1复兴以色列的应许
1တဖန် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
2“万军之耶和华这样说:‘我十分热爱锡安;我为锡安大发烈怒。’
2ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့် တော်မူသည်ကား၊ ငါသည် ဇိအုန်တောင်အဘို့ အလွန် စိတ်အားကြီးပြီ။ အလွန်အမျက်ထွက်၍ သူ့အဘို့ စိတ် အားကြီးပြီ။
3耶和华这样说:‘我要返回锡安,住在耶路撒冷里面;耶路撒冷必称为“信实之城”,万军之耶和华的山必称为“圣山”。’
3ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့် တော်မူသည်ကား၊ ဇိအုန်တောင်သို့ ငါပြန်လာပြီ။ ယေရု ရှလင်မြို့ထဲမှာ နေမည်။ ယေရုရှလင်မြို့ကို သမ္မာမြို့ဟူ၍ ၎င်း၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ တောင် တော်ကို သန့်ရှင်းသောတောင်ဟူ၍၎င်း သမုတ်ကြလိမ့် မည်။
4“万军之耶和华这样说:‘年老的男女必再坐在耶路撒冷的街上;他们因为年纪老迈,各人都手拿拐杖。
4ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ အိုသော ယောက်ျားမိန်းမ၊ အသက်ကြီး ၍ တောင်ဝေးကိုင်သောသူအပေါင်းတို့သည် ယေရုရှလင် မြို့လမ်းတို့၌ နေကြလေဦးမည်။
5城里的街上必满了男孩女孩,在街上嬉戏。’
5မြို့လမ်းတို့သည်လည်း ကစားသော သူငယ် ယောက်ျားမိန်းမတို့နှင့် အပြည့်ရှိကြလိမ့်မည်။
6“万军之耶和华这样说:‘在那些日子,这事在这余剩的子民眼中被视为不可能的奇迹,在我眼中也视为不可能吗?’这是万军之耶和华的宣告。
6တဖန် မိန့်တော်မူသည်ကား၊ ထိုအမှုသည် ယခု ကာလတွင် ကျန်ကြွင်းသော ဤလူတို့ မျက်မှောက်၌ အံ့ဩဘွယ်ဖြစ်သော်လည်း၊ ငါ့မျက်မှောက်၌ အံ့ဩဘွယ် ဖြစ်ရာသလောဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရ ဘုရားမိန့်တော်မူ၏။
7“万军之耶和华这样说:‘看哪!我必从日出之地和日落之地拯救我的子民。
7ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ၏လူတို့ကို အရှေ့ပြည်မှ၎င်း၊ အနောက်ပြည်မှ၎င်း ငါကယ်တင်၍၊
8我要把他们领回来,让他们住在耶路撒冷;他们要作我的子民,我也要凭着信实和公义作他们的 神。’
8ဆောင်ခဲ့သဖြင့် သူတို့သည် ယေရုရှလင်မြို့ထဲ မှာ နေရကြလိမ့်မည်။ သစ္စာတရားနှင့် ဖြောင့်မတ်ခြင်း တရားအားဖြင့်၊ သူတို့သည် ငါ၏လူဖြစ်၍ ငါသည်လည်း သူတို့၏ဘုရားသခင်ဖြစ်လိမ့်မည်။
9“万军之耶和华这样说:‘在万军之耶和华的殿奠立了根基,预备建造的日子,你们这些在当时听过众先知亲口宣告这些话的人,现在你们的手务要刚强。
9ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဗိမာန်တော်ကို တည်ဆောက်ခြင်းငှါ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ အိမ်တော် တိုက်မြစ်ကို ချသောကာလ၌ရှိသော ပရောဖက်တို့ ဟော ပြောသော ဤစကားကို ယခုကာလ၌ကြားသော သူတို့၊ သင်တို့လက်ကို အားကြီးစေကြလော့။
10因为在那些日子以前,人作工是没有工价的,牲畜也是这样,并且因有敌人的缘故,人出入就没有平安,我也使众人互相攻击。
10ထိုကာလအထက်၌ လူခံရသော အကျိုးမရှိ။ တိရစ္ဆာန်ခံရသောအကျိုးမရှိ။ ထွက်ဝင်သော သူတို့သည် ရန်သူရှိသောကြောင့် ချမ်းသာမရကြ။ ငါသည် လူ အပေါင်းတို့ကို တယောက်နှင့်တယောက် ရန်ဘက်ဖြစ်စေ ၏။
11但现在我待这些余剩的子民必不像从前的日子那样(这是万军之耶和华的宣告)。
11ယခုမူကား၊ ကျန်ကြွင်းသော ဤလူတို့၌ ငါသည် အရင်ကဲ့သို့မပြုဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရား မိန့်တော်မူ၏။
12因为五谷必生长繁茂,葡萄树必结果子,地土必出土产,天也必降下甘露,我要使这些余剩的子民承受这一切。
12မျိုးစေ့ကို ငြိမ်ဝပ်စွာ ကြဲရလိမ့်မည်။ စပျစ်ပင် သည် အသီးကို၎င်း၊ မြေသည် မိမိစီးပွားကို၎င်း၊ မိုဃ်းကောင်းကင် သည် နှင်းရည်ကို၎င်း၊ ပေးရ လိမ့်မည်။ ကျန်ကြွင်းသော ဤလူတို့သည် ဤအရာအလုံး စုံတို့ကို ရတတ်စေခြင်းငှါ ငါပြုမည်။
13犹大家和以色列家啊!你们从前在万国中成为可咒诅的,将来,我要拯救你们,使你们成为赐福的器皿。你们不要惧怕,你们的手务要刚强。’
