子约西亚的家里。
10အရင်သိမ်းသွားခြင်းကို ခံရ၍ ယခု ဗာဗုလုန် မြို့မှ ပြန်လာသော ဟေလဒဲအမျိုး၊ တောဘိယအမျိုး၊ ယေဒါယအမျိုးအချို့တို့ကို ခေါ်၍၊ တနေ့ခြင်းတွင် ဇေဖနိ၏သားယောရှိအိမ်သို့ သွားပြီးသော်၊
11你要拿这金银来做冠冕,戴在约撒答的儿子大祭司约书亚的头上,
11ရွှေငွေတို့ကို ယူ၍ သရဖူကို လုပ်ပြီးလျှင် ယောဇ ဒက်သား ယဇ်ပုရောဟိတ်မင်းယောရှု၏ ခေါင်းပေါ်မှာ တင်လော့။
12告诉他说:‘万军之耶和华这样说:看哪!有一个人名叫大卫的苗裔,他必从自己的地方生长起来,并要建造耶和华的殿。
12ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ အမိန့်တော်ကို ထိုသူအား ဆင့်ဆိုရမည်မှာ၊ အညွန့်အမည် ရှိသော သူကို ကြည့်ရှုလော့။ မိမိဒေသအရပ်၌ ပေါက်၍ ထာဝရဘုရား၏ဗိမာန်တော်ကို တည်ဆောက်လိမ့်မည်။
13他必建造耶和华的殿,必得尊荣;他必坐在宝座上执掌王权,又必在他的宝座上作祭司,使两者之间和谐共济。’”
13ထာဝရဘုရား၏ဗိမာန်တော်ကို တည်ဆောက် ပြီးလျှင်၊ ဘုန်းကြီး၍ မိမိရာဇပလ္လင်ပေါ်မှာ ထိုင်လျက် စိုးစံလိမ့်မည်။ ရာဇပလ္လင် တော် ပေါ်မှာ ယဇ်ပုရောဟိတ်လည်း ဖြစ်၍၊ ထိုနှစ်ပါးတို့သည် မိဿဟာယ ပဋိညာဉ်ကို ဖွဲ့ကြ လိမ့်မည်။
14这冠冕要在耶和华的殿中给希连(“希连”有古译本作“黑玳”)、多比雅、耶大雅和西番雅的儿子贤(“贤”有古译本作“约西亚”)作记念。
14ထိုသရဖူသည်ဟေလင်၊ တောဘိယ၊ ယေဒါယ၊ ဇေဖနိ၏သား ဟင်တို့အဘို့၊ ထာဝရဘုရား၏ ဗိမာန် တော်၌ သက်သေဖြစ်ရမည်။
15远方的人也要来建造耶和华的殿,你们就知道万军之耶和华差遣了我到你们这里来。你们若留心听从耶和华你们 神的话,这事必定成就。
15ဝေးသော သူတို့သည်လည်းလာ၍ ထာဝရဘုရား၏ ဗိမာန်တော်၌ တည်ဆာက်ကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရားသည် ငါ့ကို သင်တို့ရှိရာသို့ စေလွှတ် တော်မူသည်ကို သင်တို့ သိရကြလိမ့်မည်။ သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏အမိန့်တော်ကို စေ့စေ့နားထောင်လျှင်၊ ဤသို့ ဖြစ်ရလိမ့်မည်ဟု မိန့်တော် မူ၏။