13အိုယုဒအမျိုးနှင့် ဣသရေလအမျိုးတို့၊ သင်တို့ သည် တပါးအမျိုးတို့တွင် ကျိန်ဆဲရာဖြစ်ဘူးသကဲ့သို့၊ ကောင်းကြီးခံရာဖြစ်စေခြင်းငှါ ငါကယ်တင်မည်။ မစိုးရိမ် ဘဲ လက်အားကြီးကြလော့။
14“万军之耶和华这样说:‘你们的列祖惹我发怒的时候,我曾定意降祸在你们身上,并没有改变心意(这是万军之耶和华说的);
14ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင်တို့၏ ဘိုးဘေးတို့သည် ငါ့အမျက် ကို နှိုးဆော်ကြသောအခါ အပြစ်ပြုမည်ဟု ငါသည် နောင်တမရဘဲ ကြံသကဲ့သို့၊
15照样,在这些日子里,我定意恩待耶路撒冷和犹大家。你们不要惧怕。
15တဖန် ယခုကာလ၌ ယေရုရှလင်မြို့နှင့် ယုဒ အမျိုးကို ကျေးဇူးပြုမည်ဟု ငါကြံပြန်၏။ မစိုးရိမ်ကြနှင့်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
16你们应当行这些事:你们各人要与邻舍说真话,在你们的城门口要凭着诚实和公正施行审判。
16သင်တို့ ကျင့်ရမည်အကျင့်ဟူမူကား၊ သင်တို့ရှိ သမျှသည် တယောက်နှင့်တယောက်မှန်သော စကားကို ပြောကြလော့။ မြို့တံခါးဝမှာ ဖြောင့်မတ်စွာ စီရင်၍၊ တရားတွေ့သည်အမှုကို ငြိမ်းစေခြင်းငှါ ဆုံးဖြတ်ကြ လော့။
17你们各人不要心里图谋恶事,彼此陷害,也不可好起假誓,因为这些都是我所恨恶的。’这是耶和华的宣告。”
17တယောက်ကိုတယောက် အဘယ်သူမျှ မကောင်းသောအကြံကို မကြံကြနှင့်။ မမှန်သော ကျိန်ဆို ခြင်းကို မနှစ်သက်ကြနှင့်။ ထိုသို့သော အမှုရှိသမျှတို့ကို ငါမုန်းသည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
18哀哭变成欢乐万军之耶和华的话临到我,说:
18တဖန် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
19“万军之耶和华这样说:‘四月的禁食、五月的禁食、七月的禁食和十月的禁食都要变为犹大家欢喜快乐的日子和欢乐的节期。所以,你们要喜爱诚实与和平。’
19ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့် တော်မူသည်ကား၊ စတုတ္ထလတွင် အစာရှောင်ခြင်း၊ ပဥ္စမ လတွင် အစာရှောင်ခြင်း၊ သတ္တမလတွင် အစာရှောင် ခြင်း၊ ဒသမလတွင် အစာရှောင်ခြင်းတို့သည် ယုဒအမျိုး ဝမ်းမြောက်ရွှင်လန်း၍ ပွဲလုပ်ရာ ကာလဖြစ်ကြလိမ့်မည်။ ဖြောင့်မတ်ခြင်းတရား၊ ငြိမ်ဝပ်ခြင်းတရားကို နှစ်သက် ကြလော့။
20万民寻求主恩“万军之耶和华这样说:‘将来还有万族的人和多个城市的居民要来。
20ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ များစွာသော မြို့သူရွာသား၊ လူအမျိုး မျိုးတို့သည် လာကြလိမ့်မည်။
21一城的居民到另一城去,对他们说:我们快去恳求耶和华施恩,求告万军之耶和华;我们自己也去。
21မြို့တမြို့၌နေသော သူသည် အခြားမြို့တမြို့၌ နေသော သူတို့ဆီသို့ သွား၍၊ ထာဝရဘုရား ရှေ့တော်၌ ဆုတောင်းခြင်းငှါ၎င်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာ ဝရဘုရားကို ရှာခြင်းငှါ၎င်း ဧကန်အမှန် သွားကြကုန်အံ့။ ငါလည်း သွားမည်ဟု ခေါ်ကြလိမ့်မည်။
22必有很多的民族和强大的国家前来,在耶路撒冷求告万军之耶和华,恳求他施恩。’
22ကြီးသော တိုင်းနိုင်ငံသား၊ လူအမျိုးမျိုးတို့သည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားကို ယေရုရှလင် မြို့၌ရှာ၍၊ ထာဝရဘုရားရှေ့တော်၌ ဆုတောင်းခြင်းငှါ လာကြလိမ့်မည်။
23“万军之耶和华这样说:‘在那些日子,必有十个说不同方言,来自列国的人,紧抓住一个犹大人的衣襟,说:让我们与你们同去吧,因为我们听见 神与你们同在。’”
23ထိုကာလ၌ ဘာသာအသီးအသီးကို ပြောတတ် သော လူအမျိုးမျိုးတို့တွင် တကျိပ်သော လူတို့သည်။ ယုဒ လူဖြစ်သော သူ၏အဝတ်စွန်းကို ကိုင်လျက်၊ ဘုရားသခင် သည် သင်နှင့်အတူ ရှိတော်မူသည်ဟု အကျွန်ုပ်တို့သည် ကြားသိ၍၊ သင်တို့နှင့်အတူ လိုက်ပါမည်ဟု ဆိုကြလိမ့် မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့် တော်မူ၏။